သြစတြေးလျ စိုက်ပျိုးရေးအတွက် နှစ်သစ်တွင် ကုန်သွယ်မှု အခွင့်အလမ်းသစ်များပေါ်ထွန်း

  • Fri, 12 January 2024

  သြစတြေးလျ စိုက်ပျိုးရေးအတွက် နှစ်သစ်တွင် ကုန်သွယ်မှု အခွင့်အလမ်းသစ်များပေါ်ထွန်း


၂၀၂၄ခုနှစ်သည် ဩစတြေးလျတောင်သူများအတွက် ပိုမိုကောင်းမွန်သော စျေးကွက် အခွင့် အလမ်းနှင့်အတူ အကောက်ခွန်နှုန်းထားများ လျှော့ချခြင်းဖြင့် ပို့ကုန်များကိုပြည်ပသို့ တင်ပို့ရန် အခွင့်အလမ်းသစ်များ အားကောင်းသည့်နှစ် တစ်နှစ် ဖြစ်လာမည်မှာသေချာပါသည်။

ဩစတြေးလျနိုင်ငံ၏ လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက် ကွန်ရက်သည် အနီရောင်အသား၊ အစေ့အဆန်၊ ဥယျာဉ်ခြံသီးနှံနှင့် အခြားစိုက်ပျိုးရေးလုပ်ငန်းများအတွက် အဖိုးတန် အခွင့်အလမ်းသစ်များကို ဖန်တီးထားပြီးဖြစ်ပါသည်။

သို့သော် ဗြိတိန်နှင့် အိန္ဒိယတို့အပါအဝင် ကုန်သွယ်မှုသဘောတူညီချက်ဆိုင်ရာ တိုးတက် မှုများရှိလာပြီး ဩစတြေးလျတောင်သူများအတွက် ၂၀၂၄ ခုနှစ်တွင် မတူခြားနားသော ကုန်သွယ်မှု အခွင့်အလမ်းသစ်များ ပေးဆောင်မည်ဖြစ်ပါသည်။

လယ်ယာပို့ကုန်တန်ဘိုးသည် ၂၀၂၃-၂၄ ခုနှစ်တွင် ဒေါ်လာ ၆၇ ဘီလီယံအထိ ရောက်ရှိရန် ခန့်မှန်းထားပြီး မကြာသေးမီက မိုးရွာသွန်းမှုအခြေအနေများကြောင့် အဆိုပါခန့်မှန်းချက်သည် ပိုမို မြင့်မားလာဖွယ်ရှိပါသည်။

မတူခြားနားသော ဈေးကွက်ပုံစံသစ်များကို ရှာဖွေနေသော ဩစတြေးလျ စီးပွားရေး လုပ်ငန်းများ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ တောင်သူများနှင့် ထုတ်လုပ်သူများအတွက် ကုန်သွယ်မှု အခွင့် အလမ်းများ ပိုမိုဖန်တီးနိုင်စေရန် Albanese အစိုးရသည် ၂၀၂၄ ခုနှစ်တွင် ဆက်လက် ဖိအားပေး သွားမည်ဟု ကုန်သွယ်ရေးဝန်ကြီး Don Farrell ကပြောကြားခဲ့ပါသည်။

နိုင်ငံတကာအနှံ့ မသေချာမရေရာသည့်အခြေအနေများ မြင့်မားနေချိန်၊ လွတ်လပ်ပွင့်လင်းပြီး စည်းကမ်းကို အခြေခံသည့်ကုန်သွယ်မှုစနစ်မှာ ယခင်ကထက် ပိုအရေးကြီးသည်ဟု ဝန်ကြီး Farrell က ပြောကြားခဲ့ပါသည်။

ကုန်သွယ်မှုသဘောတူညီချက်များသည် ရင်းနှီးမြှုပ်နှံမှုကို လှုံ့ဆော်ရန်၊ အရည်အသွေးမီ ထုတ်ကုန်များအတွက် ကမ္ဘာ့ဝယ်လိုအားကို တိုးမြှင့်ရန်နှင့် ပြည်ပဈေးကွက်များသို့ မတူခြားနားသည့် အခွင့်အလမ်းများဖန်တီးပေးရန်အတွက် ထိရောက်သောအတိုင်းအတာတစ်ခု ဖြစ်ပါသည်။

၂၀၃၀ ခုနှစ်တွင် စိုက်ပျိုးရေးလုပ်ငန်းမှ ဒေါ်လာ ၁၀၀ ဘီလီယံထုတ်လုပ်နိုင်ရေး ပန်းတိုင်သို့

ရောက်ရှိရန်ပံ့ပိုးကူညီမည်ဟု Albanese အစိုးရကသန္နိဋ္ဌာန်ချထားခဲ့ပါသည်။

အဆိုပါရည်မှန်းချက်အတိုင်း လယ်ယာကဏ္ဍကို အထောက်အကူပြုရန်အတွက် အစိုးရ အနေဖြင့် အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် ကုန်သွယ်ညှိနှိုင်းမှုများကို ၂၀၂၄ ခုနှစ်မှာ စတင်မှာ ဖြစ်ပါကြောင်း၊ အိန္ဒိယနှင့် ကျွန်ုပ်တို့၏ ကုန်သွယ်မှုသဘောတူညီချက်ကို တည်ဆောက်ပြီး ပို့ကုန် လုပ်ငန်းရှင်များသည် ဗြိတိန်အပါအဝင် လက်ရှိကုန်သွယ်မှု သဘောတူညီချက်များမှ အကျိုးအမြတ်များ ရယူနိုင်ရန်ပံ့ပိုးကူညီခဲ့ပါသည်။

စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့် သစ်တောရေးရာဝန်ကြီး Murray Watt က ၂၀၂၄ ခုနှစ်သည် နိုင်ငံတော်၏ စိုက်ပျိုးရေးလုပ်ငန်းအတွက် အခွင့်အလမ်းသစ်များ ပေးဆောင်နိုင်လိမ့်မည်ဟု ပြောကြား ခဲ့ပါသည်။

ယခုကဲ့သို့ စိတ်လှုပ်ရှားစရာကောင်းသော ကုန်သွယ်မှု အခွင့်အလမ်းသစ်များသည် သြစတြေးလျ တောင်သူများနှင့် ထုတ်လုပ်သူများအတွက် တံခါးသစ်များ ဖွင့်ပေးခဲ့ပါကြောင်း၊ အထူးသဖြင့် ဒေသ ဆိုင်ရာအဖွဲအစည်းများနှင့် ဒေသတွင်းအလုပ်အကိုင်များအတွက် အထူးကောင်းမွန်သော သတင်း ဖြစ်သည်ဟု ဝန်ကြီး Watt က ပြောကြားခဲ့ပါသည်။

ဩစတြေးလျ၏ လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်အောက်တွင် အဓိက လယ်ယာထွက်ကုန်များအပေါ် အခွန်စည်းကြပ်ခွင့် လျှော့ချခြင်းနှင့် အခွန်ကင်းလွတ်ခွင့် ခွဲတမ်း အများအပြားသည် ထုတ်လုပ်သူများအတွက် စီးပွားရေးအရ သိသာထင်ရှားသော ပို့ကုန်ဆိုင်ရာ အခွင့်အလမ်းများကို ပေးဆောင်မည်ဖြစ်ပါသည်။

ဥပမာအားဖြင့် သြစတြေးလျ-ဗြိတိန်လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက် အရ ဗြိတိန်သို့ တင်ပို့နေသည့် အမဲသားနှင့် သိုးသား ပမာဏများပြားစွာ တိုးမြင့်တင်ပို့လာသည်ကို မြင်တွေ့ရပြီး၊ တစ်ချိန်က ကန့်သတ်ထားသော တန်ဘိုးမြင့်ဈေးကွက်တွင် ကျွန်ုပ်တို့၏ ဈေးကွက် ဝင်ရောက်မှုကို သိသိသာသာမြှင့်တင်ပေးပါကြောင်းကို (၂-၁-၂၀၂၄)ရက်နေ့ထုတ် miragenews. com သတင်းအရသိရှိရပါသည်။



Source https://www.miragenews.com/new-year-new-trade-opportunities-for-aussie-1150727/


တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်

စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ