ကနေဒါနိုင်ငံသည် အင်ဒို-ပစိဖိတ်ဒေသတွင် စိုက်ပျိုးရေး နှင့် လယ်ယာစားနပ်ရိက္ခာရုံး ဖွင့်လှစ်

  • Thu, 14 December 2023

ကနေဒါနိုင်ငံသည် အင်ဒို-ပစိဖိတ်ဒေသတွင် စိုက်ပျိုးရေး နှင့် လယ်ယာစားနပ်ရိက္ခာရုံး ဖွင့်လှစ်


    ကနေဒါအစိုးရသည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် အင်ဒို-ပစိဖိတ် စိုက်ပျိုးရေးနှင့် လယ်ယာစားနပ်ရိက္ခာရုံးအသစ်(IPAAO)ကို  ဖွင့်လှစ်ခဲ့သည်။ အဆိုပါရုံးတွင် IPAAO ၏ အမှုဆောင်ဒါရိုက်တာအဖြစ် Diedrah Kelley အား ခန့်အပ်ခဲ့သည်။
    Kelly သည် နိုင်ငံရပ်ခြားတွင် တာဝန်များစွာ ထမ်းဆောင်ခဲ့မှုအပါအဝင် ကနေဒါ ကမ္ဘာလုံးဆိုင်ရာဌာနတွင်ပါ တာဝန်ထမ်းဆောင်ခဲ့မှုကြောင့် နိုင်ငံတကာ အတွေ့အကြုံ အနှစ် (၂၀) နီးပါးရှိသည်။
    IPAAO သည် ကနေဒါနိုင်ငံရှိ စိုက်ပျိုးရေး နှင့် လယ်ယာစားနပ်ရိက္ခာအဖွဲ့(AAFC) နှင့် ကနေဒါအစားအစာစစ်ဆေးရေးအေဂျင်စီ(CFIA)တို့အကြား ပူးတွဲလုပ်ဆောင်မှု တစ်ခုဖြစ်ပြီး ရေရှည်တွင် နှစ်ဖက်ကတိပြုထားသောဆက်ဆံရေး ပိုမိုအားကောင်းလာစေရေး၊ နည်းပညာ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာစေရေး၊ ကနေဒါပို့ကုန်လုပ်ငန်းရှင်များအား   စီးပွားရေး အခွင့်အလမ်းသစ်များ ရှာဖွေရာတွင်  အထောက်အကူဖြစ်စေရန်နှင့် ကနေဒါကို ဒေသတွင်း ဦးစားပေးတင်သွင်းသူအဖြစ် ရပ်တည်နိုင်အောင် ကူညီပေးခြင်းတို့ ပါဝင်ပါသည်။
    မိတ်ဖက်များနှင့် ကုန်သွယ်မှုအပြန်အလှန်ဆက်ဆံရေးများ တိုးချဲ့ခြင်းသည် ကနေဒါ အစိုးရအတွက် ထိပ်တန်းဦးစားပေးဖြစ်ပြီး IPAAO ကို တည်ထောင်ခြင်းသည် ကနေဒါနိုင်ငံ၏ အင်ဒို-ပစိဖိတ်မဟာဗျူဟာ၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း (AAFC) က ပြောကြား ခဲ့ပါသည်။
    CFIA  နှင့်  AAFC  အဖွဲ့အစည်းနှစ်ခုလုံးမှ IPAAO ၏ အရင်းအမြစ်များကို လယ်ယာ ကုန်သွယ်မှုဆိုင်ရာ ပြဿနာများ နှင့် အခွင့်အလမ်းများကို ထိတွေ့ဆက်ဆံခြင်း၊ မြှင့်တင်ခြင်း
နှင့် ကိုင်တွယ်ဖြေရှင်းခြင်းအတွက် ဒေသဆိုင်ရာ ချဉ်းကပ်မှုတစ်ရပ်အနေဖြင့် လုပ်ဆောင် မည်လည်း ဖြစ်သည်။
    IPAAO အဖွဲ့သည်  ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာဖူလုံရေးနှင့်  ထောက်ပံ့ရေးကွင်းဆက် ရေရှည်တည်တံ့နိုင်ရေးတွင် ကတိကဝတ်ပြုထားသည့် မိတ်ဖက်အနေဖြင့် ကနေဒါ၏ ဒေသတွင်း အရေးပါသော အခန်းကဏ္ဍကို မြှင့်တင်ပေးမည်ဖြစ်သည်။
    "အင်ဒို-ပစိဖိတ်ဒေသသည် ကနေဒါနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက် အလားအလာ များစွာရှိနေပြီး မနီလာတွင် အင်ဒို-ပစိဖိတ် စိုက်ပျိုးရေး နှင့် လယ်ယာစားနပ်ရိက္ခာရုံးအသစ် တည်ထောင်ခြင်းသည် ဒေသတွင်းတွင် ကျွန်ုပ်တို့၏ ကတိကဝတ်ပြုထားမှုသင်္ကေတတစ်ရပ် ဖြစ်သည်" ဟု စိုက်ပျိုးရေး နှင့် စားနပ်ရိက္ခာဆိုင်ရာ ကနေဒါဝန်ကြီး Lawrence MacAulay က ပြောကြားခဲ့သည်။
    IPAAO ၏ အမှုဆောင်ဒါရိုက်တာအဖြစ် Ms. Kelly အား ခန့်အပ်ခံရခြင်းအတွက် ဂုဏ်ပြုလိုပြီး ကနေဒါနိုင်ငံ၏ အရည်အသွေးမြင့် ထုတ်ကုန်များအတွက် အခွင့်အလမ်းများ ပိုမို ဖန်တီးပေးနိုင်ရေး သူမနှင့် လက်တွဲလုပ်ဆောင်ရန် မျှော်လင့်ကြောင်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့က ဖတ်ရှုခဲ့ရသည့် www.wattagnet.com ကွန်ယက်၏ သတင်း ဆောင်းပါးမှတဆင့် သိရှိခဲ့ရသည်။

Source    https://www.wattagnet.com/latest-news/article/15659813
/canada-opens-indopacific-agriculture-and-agrifood-office
တင်ပြသူ    ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၁၃)ရက်
တည်းဖြတ်သူ    ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
စစ်ဆေးသူ    ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန












ဆက်စပ် သတင်းများ