ကမ္ဘောဒီးယားနိုင်ငံသည် လယ်ယာပို့ကုန်တင်ပို့မှုကို တွန်းအားပေးပြီး ဂျပန်နိုင်ငံရင်းနှီးမြှုပ်နှံမှုကို ကြိုဆို

  • Fri, 5 January 2024

ကမ္ဘောဒီးယားနိုင်ငံသည် လယ်ယာပို့ကုန်တင်ပို့မှုကို တွန်းအားပေးပြီး ဂျပန်နိုင်ငံရင်းနှီးမြှုပ်နှံမှုကို ကြိုဆို


  ကမ္ဘောဒီးယားနိုင်ငံသည် လယ်ယာထွက်ကုန်များကို ကုန်ချောထုတ်လုပ်၍ ပြောင်းလဲ တင်ပို့ ရန် တွန်းအားပေးလျက်ရှိသောကြောင့် ကမ္ဘောဒီးယားနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး လုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံမှု များတိုးချဲ့ရန် ဂျပန်ကုမ္ပဏီများက စိတ်ဝင်စားနေကြောင်း ဝန်ကြီးချုပ် ဟွန်မာနက် က ပြောခဲ့ပါ သည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဒီဇင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့သည့် နှစ် ၅၀ ပြည့် အာဆီယံ-ဂျပန် နှစ်ပတ်လည် ထိပ်သီးအစည်းအဝေး၌ Ehime Package Co Ltd ၏ ဥက္ကဋ္ဌ Naoki Ikawa နှင့် ဒီဇင်ဘာ ၁၆ရက်က တွေ့ဆုံစဉ် Manet မှ ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

Manet ၏တရားဝင် Telegram အကောင့်မှမျှဝေသည့်အသေးစိတ်အချက်အလက်များအရ Ikawa သည်အပြုသဘောဆောင်သောအတွေ့အကြုံများကိုအခြေခံ၍ ၎င်း၏ကုမ္ပဏီသည် အထူး သဖြင့် ပြည်ပပို့ကုန်အတွက် ကတ်ထူပုံးထုတ်လုပ်သည့်စက်ရုံတွင် ၎င်း၏ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့် ရန် စိတ်အားထက်သန်လျက်ရှိသည်ဟု အစည်းအဝေးတွင်ပြောကြားခဲ့ပါသည်။

Hun Manet သည် ကုမ္ပဏီ၏ အမှုဆောင်အရာရှိများအား ကြိုဆိုခဲ့ပြီး နိုင်ငံတော်၏ အလားအလာအပေါ် ၎င်းတို့၏ အပြုသဘောဆောင်သောသဘောထား အမြင်အတွက် ကျေးဇူးတင် ရှိကြောင်း ဖော်ပြခဲ့ပါသည်။

ဂျပန်ဝန်ကြီးချုပ် Fumio Kishida နှင့်တွေ့ဆုံ၍  စီးပွားရေးအရ ဆက်ဆံရေးနှင့် ပုဂ္ဂလိက ကဏ္ဍ ဆက်ဆံရေး တို့ကိုတိုးမြှင့်နိုင်ရေး အဓိကထားပြီး ပူးပေါင်းဆောင်ရွက်မှု အားကောင်းရန်နှင့် တိုးချဲ့ရန်အတွက်နည်းလမ်းများကို ဆွေးနွေးရန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်း အဝေး တစ်ခုစီစဉ်ထားကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

“လယ်ယာထွက်ကုန်များအတွက် ကတ်ထူပုံးများ ထုတ်လုပ်ရန် ကုမ္ပဏီ၏ ကတိကဝတ် သည် စိုက်ပျိုးရေးထွက်ကုန်ကို ကုန်ချောများအဖြစ် တင်ပို့နိုင်ရေးမြှင့်တင်ရန်ဟူသည့် အစိုးရ၏ ဦးစားပေး မှုနှင့်ကိုက်ညီမှုရှိပါသည်ဟု၎င်းက မှတ်ချက်ပြုခဲ့ပါသည်။

အစိုးရသည် တောင်သူများကို ကူညီရန်နှင့် အဆင့်မြင့်လယ်ယာများဖော်ဆောင်ရန် နိုင်ငံ တစ်ဝန်း ရှိ ကျေးရွာများတွင် စိုက်ပျိုးရေးအရာရှိများကို ခန့်အပ်ခြင်း အပါအဝင် မဟာဗျူဟာများနှင့် အစီအမံများစွာကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ ပါသည်။ အဆိုပါ အစည်းအဝေးများအပြင် ဝန်ကြီးချုပ်သည် အာဆီယံ-ဂျပန် စီးပွားရေး ပူးပေါင်း ဖန်တီးရေး ဖိုရမ်ကိုလည်း တက်ရောက်ခဲ့ကြောင်း Heng က ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ စီးပွားရေးနှင့် စက်မှုလက်မှု ဝန်ကြီးဌာနမှ စီစဉ်ကျင်းပသည့် အဆိုပါ အခမ်းအနားသည် အာဆီယံနှင့် ဂျပန်နိုင်ငံကြား ဒစ်ဂျစ်တယ် ကုန်သွယ်မှု မြှင့်တင်ရေးကို အဓိကထား ကျင်းပခြင်းဖြစ်သည်။

ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းဆိုင်ရာ တိုးတက်မှု၊ စိန်ခေါ်မှုများနှင့် ရေရှည်တည်တံ့သော ဒစ်ဂျစ်တယ်ဆင့်ကဲဖြစ်စဉ်အတွက် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ပြီးအာဆီယံနှင့် မိတ်ဖက်နိုင်ငံ အစိုးရများနှင့် ၎င်းတို့၏ပုဂ္ဂလိကကဏ္ဍများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ် ပါကြောင်းကို(၁၈.၁၂.၂၀၂၃) ရက်နေ့တွင်ထုတ်ပြန်ခဲ့သော Business သတင်းဆောင်းပါးအရ သိရှိရ ပါသည်၊၊ 



Source https://www.phnompenhpost.com/national/kingdom-drives-agri-export-welcomes-japan-investment

တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်

စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


.












ဆက်စပ် သတင်းများ