အာဂျင်တီးနားသည် စိုက်ပျိုးရေးထွက်ကုန်များအတွက် ပို့ကုန်လိုင်စင်လျှောက်ထားမှုကို ဆိုင်းငံ့ထား

  • Fri, 22 December 2023

အာဂျင်တီးနားသည် စိုက်ပျိုးရေးထွက်ကုန်များအတွက် ပို့ကုန်လိုင်စင်လျှောက်ထားမှုကို ဆိုင်းငံ့ထား


အာဂျင်တီးနားအစိုးရအနေဖြင့် ဆန်နှင့်ဆီထွက်သီးနှံများအတွက် ပို့ကုန်လိုင်စင်အသစ် လျှောက်ထားမှုကို ဆိုင်းငံ့ထားပါကြောင်း၊ ယခုတစ်ပတ် အင်္ဂါနေ့ နောက်ဆုံးထား၍ စီးပွားရေး ဆိုင်ရာ တိုင်းတာချက်များကို ကြေညာသွားမည်ဟု မျှော်လင့်ထားပါကြောင်း သမ္မတသစ် Javier Milei က ပြောကြားခဲ့ပါသည်။

ပို့ကုန်လုပ်ငန်းရှင်များသည် ပြည်တွင်းသုံးငွေတန်ဖိုးကျဆင်းမှု မဖြစ်မီ လက်ရှိ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာကို ပီဆို ၃၆၀ ဖြင့် ပို့ကုန်ခွန်များ အမြန်ပေးဆောင်ရသည့်အတွက် ပြောင်းသီးနှံ ရောင်းလိုအားသည် အရှိန်အဟုန်ဖြင့် မြင့်တက်ခဲ့ပြီးနောက် တနင်္လာနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် တရားဝင်ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း အင်္ဂါနေ့တွင် ကြေညာခဲ့ပါသည်။

တနင်္လာနေ့တစ်ရက်တည်းတွင် ပြောင်းတင်ပို့ခွင့်လိုင်စင်များသည် မက်ထရစ်တန်ချိန် ၁.၇ သန်းရှိပြီး ဒီဇင်ဘာ ၆ ရက်နေ့တွင် မက်ထရစ်တန်ချိန် ၂ သန်းအထိ အမြင့်ဆုံးနှုန်းဖြင့် မြင့်တက် သွားခဲ့ကြောင်း လေ့လာဆန်းစစ်သူ Javier Preciado Patiño မှ ပြုစုထားသော အချက်အလက်များ အရ သိရှိရပါသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် အာဂျင်တီးနားသည် ပြောင်းသီးနှံ မျိုးစေ့တင်ပို့မှုကို မက်ထရစ်တန်ချိန် ၃၆-၃၈သန်းအထိ ရောက်ရှိရန် မျှော်လင့်ထားကြောင်း Patiño က  Agricensus သို့ ပြောကြားခဲ့ပါသည်။  Buenos Aires Grain Exchange (Bage) အချက်အလက်များအရ အာဂျင်တီးနား၏ ပြောင်းသီးနှံသည် မက်ထရစ်တန်ချိန် သန်း ၅၀ အထိ ရောက်ရှိရန် မျှော်လင့် ထားကြောင်း သိရသည်။ လက်ရှိတွင် ပဲပုပ်တင်ပို့မှု အပေါ်အခွန် ၃၃ ရာခိုင်နှုန်း၊ ပဲပုပ်(အမှုန့်)အပေါ် ၃၁ ရာခိုင်နှုန်း နှင့် ပဲပုပ်ဆီ၊ ပြောင်းနှင့် ဂျုံတို့အပေါ် ၁၂ ရာခိုင်နှုန်း သတ်မှတ်ထားသည်။

ပီဆိုတန်ဖိုးကျဆင်းမှုနှင့်အတူ အစိုးရအနေဖြင့် အခွန်ကောက်ခံရရှိငွေများပိုမိုမြင့်မား လာမည် ဖြစ်ရာ ပို့ကုန်လိုင်စင်များ ပြန်လည်စတင်ရန်နှင့် ပီဆိုတန်ဖိုးအသစ် သတ်မှတ်ချိန်တွင် ဝင်ငွေပိုမိုရရှိရန် အရောင်းအ၀ယ်လုပ်ခြင်းကို ရပ်တန့်ထားမည့်မဟာဗျူဟာကို ထုတ်ပြန်ထားခဲ့ပါသည်။ အဆိုပါကိစ္စ နှင့် ပတ်သက်သောသတင်းအများစုသည် ကာလတိုအတွင်း အခွန်နှုန်းထားများ မပြောင်းလဲဘဲရှိနေမည် ဟုမျှော်လင့်ပါသည်။ သို့သော်လည်း ကောလဟာလသတင်းများအရ ပဲပုပ်သီးနှံအတွက် အခွန်ကောက် ခံခြင်းဆိုင်ရာရှုပ်ထွေးမှုကို ဖြေရှင်းရန်အခွန်ဖြတ်တောက်ခြင်း သို့မဟုတ် အစေ့အဆန်တင်ပို့မှုတွင် လက်ရှိကျင့်သုံးနေသည့် အခွန်တိုးကောက်ခံမှုများကို မြင်တွေ့ရမည်ဖြစ်ပြီး ညှိနှိုင်းမှုတစ်ရပ် ပြုလုပ်ရန် 

ထောက်ပြသည်နေသည်ဖြစ်ကြောင်းကို (၁၂-၁၂-၂၀၂၃)ရက်နေ့ထုတ် agricensus.com သတင်းရ သိရှိရပါသည်။


Source https://www.agricensus.com/Article/Argentina-suspends-export-license-applications-for-agricultural-products-32590.html


တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်

စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ