(၂၀၂၂)ခုနှစ်တွင် ဥရောပဟင်းသီးဟင်းရွက်ဆီဈေးကွက်တွင်ထုတ်လုပ်မှု ပြန်လည်ကောင်းမွန် လာရန်မျှော်မှန်းထားခြင်း

  • Wed, 5 January 2022

    ပထမနှစ်ဝက်တွင် တောင်သူများမျိုးစေ့များအတိုင်း သိုလှောင်ထားရှိမှုကြောင့် (၂၀၂၂) ခုနှစ်တွင် Black Sea နေကြာဆီဈေးကွက်သည် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသော်လည်း စံချိန် တင် နေကြာဆီထုတ်လုပ်နိုင်ရန် မျှော်မှန်းနေကြပါသည်။
    ကမ္ဘာ့အဓိကတင်သွင်းသည့်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံသည် (၂၀၂၁-၂၂) ဈေးကွက်နှစ်တွင် ၎င်းတို့၏ ဟင်းသီးဟင်းရွက်ဆီတင်ပို့မှု မက်ထရစ်တန်ချိန်ပေါင်း (၁၄)သန်းအထိ တိုးမြှင့်တင်သွင်း နိုင်ရန်စီစဉ်ထားကြပါသည်။ သွင်းကုန်အခွန်များဖြတ်တောက်လျော့ချခြင်းနှင့်  ကမ္ဘာ့ထုတ်လုပ်မှု မြင့်တက်လာခြင်းကြောင့် နေကြာဆီတင်သွင်းမှုကို (၂၀၂၀-၂၁)ခုနှစ်တွင် မက်ထရစ်တန်ချိန် (၁.၈၈)သန်းတင်သွင်းခဲ့ရာမှ (၂၀၂၁-၂၂)ခုနှစ်တွင် မက်ထရစ်တန်ချိန်ပေါင်း (၂.၄) သန်းအထိ မြင့် တက်လာရန် မျှော်မှန်းထားကြပါသည်။ အိန္ဒိယနိုင်ငံသည် နိုင်ငံတကာဈေးနှုန်းများ မြင့်တက်မှုကို တိုက်ဖျက်ရန် (၂၀၂၁)ခုနှစ်အတွင်း စားသုံးဆီများတင်သွင်းခွန်ကို အကြိမ်ကြိမ်လျှော့ချခဲ့ပါသည်။
    ပင်လယ်နက်ဒေသတွင် ပူပြင်းခြောက်သွေ့သောရာသီဥတုသည် ခန့်မှန်းအထွက်နှုန်း ကျဆင်းစေမည်ဟု မျှော်မှန်းထားသောကြောင့် ဈေးကွက်တွင် ဝယ်လိုအားလျော့နည်းမည် ဖြစ်သ ဖြင့် ယူကရိန်းရှိ ဆီထွက်နေကြာရိတ်သိမ်းမှု ကနဦးခန့်မှန်းချက်မှာ အလားအလာမကောင်းပါ။
    သို့သော်လည်း (၂၀၂၁-၂၂) ခုနှစ်တွင် ယူကရိန်း၌ နေကြာဆီတန်ချိန်ပေါင်း (၇.၁) သန်း ထုတ်လုပ်ရန် မျှော်မှန်းထားကြပြီး (၂၀၂၀-၂၂)ခုနှစ်ထက် (၂၃)%  ပိုမိုထုတ်လုပ်နိုင်ရန် ခန့်မှန်းထား ကြပါသည်။
    ဥရောပစားအုန်းဆီကုန်ကြမ်းဈေးကွက်ရှိ ဈေးနှုန်းများမှာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ (၁၀၄၅) ဒေါ်လာမှ စံချိန်တင်အမြင့်ဆုံးအနေဖြင့် တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၁၃၇၇.၅)ဒေါ်လာ မြင့်တက်သွားခဲ့ပါသည်။ သို့သော်လည်း မလေးရှားတွင် မဖြေရှင်းရသေး သော ဆီအုန်းခြံလုပ်သားရှားပါးမှုနှင့် ပြိုင်ဘက်ထုတ်လုပ်သည့်နိုင်ငံဖြစ်သော အင်ဒိုနီးရှားတွင် ပေးဆောင်ရသော များပြားသောအခွန်အခများကြောင့် ပထမလပတ်ကုန်အထိ ဈေးနှုန်းများ လျော့နည်းနိုင်မည်မဟုတ်ကြောင်း ဈေးကွက်တွင်းပါဝင်လှုပ်ရှားသူများက ထုတ်ဖော်ပြောဆိုခဲ့ ကြောင်း (၂၄.၁၂.၂၀၂၁)ရက်တွင် ထုတ်ပြန်ခဲ့သော  S & P ကွန်ယက်၏ သတင်းစောင်းပါးအရ သိရှိရပါသည်။


https://www.spglobal.com/platts/en/market-insights/latest-news/agriculture/122421-commodities-2022-european-vegetable-oil-markets-expecting-production-rebound


ဆက်စပ် သတင်းများ