ဖိလစ်ပိုင်နိုင်ငံသည် ဂျပန်နိုင်ငံသို့ လယ်ယာထွက်ကုန်တင်ပို့မှု ပိုမိုမြင့်မားလာမည်ဟု မျှော်မှန်းထား

  • Wed, 17 January 2024

ဖိလစ်ပိုင်နိုင်ငံသည် ဂျပန်နိုင်ငံသို့ လယ်ယာထွက်ကုန်တင်ပို့မှု ပိုမိုမြင့်မားလာမည်ဟု မျှော်မှန်းထား


    ဖိလစ်ပိုင်နိုင်ငံသည် ဂျပန်နိုင်ငံနှင့်နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာမှုနှင့်အတူ ၎င်း၏စိုက်ပျိုးရေးပို့ကုန်များ တိုးမြင့်တင်ပို့လာနိုင်မည်ဟု စိုက်ပျိုးရေးဌာနက ထင်မြင်ထားသည်။
    ဂျပန်နိုင်ငံသည် (၂၀၂၂)ခုနှစ်တွင် လယ်ယာထွက်ကုန် ဒေါ်လာ (၈၇)ဘီလီယံဖိုး တင်သွင်း ခဲ့ပြီး အဆိုပါကာလအတွင်း ဂျပန်သည် ကမ္ဘာပေါ်တွင် ၎င်းထုတ်ကုန်များအတွက် ပဉ္စမမြောက် အကြီးဆုံးစျေးကွက် ဖြစ်လာခဲ့သည်။
    ဂျပန်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ လယ်ယာထွက်ကုန် တင်ပို့မှုအတွက် ဒုတိယအကြီးဆုံး စျေးကွက်ဖြစ်ကြောင်း စိုက်ပျိုးရေးဌာနက ပြောကြားခဲ့သည်။ (၂၀၂၂)ခုနှစ်တွင် ဖိလစ်ပိုင်မှ ဂျပန်သို့ လယ်ယာထွက်ကုန် တင်ပို့မှုသည် ဒေါ်လာ(၉၁၆)သန်းရှိခဲ့ပြီး (၂၀၂၁)ခုနှစ်၏ တင်ပို့မှုတန်ဘိုး ဒေါ်လာ(၈၉၄.၄) သန်းထက် (၂.၄%)တိုးတက်ခဲ့သည်။
    တစ်ချိန်တည်းတွင်ပင် (၂၀၂၃)ခုနှစ် တတိယသုံးလပတ်တွင် ဂျပန်နိုင်ငံသို့ ပြည်တွင်း လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့မှုမှာ ကန်ဒေါ်လာ (၆၇၉)သန်းရှိခဲ့သည်။
    ပြီးခဲ့သည့်လက  တိုကျိုမြို့တွင်  ကျင်းပခဲ့သည့် အာဆီယံ-ဂျပန် ထိပ်သီးအစည်းအဝေး၌ အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုမှာ စိုက်ပျိုးရေးဌာန အတွင်းရေးမှူး Francisco Tiu Laurel Jr. က ဂျပန်အရာရှိများ၊ စီးပွားရေးသမားများအား ဂျပန်နိုင်ငံ၏ စျေးကွက်သို့ ဖိလစ်ပိုင်ငါးများနှင့် နာနတ် သီး၊ ငှက်ပျောသီး၊ ထောပတ်သီး၊ သရက်သီး၊ ဒူးရင်းသီး၊ မင်းဂွတ်သီးနှင့် ရုံးပတီသီး ကဲ့သို့သော  အပူပိုင်းဒေသထွက်သစ်သီးများအတွက်  ဈေးကွက်ထပ်မံဖွင့်လှစ်နိုင်ရန်  ဆွေးနွေးခဲ့ပါသည်။
    ဂျပန်နိုင်ငံ၌ နောက်ဆက်တွဲ အစည်းအဝေးများအရ စိုက်ပျိုးရေးဌာနသည် ဒုတိယ သုံးလပတ်တွင် ဖိလစ်ပိုင်-ဂျပန်စိုက်ပျိုးရေးပူးတွဲကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို စီစဉ် ထားကြောင်း Laurel မှ ပြောကြားခဲ့သည်။
    “ဖိလစ်ပိုင်နိုင်ငံတွင် အာရှအိမ်နီးချင်းနှစ်နိုင်ငံ၏ ပူးတွဲစိုက်ပျိုးရေးကော်မတီ၏ ပထမဆုံး အစည်းအဝေးသည် ဂျပန်နိုင်ငံတွင် စတင်ခဲ့သော လယ်ယာ-ငါးဖမ်းလုပ်ငန်း ကုန်သွယ်မှုနှင့်  စျေးကွက် ရရှိရေး ဆွေးနွေးမှုများမှတစ်ဆင့် လိုက်နာရမည့်နည်းလမ်းကို ပံ့ပိုးပေးလိမ့်မည်”ဟု Laurel က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
    Laurel က ဒုတိယသုံးလပတ်တွင် ပူးတွဲစိုက်ပျိုးရေး အစည်းအဝေးသည် ယမန်နှစ် ဖေဖော်ဝါရီလတွင် လက်မှတ်ရေးထိုးခဲ့သော ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာနှင့် MIDORI ပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ်အရ နည်းပညာ နှင့် စီမံကိန်း ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးရန်  အခွင့်အရေးတစ်ခုဖြစ်ကြောင်း  Laurel  မှ ထပ်လောင်းပြောကြားခဲ့သည်။
    ပြီးခဲ့သည့် အောက်တိုဘာလတွင် ဖိလစ်ပိုင်နိုင်ငံသည် အခြားအာရှအဖွဲ့ဝင်နိုင်ငံများနှင့် အတူ ဂျပန်နည်းပညာကို အသုံးပြု၍ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို မြှင့်တင်ရန်နှင့် အနာဂတ် စားနပ်ရိက္ခာဖူလုံမှုအတွက် ခံနိုင်ရည်ရှိ၍ ရေရှည်တည်တံ့သော စိုက်ပျိုးရေးနှင့်အစားအစာစနစ်များ တည်ဆောက်ရန်အတွက် အတွေ့အကြုံများမျှဝေရန် ရည်ရွယ်သည့် MIDORI အစီအစဉ်ကို လက်မှတ်ရေးထိုးခဲ့သည်။
    Laurel သည် ဂျပန်နိုင်ငံကဲ့သို့သော တင်သွင်းသည့်နိုင်ငံများနှင့် လိုက်လျောညီထွေ ဖြစ်စေ ရန်အတွက် အရည်အသွေးကောင်းမွန်သော စိုက်ပျိုးပစ္စည်းများ ထုတ်လုပ်ခြင်း၊ စိုက်ပျိုးခြင်းဆိုင်ရာ အလေ့အကျင့်များ တိုးမြှင့်ခြင်းနှင့် ဖိလစ်ပိုင်အစားအစာကုဒ်တို့ ကိုက်ညီရန် ဓာတ်ခွဲစမ်းသပ်မှုများ တိုးတက်ဆောင်ရွက်ရန်အတွက် Laurel မှ ညွှန်ကြားခဲ့သည်ကို (၈. ၁. ၂၀၂၄)ရက်နေ့က  ဖတ်ရှုခဲ့ ရသည့် https://malaya.com.ph ကွန်ယက်၏ သတင်းဆောင်းပါးမှတစ်ဆင့် သိရှိခဲ့ရသည်။
Source    https://malaya.com.ph/news_business/ph-anticipates-higher-agri-exports-to-japan/
တင်ပြသူ    ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်
တည်းဖြတ်သူ    ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာ

ဆက်စပ် သတင်းများ