အမေရိကန်စိုက်ပျိုးရေးဌာန (USDA)သည် စွမ်းအင် နှင့် ဓာတ်မြေဩဇာစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၂၀၇)သန်း ပေးအပ်

  • Thu, 1 February 2024

အမေရိကန်စိုက်ပျိုးရေးဌာန (USDA)သည် စွမ်းအင် နှင့် ဓာတ်မြေဩဇာစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၂၀၇)သန်း ပေးအပ်


ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ရေး နှင့် ပြည်တွင်း ဓာတ်မြေသြဇာကဏ္ဍတိုးချဲ့ရေး တို့၌ ရင်းနှီးမြှုပ်နှံမှုအသစ်များ ပံ့ပိုးရန် အမေရိကန်စိုက်ပျိုးရေးဌာန၏ အတွင်းရေးမှူးဖြစ်သူ Tom Vilsack  က ကြေငြာခဲ့ပါသည်။

တနင်္လာနေ့၌ ကျင်းပခဲ့သည့် အမေရိကန်လယ်ယာဗျူရိုအဖွဲ့ချုပ်ညီလာခံတွင် ပြည်နယ် (၄၂)ခုရှိ “အမေရိကားအစီအစဉ်အရကျေးလက်စွမ်းအင်ကဏ္ဍစီမံချက်”(၆၇၅)ခုအတွက် အမေရိကန် ဒေါ်လာ (၁၅၇)သန်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း Vilsack က ပြောကြားခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ခြင်းသည် အမေရိကန်ပြည်ထောင်စုတစ်ဝှမ်းလုံးရှိ တောင်သူများ ကုန်ကျ စရိတ် သက်သာစေရန် အထောက်အပံ့ဖြစ်စေကြောင်း၊ အဆိုပါ ပံ့ပိုးမှုစီမံချက်များအနက် (၄၈၀၀) ကျော် ဆောင်ရွက်ပြီးဖြစ်သဖြင့် သိသာထင်ရှားသော တိုးတက်မှုရလဒ်များကို ဆက်လက်မြင်တွေ့ ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပြည်တွင်းထောက်ပံ့မှု တိုးမြှင့်ရန်အတွက် မြေသြဇာထုတ်လုပ်မှု တိုးချဲ့ရေးအစီအစဉ်မှ တဆင့် ပြည်နယ် (၇)ခုရှိ စီမံချက်များကို အမေရိကန်ဒေါ်လာ သန်း(၅၀)ပံ့ပိုးပေးခဲ့ကြောင်း၊ သီးနှံ စိုက်ပျိုးထုတ်လုပ်မှုအတွက် လိုအပ်သည့် ဓာတ်မြေသြဇာများရရှိရန် ပြည်ပအပေါ် လွန်လွန်ကဲကဲ မှီခိုနေရကြောင်း၊ အဆိုပါ အကြောင်းအရာများကြောင့် မြေဩဇာကဏ္ဍတိုးချဲ့ရန် ၎င်းတို့၏ ကြိုးပမ်း မှုကို ယနေ့ထပ်လောင်းကြေငြာမှုအတွက် စိတ်လှုပ်ရှားမိကြောင်း၊ ၎င်းတို့သည် အကြမ်းဖျင်း အားဖြင့် စီမံကိန်း (၉၀)ခုခန့် ဖော်ဆောင်ထားရှိကြောင်း Vilsack က ပြောကြားခဲ့ပါသည်။

Nebraska ရှိ ARE Properties LLC သည် အနာဂတ်တွင် သဘာဝစွမ်းအင်ရင်းမြစ်သို့ ပြောင်းလဲနိုင်စွမ်းရှိသည့် သဘာဝဓာတ်ငွေ့သုံး အလိုအလျောက်ထုတ်လုပ်သည့် ဓာတ်မြေသြဇာ စက်ရုံကို တည်ဆောက်မည်ဖြစ်ကြောင်း၊ လုပ်ငန်းများ တိုးချဲ့ရန် နှင့် နှစ်စဉ်ထုတ်လုပ်သည့် ဓာတ် မြေသြဇာအိတ်များအပြင် တန်ချိန် (၁၇၀၀၀) ပိုမိုထုတ်လုပ်ရန်အတွက် Kentucky ရှိ လက်ရှိ မြေသြဇာအခြောက်စက်ရုံကို ရွေးချယ်ထားကြောင်း၊ သမ္မတ Biden သည် ဓာတ်မြေသြဇာ ထုတ်လုပ်မှု တိုးချဲ့ရေးအစီအစဉ်အတွက် ကုန်စည်ဒိုင် ကော်ပိုရေးရှင်းမှတဆင့် အမေရိကန်ဒေါ်လာ သန်း(၉၀၀) အထိ ပံ့ပိုးရန် ကတိကဝတ်ပြုခဲ့ကြောင်း၊ USDA အနေဖြင့် စိုက်ခင်းများအတွက် ဝင်ငွေရရှိရေး လမ်းကြောင်း များစွာ နှင့် တောင်သူများ၏ ကြိုးပမ်းအားထုတ်မှုအတွက် အောင်မြင်မှု အသီးအပွင့် များရရှိရန် အခွင့်အလမ်းများစွာ ဖန်တီးပေးလျက်ရှိသည်ဟု  Vilsack  မှ ပြောကြားခဲ့ကြောင်းကို   (၂၂. ၁. ၂၀၂၄) ရက်တွင် ထုတ်ပြန်သည့် BROWNFIELD သတင်းအရ သိရှိရပါသည်။


Source https://brownfieldagnews.com/news/usda-awards-207-million-to-energy-and-fertilizer-projects/


တင်ပြသူ ဒေါ်နှင်းရီဝင်း၊  စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန






ဆက်စပ် သတင်းများ