လောင်ဂန်သီးတင်ပို့သည့် ပမာဏ လျော့နည်းလျက်ရှိပြီး ရောင်းဈေးများ ကျဆင်းလျက်ရှိ”

  • Wed, 31 January 2024

လောင်ဂန်သီးတင်ပို့သည့် ပမာဏ လျော့နည်းလျက်ရှိပြီး ရောင်းဈေးများ ကျဆင်းလျက်ရှိ”


တရုတ်ဈေးကွက်တွင် လောင်ဂန်သီးရာသီစတင်နေပြီဖြစ်ပြီး တရုတ်နှစ်သစ်ကူးကာလတွင် လတ်ဆတ်သော လောင်ဂန်သီး ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။ ယခုရာသီတွင် ပြည်ပမှတင်သွင်းသော လောင်ဂန်သီးစိုက်ပျိုးသည့် ဒေသများတွင် ထုတ်လုပ်မှု လျော့ကျခြင်းနှင့် ပြည်တွင်းရောင်းဈေး နိမ့်ကျခြင်းကဲ့သို့သော စိန်ခေါ်မှုများနှင့် ရင်ဆိုင် နေရပါသည်။ Chongqing Jinguoyuan Industrial Co., Ltd. သည် လတ်ဆတ်သောလောင်ဂန်သီး တင်ပို့ရောင်းချမှုအပေါ် အာရုံစိုက်ပြီး တရုတ်ဈေးကွက်အတွက် အရေးကြီးသောပို့ကုန်တင်သွင်းသူ ဖြစ်ပြီး၊ Chongqing Jinguoyuan Industrial Co., Ltd. ကုမ္ပဏီမှ Mr. Zhou သည် လက်ရှိ တင်သွင်းနေသော လောင်ဂန်သီးဈေးကွက်နှင့် သက်ဆိုင်သည့် အချက်အလက်များနှင့် မိတ်ဆက် ပေးခဲ့ပါသည်။

“စီးပွားရေးဂယက် သက်ရောက်မှုနှင့် ထုတ်လုပ်မှု ကျဆင်းခြင်းတွေကြောင့် လက်ရှိ ရာသီဟာ ၂၀၂၃ခုနှစ် ဒီဇင်ဘာလမှာ ကုန်ဆုံးခဲ့ပြီး သွင်းကုန်ပမာဏဟာ အလားတူကာလ (၂၀၂၂)ခုနှစ် နှင့် နှိုင်းယှဉ်ပါက ၁၅% ကျဆင်းခဲ့ပါသည်။ ထုတ်လုပ်မှုလျော့ခြင်းကြောင့် ဝယ်ဈေးမှာ ယခင်ကာလနှင့် တူညီပြီးရောင်းဈေးနှုန်းသည်လည်း တဖြည်းဖြည်းသာတိုးလာလျက်ရှိပါသည်။"

စျေးကွက်အတွင်း စားသုံးမှုအားနည်းခြင်းကြောင့် လောင်ဂန်သီးဈေးနှုန်းများ ကျဆင်း သွားကြောင်း သိရပါသည်။ “အထူးသဖြင့် အရည်အသွေးအကောင်းဆုံး ရွှေတံဆိပ် ထုတ်ကုန်များ၏ ရောင်းလိုအားဈေးနှုန်းမှာ မနှစ်ကကာလတူထက် ၁၀ - ၁၅ ရာခိုင်နှုန်းလောက်ထိ ကျဆင်းသွား ပါကြောင်း၊ အဓိကအကြောင်းရင်းမှာ စျေးကွက်စားသုံးမှုကျဆင်းခြင်း၏ သက်ရောက်မှုကြောင့် အရည်အသွေးမြင့်ထုတ်ကုန်များ၏ ဈေးနှုန်းများကိုမြှင့်တင်ရန် ခက်ခဲခြင်းကြောင့်ဖြစ်သည်။ တရုတ် နှစ်သစ်ကူး နီးလာသည်နှင့်အမျှ နယ်စပ်ဂိတ်ဝယ်လိုအား အားကောင်းလာပြီး ပြည်တွင်း ရောင်းဈေးများ တိုးလာသော်လည်း အရောင်းအ၀ယ် သိသိသာသာတိုးလာပါသည်။"

Jinguoyuan ကုမ္ပဏီသည် ထိုင်းနိုင်ငံ Chanthaburi ခရိုင်နှင့်  ကမ္ဘောဒီးယားနိုင်ငံ Pailinပြည်နယ်တို့တွင် ထုတ်လုပ်သည့် လတ်ဆတ်သောလောင်ဂန်သီးများကို အဓိကရောင်းချ ပါသည်။ လာမည့်နှစ် သြဂုတ်လမှ မေလအထိသည် စိုက်ပျိုးရာသီဖြစ်ပြီး၊ ပြည်တွင်း လောင်ဂန်သီး များကို ချိန်တွယ်မှုအမျိုးမျိုးဖြင့် ရောင်းချကြပါသည်။ အရှေ့တောင်အာရှရှိ လတ်ဆတ်သောလောင်ဂန်သီး အခြေစိုက်စခန်းများ၏ အသွင်အပြင်ကိုအခြေခံ၍ နှစ်များစွာအတွင်း ကုမ္ပဏီ၏ လုပ်ငန်းများသည် လောင်ဂန်သီးစိုက်ပျိုးခြင်း၊ ထုတ်လုပ်မှု၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ရောင်းချခြင်း ဆိုင်ရာ နယ်ပယ်များကို လွှမ်းခြုံထားပါသည်။ ယခုလက်ရှိတွင် လတ်ဆတ်သော လောင်ဂန်သီး ထွက်ကုန်များကို ဥရောပအရှေ့အလယ်ပိုင်းနှင့် အမေရိကကဲ့သို့သော စျေးကွက်များသို့ ရောင်းချ လျက်ရှိပါကြောင်းကို (၂၃-၁-၂၀၂၄)ရက်နေ့ထုတ် Freshplaza သတင်းအရသိရှိရပါသည်။


Source https://www.freshplaza.com/north-america/article/9594353/the-import-volume-of-longan-has-declined-and-the-selling-price-is-relatively-low/


တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်

စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ