စိုက်ပျိုးရေးထွက်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့ရန် ဗီယက်နမ် ကုမ္ပဏီ ၃၀၀၀ နီးပါးကုဒ်နံပါတ်များ လက်ခံရရှိ

  • Wed, 17 January 2024

စိုက်ပျိုးရေးထွက်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့ရန် ဗီယက်နမ် ကုမ္ပဏီ ၃၀၀၀ နီးပါးကုဒ်နံပါတ်များ လက်ခံရရှိ


    စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန (MARD) လက်အောက်ရှိ ဗီယက်နမ် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် အပင်ပိုးမွှားရောဂါကင်းရှင်းရေးဆိုင်ရာ အာဏာပိုင် အဖွဲ့ (SPS Vietnam) ၏ အဆိုအရ လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဗီယက်နမ်ကုမ္ပဏီများသည် တရုတ် နိုင်ငံ၏ အမိန့်အမှတ်၂၄၈ နှင့် ၂၄၉ အရ လယ်ယာထွက်ကုန်များ၏ မူရင်းဒေသကို ခြေရာခံမှုနှင့် ကြီးကြပ်ကွပ်ကဲမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီကုဒ် ၃၀၁၃ ခု ရရှိ ခဲ့သည်၊၊
    SPS Vietnam ၏ စွမ်းဆောင်ရည်ကို ၂၀၂၃ ခုနှစ်အတွင်း ပြန်လည်သုံးသပ်ရန်နှင့် ၂၀၂၄ ခုနှစ်အတွက် ၎င်း၏အစီအစဉ်ကို စတင်ရန် အစည်းအဝေးတွင် ပြောကြားခဲ့ပြီး ဗီယက်နမ် ကုမ္ပဏီ များအနေဖြင့် ယခုအခါ တရုတ်ဈေးကွက်သို့ တင်ပို့ရောင်းချရန် မှတ်ပုံတင်ခြင်းလုပ်ငန်းကို ပိုမို အာရုံစိုက်လာနေကြောင်း ဒုတိယ ညွှန်ကြားရေးမှူး Ngo Xuan Nam က ပြောကြားခဲ့သည်။
    SPS Vietnam ၏ ဒါရိုက်တာ Le Thanh Hoa က ၂၀၂၄ ခုနှစ်တွင် သက်ဆိုင်ရာ အာဏာပိုင် များသည် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ နှင့် တိရစ္ဆာန်နှင့် အပင်ရောဂါ ဘေးကင်းရေးဆိုင်ရာ သတိပေးချက်မူကြမ်းကို ဆက်လက်မွမ်းမံ ပြင်ဆင်သွားမည်ဖြစ်ကြောင်း နှင့် ကုန်သွယ်ရေးမိတ်ဖက်များနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)အဖွဲ့ဝင်များမှ သတိပေးစာများ နှင့် သက်ဆိုင်ရာအဖွဲ့များအား အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်၊၊
    ဗီယက်နမ်၏ SPS အစီအမံများဆိုင်ရာ သတိပေးစာမူကြမ်းတွင် WTO သို့ အသိပေးသည့် SPS အစီအမံများဆိုင်ရာ မှတ်ချက်များကို တုံ့ပြန်ရန်အတွက် သက်ဆိုင်ရာအဖွဲ့များနှင့်လည်း ပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည်။
    ဥရောပ-ဗီယက်နမ် နှင့် ဗီယက်နမ်-အာရပ်စော်ဘွားများပြည်ထောင်စု၏ လွတ်လပ်စွာ ကုန်သွယ်ခွင့်သဘောတူညီချက် (FTA)ဆိုင်ရာ SPS အခန်းကဏ္ဍကို ဆက်လက်ညှိနှိုင်းရန် နှင့် အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ခွင့်သဘောတူညီချက် (FTA)၊ အာဆီယံ-ကနေဒါ လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီချက် (FTA)၊ နှင့် အာဆီယံကုန်စည်ကုန်သွယ်မှု သဘောတူညီချက် တို့ကို အဆင့်မြှင့်တင်ရန် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့မှ သက်ဆိုင်ရာအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်၊၊
    ၂၀၂၃ ခုနှစ်တွင် WTO အဖွဲ့ဝင်များမှ အဆိုပြုထားသော SPS ဆိုင်ရာ စည်းမျဉ်း မူကြမ်း များနှင့် အပြောင်းအလဲများဆိုင်ရာ အကြောင်းကြားစာ ၁၁၆၄ ခုကိုဌာနမှလက်ခံရရှိပြီး ကိုင်တွယ် ခဲ့သည်။
    ကမ္ဘာ့ဈေးကွက်သည် အရည်အသွေး၊ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးတို့ကို ပိုမိုအာရုံစိုက်နေပြီး အဆိုပါကိစ္စရပ်များအပြင် စိမ်းလန်းစိုပြည်ရေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုနှင့် ပတ်သက်သည့် အချက်များအပေါ် ပိုမိုတောင်းဆိုလာကြောင်းစသည့် သတိပေးစာ များ အရေအတွက် ပိုများလာခြင်းကို ပြသနေပါကြောင်း Vietnam သတင်းဆောင်းပါးအရ သိရှိရ ပါသည်၊၊
Source    https://en.vietnamplus.vn/nearly-3000-vietnamese-firms-receive-codes-to-export-agricultural-products-to-china/276004.vnp
တင်ပြသူ    ဒေါ်ဥမ္မာထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်
စစ်ဆေးသူ    ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ