(၂)နှစ်တာကာလအတွင်း ဘင်္ဂလားဒေ့ရှ် လယ်ယာထွက်ကုန်များကို ကမ္ဘာ့နိုင်ငံအနှံ့သို့ တင်ပို့ရန် မျှော်မှန်း

  • Wed, 6 December 2023

(၂)နှစ်တာကာလအတွင်း ဘင်္ဂလားဒေ့ရှ် လယ်ယာထွက်ကုန်များကို ကမ္ဘာ့နိုင်ငံအနှံ့သို့ တင်ပို့ရန် မျှော်မှန်း


လယ်ယာထွက်ကုန်များတင်ပို့ရန် လမ်းပြမြေပုံ၏ တစ်စိတ်တစ်ဒေသဖြစ်သည့် အသိအ မှတ်ပြုလက်မှတ်များ ပေးအပ်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာဓာတ်ခွဲခန်းတစ်ခု ဘင်္ဂလားဒေ့ရှ် တွင် တည်ထောင်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဆိုင်ရာ အတွင်းရေးမှူး Wahida Akter က  ပြောကြားခဲ့ပါသည်။

ကမ္ဘာ့အဆင့်မီ ထုပ်ပိုးမှုစနစ်ကို ဖော်ဆောင်လျက်ရှိပြီး ကမ္ဘာ့နိုင်ငံအသီးသီး၏ လိုအပ်ချက် နှင့် ကိုက်ညီသော ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် နိုင်ငံတစ်ဝှမ်းရှိ တောင်သူ ၂ သိန်းခန့်အား သင်တန်းများ ပို့ချပေးလျက်ရှိပါကြောင်းပြောကြားခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ် စိုက်ပျိုးရေးဆိုင်ရာအတွင်းရေးမှူးသည် လာမည့်(၂)နှစ်အတွင်း နိုင်ငံ အားလုံးသို့ စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့နိုင်သည့် စွမ်းရည်ရရှိရန် မျှော်လင့်ပါကြောင်း၊ ဘင်္ဂလား ဒေ့ရှ် မြို့တော်ရှိ စိုက်ပျိုးရေးသုတေသနကောင်စီ (BARC) ၌ ကျင်းပသည့် “လယ်ယာထွက်ကုန် များတင်ပို့ခြင်း - စိန်ခေါ်မှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လမ်းကြောင်း” ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဆိုင်ရာ အတွင်းရေးမှူးမှ ပြောကြားခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်သည့်အတွက် ကမ္ဘာတဝှမ်းမှ ချီးကျူးခံရကြောင်း Wahida က ပြောကြားခဲ့ပါသည်။သို့သော်လည်း လယ်ယာထွက်ကုန် တင်ပို့မှုကို မြှင့်တင်ရန်နှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်လျှောချနိုင်ရန် ပိုမိုကြိုးစားရမည်ဖြစ်ပါသည်။ စိုက်ပျိုးရေး ဝန်ကြီးဌာနကလည်း လယ်ယာထွက်ကုန်တင်ပို့မှုကိုတိုးချဲ့ရန်အတွက် ပို့ကုန်ကောင်တာ တစ်ခုကို ဖွင့်လှစ်ပေးထားပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အကြီးတန်းအတွင်းရေးမှူး Tapan Kanti Ghosh က အာဖရိကနိုင်ငံ အများအပြားသည် ယခုအခါ ဥရောပသို့ လယ်ယာ ထွက်ကုန်များ တင်ပို့လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ် တင်ပို့သူများမှာ ၎င်းကိစ္စနှင့် ပတ်သက်၍ နောက်ကျ ကျန်နေသေးကြောင်း ပြောကြားခဲ့ပါသည်။ အထူးစီးပွားရေးဇုန်များအတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန်လည်း ၎င်းက အကြံပြုခဲ့ပါသည်။

ငါးလုပ်ငန်းနှင့် မွေးမြူရေးဆိုင်ရာ အတွင်းရေးမှူး ဒေါက်တာ Nahid Rashid က ငါးဖမ်း လုပ်ငန်း နှင့် တိရစ္ဆာန်ပရိုတင်းထုတ်လုပ်မှုကိုမြှင့်တင်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကအဆင့်တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်လိုအပ်ပါကြောင်း အလေးပေးပြောကြားခဲ့ပါကြောင်းကို (၂၇-၁၁-၂၀၂၃) ရက်နေ့ထုတ် www.bangladeshpost သတင်းအရ သိရှိရပါသည်။

Source https://www.bangladeshpost.net/posts/bangladesh-to-export-agri-products-to-all-countries-within-2yrs-126077


တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်

စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ