ဆော်ဒီ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနအနေဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးဆောင်ရွက်မည့်အစီအစဉ်များစတင်

  • Thu, 14 December 2023

ဆော်ဒီ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနအနေဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးဆောင်ရွက်မည့်အစီအစဉ်များစတင်


    မဟာဗျူဟာမြောက် သင်တန်းများပြုလုပ်ဆောင်ရွက်ပေးခြင်း နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မက်လုံးများပေးခြင်းတို့ဖြင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် နှင့် ပြည်တွင်းအသားတင် ထုတ်ကုန်ကဏ္ဍအား အထောက်အပံ့ဖြစ်စေရန်အတွက် ဆော်ဒီအာရေးဗီးယားနိုင်ငံ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရေသုံးစွဲမှုဆိုင်ရာစီမံခန့်ခွဲရေး နှင့် စိုက်ပျိုးရေးဝန်ကြီးဌာနမှ စီမံချက် အများအပြားကို အစပျိုးဆောင်ရွက်လျက်ရှိပါသည်။
    အဆိုပါကြိုးပမ်းမှုများကို ဆောင်ရွက်ခြင်းဖြင့် ပြည့်စုံကျယ်ပြန့်သော သင်တန်းအစီအစဉ် များမှတဆင့် စိုက်ပျိုးရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းဒေသအဖြစ်သို့ ပြောင်းလဲစေရန် ရည်ရွယ် ပါသည်။ ငါးဖမ်းခြင်းမှသည် မွေးမြူရေးဆိုင်ရာစီမံခန့်ခွဲမှုအထိ၊ ပျားမွေးမြူရေးမှသည် ပျားရည် ထုတ်လုပ်သည့် လုပ်ငန်းအထိ နယ်ပယ်အသီးသီး၌ အရည်အချင်းပြည့်မီသော ကျွမ်းကျင်ပညာရှင်များ ဖြစ်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါသည်။
    ဆော်ဒီအစိုးရ၏ ထပ်မံကြိုးပမ်းမှုတစ်ရပ်မှာ ဆော်ဒီထုတ်ကုန်များအား စံချိန်မီ အရည် အသွေးမြင့် ထုတ်ကုန်များအဖြစ် တွန်းအားပေး ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေပြုဆိုင်ရာ ဆုံးဖြတ်ချက်များကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ ထိုသို့ တွန်းအားပေး ဆောင်ရွက်ရာတွင် စားသောက်ကုန်အရည်အသွေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ ထုတ် ပေးခြင်း နှင့် စိုက်ပျိုးထုတ်လုပ်မှုလိုင်စင် ရရှိရေးအတွက် လုပ်ထုံးလုပ်နည်းများကို အရှိန်အဟုန် မြှင့်တင်ခြင်းတို့ဖြင့် လုပ်ငန်းအောင်မြင်စေခဲ့ပါသည်။ အဆိုပါပံ့ပိုးကူညီမှုများတွင် ထောက်ပံ့ငွေများ ပံ့ပိုးကူညီပေးခြင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရန်ပုံငွေမှ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးခြင်းတို့ ပါဝင်ကြောင်း ဆော်ဒီသတင်းဌာန၏ သတင်းပေးပို့ချက်အရ သိရှိရပါသည်။
    ထိုကဲ့သို့ ဆောင်ရွက်ပေးခြင်းဖြင့် တောင်သူများနှင့် ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်နှင့် ပြည်ပဈေးကွက်များသို့ တင်ပို့နိုင်စေပြီး ပြည်တွင်း ဈေးကွက်တွင်သာမက ကမ္ဘာ့ဈေးကွက်သို့ပါ အခွင့်အလမ်းများ ချဲ့ထွင်နိုင်စေသည့်အပြင် ထုတ် ကုန်၏ အရည်အသွေးနှင့် ဘေးကင်းလုံခြုံစေရေး စံချိန်စံညွှန်းများကိုပါယုံကြည်စိတ်ချရစေရန် အထောက်အပံ့ဖြစ်စေပါသည်။
    ဤပဏာမခြေလှမ်းများသည် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို ပိုမို မြှင့်တင်
- ၇ -
ပေးပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ အသုံးချစိုက်ပျိုးရေးဆိုင်ရာ သုတေသန ပြုမှုများကို ပိုမိုမြှင့်တင်ရန် နှင့် အစားအစာစားသုံးမှု ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးမူဘောင်များ ပိုမို ခိုင်မာလာစေရန် ရည်ရွယ်ပါသည်။
    ဝန်ကြီးဌာန၏ အကောင်အထည်ဖော်ဆောင်ရွက်မှုများသည် စိုက်ပျိုးရေးကဏ္ဍ၏ GDP ကို သိသိသာသာ တိုးမြင့်လာစေသည့်အတွက် (၂၀၂၂)ခုနှစ်တွင် ဆော်ဒီငွေ (၁၀၀)ဘီလီယံ (အမေရိကန် ဒေါ်လာ ၂၇ ဘီလီယံ)ခန့်အထိ ရောက်ရှိစေခဲ့သည့်အပြင် စုစုပေါင်း စားနပ်ရိက္ခာ ထုတ်လုပ်မှုသည် တန်ချိန် (၁၁)သန်းခန့်အထိ မြင့်တက်လာသည့်အတွက် ဈေးနှုန်းတည်ငြိမ်မှုနှင့် နိုင်ငံတော်အတွက် မရှိမဖြစ်လိုအပ်သော ကုန်စည်များ၏ ဖူလုံမှုနှုန်းကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်းကို (၁၁. ၁၂. ၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်သည့် ABAB News သတင်းအရ သိရှိရပါသည်။

Source    https://www.arabnews.com/node/2421101/business-economy

တင်ပြသူ    ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်    
စစ်ဆေးသူ    ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ