ခရမ်းချဉ်သီးအထွက်နှုန်းကောင်းမွန်မှုကြောင့် Cumilla ဒေသရှိ တောင်သူများ ပျော်ရွှင်ဝမ်းမြောက်

  • Fri, 12 January 2024

ခရမ်းချဉ်သီးအထွက်နှုန်းကောင်းမွန်မှုကြောင့် Cumilla ဒေသရှိ တောင်သူများ ပျော်ရွှင်ဝမ်းမြောက်


ယခုဆောင်းသီးနှံရာသီတွင် ဈေးနှုန်းသင့်တင့်ပြီး လူကြိုက်များလှသည့် ခရမ်းချဉ်သီး အထွက်နှုန်း မြင့်မားမှုကြောင့် ခရိုင်အတွင်းမှ တောင်သူများသည် ပျော်ရွှင်နေကြသည်။

စိုက်ပျိုးပညာပေးရေးဌာန (DAE) ၏ အဆိုအရ မြို့တော် ဒါကာ အပါအဝင် Narayanganj၊ Feni၊ Noakhali နှင့် Chattogram တို့၏ ၀ယ်လိုအားကို စိုက်ပျိုးထုတ်လုပ်ထားသော ခရမ်းချဉ်သီး များသည် သိသာထင်ရှားသော ဖြည့်ဆည်းပံ့ပိုးမှု ပြုလုပ်ပေးနိုင်ခဲ့ပါသည်။

ယခုနှစ်တွင် ခရမ်းချဉ်သီး စိုက်ပျိုးမြေ ဟက်တာ(၁,၀၀၀)ကျော်ရှိကြောင်း၊ ခရိုင်ဧရိယာ၏ မြေနိမ့်ပိုင်းတွင် စိုက်ပျိုးထားသည့် ခရမ်းချဉ်သီးများသည် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ဈေးကွက်ထဲသို့ ရောက်ရှိမည်ဖြစ်ကြောင်းနှင့် လက်ရှိတွင် ခရိုင်၏ကုန်းမြင့်ဒေသမှ စိုက်ပျိုးထွက်ရှိသော ခရမ်းချဉ်သီးဈေးကွက်သည် အလွန်ရေပန်းစားလာကြောင်း DAE ၏ ဒုတိယ ညွှန်ကြားရေးမှူး Ayub Mahmud Baske က ပြောခဲ့သည်။

Chandina၊ Barura၊ Daudkandi၊ Homna၊ Burichang နှင့် Debidwar တို့မှ စိုက်ပျိုး ထွက်ရှိသော ခရမ်းချဉ်သီးများကို နိုင်ငံ၏ ဟင်းသီးဟင်းရွက်ဈေးများထဲမှ တစ်ခုဖြစ်သည့် Dhaka-Chittagong အဝေးပြေးလမ်းမကြီးဘေးရှိ Nimsar Bazar တွင် ရောင်းချလျက်ရှိသည်။  မြို့တွင်းရှိ အခြားဈေးများမှ ဟင်းသီးဟင်းရွက်ကုန်သည်များသည်လည်း ဤနေရာမှ ခရမ်းချဉ်သီးများကို လက်ကားဈေးဖြင့် ဝယ်ယူကြသည်။

လက်ရှိတွင် ခရမ်းချဉ်သီးအကြီး၊ အလတ်နှင့် အသေးစားခရမ်းချဉ်သီးများကို တစ်ကီလိုလျှင် (၃၅-၄၀) တာကာနှုန်းဖြင့် လက်လီရောင်းချလျက်ရှိသည်။ ဒီဇင်ဘာလလယ်တွင် ခရမ်းချဉ်သီး ဈေးကွက်ပေါက်ဈေးမှာ တစ်ကီလိုလျှင် (၆၀-၈၀)တာကာနှုန်း ပေါက်ဈေးရှိသဖြင့် တောင်သူများ ဈေးကောင်းရရှိသည့်အတွက် ဝမ်းသာမိကြောင်း စိုက်ပျိုးပညာပေးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး Ayub Mahmud Baske က ပြောသည်ကို (၁.၂.၂၀၂၄)ရက်နေ့က ဖတ်ရှုခဲ့ရသည့် www.bssnews.net ကွန်ယက်၏ သတင်းဆောင်းပါးမှ တဆင့် သိရှိခဲ့ရပါသည်။



Source https://www.bssnews.net/agriculture-news/165914


တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

စစ်ဆေးသူ ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ