လာမည့်ရာသီအတွက် အီဂျစ်ရှောက်သံပုရာတင်ပို့သူများ မျှော်လင့်ချက် မြင့်မားနေ

  • Fri, 5 January 2024

လာမည့်ရာသီအတွက် အီဂျစ်ရှောက်သံပုရာတင်ပို့သူများ မျှော်လင့်ချက် မြင့်မားနေ


အီဂျစ်ရှောက်သံပုရာတင်ပို့သူများအတွက် ရာသီအလွန်တွင် ပင်လယ်နီအကျပ်အတည်း ဖြစ်နိုင် ကြောင်း အရိပ်ပြနေသည်။ အာရှဈေးကွက်ရှိ တင်ပို့သူများအနေဖြင့် Bab Al Mandab ရေလက်ကြားကိုဖြတ်၍ သင်္ဘောများ ဖြတ်သန်း သွားလာရန်အတွက်  စိုးရိမ်နေကြပါသည်။ 

ဆက်လက်ဖြစ်ပွားနေသော ရှောက်သံပုရာ Campaign သည် ပင်လယ်နီဒေသရှိ ထောက်ပံ့ ပို့ဆောင်ရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများကြောင့် သတိကြီးစွာထားကာ လုပ်ကိုင်ဆောင်ရွက်မှုမှ တဆင့် ကောင်းမွန်သော အခြေအနေကို ဖြစ်စေနိုင်ကြောင်း၊ ဤလမ်းကြောင်းတွင် ဖြတ်သန်းချိန်နှင့် သယ်ယူပို့ဆောင်စရိတ်များကို ထိခိုက်စေနိုင်သည့် စိန်ခေါ်မှုများကို သိရှိနားလည်ထားကြောင်း၊ သို့ သော်လည်း အခက်အခဲများကြားမှ လယ်ယာထွက်ကုန် ထွက်ရှိမှုပမာဏ အလားအလာ ပိုကောင်း လာမှု၊ အသီးအရွယ်အစားများကြီးလာမှုနှင့် ပြည်ပဝယ်လိုအား မြင့်မားလာနိုင်ချေရှိမည့် ရာသီတစ်ခု အတွက် ၎င်းတို့၏ မျှော်လင့်ချက်များ မြင့်မားနေကြောင်း Elmedany က ပြောပါသည်။

လွန်ခဲ့သည့်ရာသီက ပြဿနာတစ်ခုဖြစ်သည့် အရွယ်အစားသေးငယ်သည့် သီးနှံအများအပြား ထုတ်လုပ်မှုကို စိုက်ပျိုးသူများ ဖြေရှင်းနိုင်ခဲ့ကြောင်း၊ ၎င်းသည် ယခုနှစ်ရာသီတွင် ကွဲပြားခြားနားမှု အားလုံးကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ ယခုနှစ်တွင် အရွယ်အစားကြီးမားသည့် ရှောက်သံပုရာသီးများ ထုတ်လုပ်ရန် မျှော်လင့်ထားကြောင်း၊ ဈေးနှုန်းများသည် မှန်းထားသည့်အတိုင်း အနည်းငယ်မျှသာ မြင့်တက်လာနိုင်ကြောင်း၊ အီဂျစ် ပေါင်နှင့် US ဒေါ်လာကြား ငွေလဲလှယ်နှုန်းကို ထည့်သွင်းစဉ်းစား ခြင်းသည် စျေးနှုန်း လမ်းကြောင်းများကို ပိုမိုလွှမ်းမိုးစေကြောင်း Elmedany မှ ပြောကြားခဲ့သည်။

ယခုရာသီတွင် အီဂျစ်ပို့ကုန်လုပ်ငန်းရှင်များသည် ထောက်ပံ့ပို့ဆောင်ရေး အကျပ်အတည်း မရှိသည့် ဥရောပဝယ်လိုအားခိုင်မာမှုကြောင့် အကျိုးအမြတ်များရရှိနေကြပြီး ကမ္ဘာ့ဝယ်လိုအားကမူ ပင်လယ်နီ၏ အခြေအနေအတွက် အဖြေကိုစောင့်ဆိုင်းနေကြပါသည်။

အီဂျစ် ရှောက်သံပုရာဝယ်လိုအားသည် ၎င်း၏ထူးခြားသောအရသာနှင့် သင့်တော်သော ဈေးနှုန်းများကြောင့် ခိုင်မာဆဲဖြစ်ကြောင်း၊ သစ်သီးများကိုထုပ်ပိုးခြင်းနှင့် အမျိုးအစားခွဲခြင်းဆိုင်ရာ တိုးတက်မှုနှင့်အတူ အထူးသဖြင့် ယခုနှစ်တွင် မျှော်မှန်းထားသော အရွယ်အစားများရရှိနေကြောင်း၊ အသစ်တည်ထောင်ထားသော Globagro ကုမ္ပဏီသည် အရှေ့တောင်အာရှ (ဘင်္ဂလားဒေ့ရှ်နှင့် မလေးရှားအပါအဝင်) နှင့် ဥရောပနိုင်ငံများသည် အလားအလာရှိသော စျေးကွက်များကို ပစ်မှတ် ထားလျက်ရှိကြောင်း၊ ရာသီအလိုက် လတ်ဆတ်သောအသီးအနှံများ နှင့် ဟင်းသီးဟင်းရွက်မျိုးစုံအပြင် 

IQF စတော်ဘယ်ရီနှင့် ကြက်သွန်နီကွင်းများကဲ့သို့သော အအေးခန်းသိုလှောင်စ အသီးအနှံများ နှင့် ဟင်းသီးဟင်းရွက်များကို ပြသနေကြောင်း၊ အာဖရိကဈေးကွက်သည် မိမိတို့၏လမ်းကြောင်း ပေါ်တွင် ရှိနေကြောင်း၊ မည်သည့်ဈေးကွက်တွင်မဆို အခွင့်အလမ်းများကို ဖွင့်ထားဆဲဖြစ်ပြီး မတူကွဲပြားသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ကြောင်း (၂၂.၁၂.၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Frashplaza သတင်းဆောင်းပါးအရ သိရှိရပါသည်။


Source https://www.freshplaza.com/asia/article/9588421/our-expectations-remain-high-for-the-season-ahead/


တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန




ဆက်စပ် သတင်းများ