အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ပို့ကုန်ကန့်သတ်ချက်များကို ဖြေလျှော့ရန် ကတိပြုခဲ့

  • Wed, 24 January 2024

အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ပို့ကုန်ကန့်သတ်ချက်များကို ဖြေလျှော့ရန် ကတိပြုခဲ့


အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီမှ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာအား သကြား၊ ကြက်သွန်နီ၊ ဆန်နှင့်ဂျုံကဲ့သို့ မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်းများအပေါ် ပို့ကုန်ကန့်သတ်ချက်များ ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့ပါသည်။

ဇန်နဝါရီလ (၈)ရက်နေ့တွင် နှစ်နိုင်ငံခေါင်းဆောင်များအကြား ဆွေးနွေးမှုအပြီး၌ ဤ ဆုံးဖြတ်ချက်အား ဆုံးဖြတ်ခဲ့ကြပါသည်။ ယူကရိန်း-ရုရှား နှင့် အစ္စရေး-ဟားမတ်စ် ပဋိပက္ခ များကြောင့် အမေရိကန်ဒေါ်လာ နှင့် ဘင်္ဂလားဒေ့ရှ် တာကာတန်ဖိုးများ ကျဆင်းလာမှုကြောင့် ကုန်စည် ပို့ဆောင်ရေးစရိတ်များ နှင့် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာစေခဲ့ပါသည်။ ပို့ကုန် ကန့်သတ်ချက်များကို ဖြေလျှော့လိုက်ခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အရေးပါသော ကြက်သွန်နီ နှင့် လူသုံးကုန် အများအပြားအတွက် အကျုံးဝင်စေပါသည်။

သမိုင်းကြောင်းအရ ၂၀၁၉ ခုနှစ်၊ ကြန်သွန်နီ တင်ပို့မှုရပ်တန့်ခြင်းဖြစ်ရပ်ကဲ့သို့သော အိန္ဒိယ နိုင်ငံမှ ပို့ကုန်တင်ပို့မှု ရုတ်တရက် ရပ်တန့်သွားခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဈေးနှုန်း မြင့်တက်မှုများဖြစ်စေခဲ့ပါသည်။ အဆိုပါရပ်တန့်ခြင်းများအတွက် ကြိုတင်သတိပေးချက်များ တောင်းခံ ခဲ့သော်လည်း အိန္ဒိယနိုင်ငံသည် လိုက်နာခဲ့ခြင်း မရှိခဲ့ပါ။ ဈေးကွက် ငြိမ်သက်စေရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် အိန္ဒိယနိုင်ငံမှ ကုန်ပစ္စည်းများ ပုံမှန်တင်သွင်းရန် ရည်ရွယ်ထားပြီး ဆန်၊ ဂျုံ၊ သကြား၊ ကြက်သွန်နီ၊ ဂျင်းနှင့် ကြက်သွန်ဖြူ ကဲ့သို့သော ကုန်ပစ္စည်းများအတွက် နှစ်စဉ် ပမာဏ တိတိ ကျကျဖြင့် တင်သွင်းရန် တောင်းဆိုခဲ့ကြပါသည်။

အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်လကို မျှော်မှန်း၍ ဝန်ကြီးချုပ် ဟာစီနာက စားသုံးသူ ကုန်စည်ဈေးကွက်ကို ငြိမ်သက်စေရန် ဝန်ကြီးများအား ညွှန်ကြားခဲ့ပါသည်။ အိန္ဒိယအစိုးရသည် ပွင့်လင်းမြင်သာသော ကုန်စည်ကူးသန်းရောင်းဝယ်မှုကို မြှင့်တင်ရန်နှင့် ဈေးကွက်ကြိုးကိုင်သူ များကို တာဝန်ခံမှုရှိစေရန် ကုန်စည်ကူးသန်းရောင်းဝယ်မှု ပုံမှန်ဖြစ်စေရန်၊ ဖြစ်နိုင်ခြေရှိသော ငွေကြေးဖောင်းပွမှုများကို လျှော့ချရန်နှင့် ဈေးကွက်ကြိုးကိုင်သူများကို ထိန်းချုပ်ရန် ရည်ရွယ်ကြောင်း (၁၇-၁-၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.freshplaza.com ၏ သတင်းအချက် အလက်များအရ သိရှိရပါသည်။

Source https://www.freshplaza.com/asia/article/9592653/india-committed-to-ease-export-restrictions-for-bangladesh/ 


တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ