ပိုလန်နိုင်ငံ၌ ကြက်သွန်နီဈေးနှုန်းများသည် ယခုအချိန်တွင် အမြင့်ဆုံးမှတ်တမ်းဝင်

  • Thu, 1 February 2024

ပိုလန်နိုင်ငံ၌ ကြက်သွန်နီဈေးနှုန်းများသည် ယခုအချိန်တွင် အမြင့်ဆုံးမှတ်တမ်းဝင်


EastFruit ၏ လေ့လာဆန်းစစ်သူများအရ ၂၀၂၄ ခုနှစ်၊ နှစ်ဦးပိုင်းမှစ၍ ပိုလန်နိုင်ငံ၌ ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး ယခုနှစ်တွင် ထူးထူးခြားခြား မြင့်တက်လျက် ရှိပါသည်။ ယခုအချိန်၌ ကြက်သွန်နီဈေးနှုန်းသည် စံချိန်တင်မြင့်တက်ခဲ့ပါသည်။

ယခုအချိန်၌ ပိုလန်နိုင်ငံတွင် ကြက်သွန်နီလက်ကားဈေးနှုန်းများသည် တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ (၂၃-၂၇)စင့်ရှိသော်လည်း ယခုအခါ ကြက်သွန်နီ ဈေးနှုန်းသည် နှစ်ဆခန့် မြင့်တက်ခဲ့ပြီး တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ (၅၀)စင့်အထိ ရောက်ရှိခဲ့ပါသည်။ ထို့ပြင် ယခုအခါတွင် ကြက်သွန်နီဈေးနှုန်းများသည် ပြီးခဲ့သည့်နှစ်ထက် (၄%) မြင့်တက်ခဲ့ပြီး ၎င်းသည် အလွန်စိုးရိမ်ဖွယ်ရာအချက် တစ်ခုဖြစ်ပါသည်။ ပြီးခဲ့သည့်ရာသီအား ကြက်သွန်နီ ဈေးနှုန်းများ စံချိန်တင်မြင့်တက်သည့်ရာသီအဖြစ် သတ်မှတ်ခဲ့ကြပါသည်။

(၂၀၂၂-၂၀၂၃)ရာသီ၏ ဖေဖော်ဝါရီလ၌ ကြက်သွန်နီဈေးနှုန်းများ သိသိသာသာ မြင့်တက် ခဲ့ပြီး မတ်လတွင် လက်ကားဈေးကွက်၌ ကြက်သွန်နီ တစ်ကီလိုဂရမ်လျှင် တစ်ဒေါ်လာနီးပါးသို့ ရောက်ရှိခဲ့ပါသည်။ ၎င်းနောက်တွင် ဈေးနှုန်းများ ကျဆင်းသွားခဲ့ပြီး မေလကုန်၌ တဖန် ပြန်လည် မြင့်တက်လာခဲ့ကာ ၂၀၂၃ ခုနှစ်၊ ဇွန်လကုန်အထိ ဈေးနှုန်းမပြောင်းလဲဘဲ မြင့်တက်လျက် ရှိပါသည်။

ယခုနှစ်တွင်လည်း ပြီးခဲ့သည့်နှစ်ထက် ကြက်သွန်နီဈေးနှုန်းများ ဆက်လက်မြင့်တက် လာနိုင်ဖွယ်ရှိပြီး EU နိုင်ငံများတွင် ကြက်သွန်နီ ရောင်းဝယ်ဖောက်ကားမှု၌ တင်းမားလျက်ရှိသော အခြေအနေများအပြင် ဂျာမနီနှင့် စပိန်နိုင်ငံတို့၌ ဖြစ်ပွားလျက်ရှိသော ကြက်သွန်နီအရည်အသွေးနှင့် အရွယ်အစားပြဿနာများကြောင့် ဈေးကွက်တွင်ပါဝင်သူအများစုသည် ကြက်သွန်နီဈေးနှုန်း ဆက်လက် မြင့်တက်လိမ့်မည်ဟု အကြွင်းမဲ့ယုံကြည်လျက်ရှိကြပါသည်။

သို့သော်လည်း ယခုရာသီ၌ ယူကရိန်းနှင့် အာရှအလယ်ပိုင်းနိုင်ငံများ၏ ဈေးကွက်များရှိ အခြေအနေများသည် လုံးဝခြားနားလျက်ရှိကြပါသည်။ ယူကရိန်းနိုင်ငံ၌ နှစ်အစပိုင်းတွင် ကြက် သွန်နီဈေးနှုန်းများ အမြင့်ဆုံးသို့ ရောက်ရှိခဲ့သော်လည်း ယခုအခါ၌ ပိုလန်နိုင်ငံထက် (၃၃%) လျော့နည်းလျက် ရှိပါသည်။ အာရှအလယ်ပိုင်းနိုင်ငံများတွင် ကြက်သွန်နီဈေးနှုန်းများသည် ပိုလန် နိုင်ငံထက် (၄-၅)ဆ အထိ ကျဆင်းလျက်ရှိပြီး ကြက်သွန်နီ ကုန်လက်ကျန်များမှာလည်း စံချိန်တင် မြင့်မားလျက်ရှိပါသည်။ အဆိုပါနိုင်ငံများသည် ပြီးခဲ့သည့်နှစ်ကတည်းက ကြက်သွန်နီများကို တင်သွင်းလာခဲ့ကြသည့်အတွက် ဖြစ်ပါသည်။

ပိုလန်နိုင်ငံ၏ လက်ရှိ ကြက်သွန်နီဈေးနှုန်းထက် တစ်ဝက်မျှသာရှိသော တူရကီနိုင်ငံ၏ အခြေအနေနှင့်လည်း များစွာ ခြားနားလျက်ရှိပါသည်။ ယနေ့တွင် ကာဇက်စတန်နှင့် ဥဇဘက် ကစ္စတန်နိုင်ငံများမှ ကြက်သွန်နီများကို ပိုလန်နိုင်ငံ အပါအဝင် EU နိုင်ငံများရှိ ဈေးကွက်များသို့ သတ်မှတ်ဈေးနှုန်းများဖြင့် တင်ပို့လျက်ရှိပါသည်။ 

ထို့ကြောင့် ဥရောပတောင်ပိုင်းနိုင်ငံများနှင့် မြောက်အာဖရိကနိုင်ငံများမှ ကြက်သွန်နီ အသစ်များ အမြောက်အများ ဝင်ရောက်လာသည့်တိုင် ကြက်သွန်နီဈေးနှုန်းများ ဆက်လက် မြင့်တက်နိုင်သော်လည်း လာမည့်လများတွင် ပိုလန်နိုင်ငံ၌ ကြက်သွန်နီဈေးနှုန်းများ စံချိန်တင် မြင့်တက်လာလိမ့်မည်ဟု မခန့်မှန်းသင့်ပါကြောင်း (၂၄. ၁. ၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.freshplaza.com ၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။

Source https://www.freshplaza.com/north-america/article/9594887/onion-prices-in-poland-at-record-high-for-this-time-of-the-year/ 


တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ