ဗီယက်နမ်မှ တင်ပို့သည့် လယ်ယာထွက်ကုန်များကို တင်သွင်းသည့်နိုင်ငံများမှ စိစစ်လျက်ရှိ

  • Wed, 7 February 2024

ဗီယက်နမ်မှ တင်ပို့သည့် လယ်ယာထွက်ကုန်များကို တင်သွင်းသည့်နိုင်ငံများမှ စိစစ်လျက်ရှိ



ဗီယက်နမ်တွင် လယ်ယာထွက်ကုန် ပို့ကုန်များ၏ အရည်အသွေးနှင့် စံချိန်စံညွှန်းများ မပြည့်မီပါက လယ်သမားများနှင့် ပို့ကုန်လုပ်ငန်းရှင်များထံ သတိပေးချက်များ ထုတ်ပြန်ခြင်းဖြင့် တင်သွင်းသည့် နိုင်ငံများမှ လယ်ယာပို့ကုန်များ စစ်ဆေးလျက်ရှိပါသည်။ ဘယ်လ်ဂျီယံနှင့် အီးယူ နိုင်ငံများရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံးမှ အချို့သွင်းကုန်များဖြစ်သော ငရုတ်ကောင်း၊ ဒူးရင်းနှင့် နဂါး မောက်သီး ကဲ့သို့သော လယ်ယာထွက်ကုန်များကို နယ်စပ်ဖြတ်ကျော်မှုဆိုင်ရာ ကြီးကြပ်မှုနှင့် စစ်ဆေးမှုများ မကြာခဏ ဆောင်ရွက်လျက်ရှိကြောင်း အီးယူနိုင်ငံများ၏ စည်းမျဉ်းစည်းကမ်း အသစ် များကိုမီးမောင်း ထိုးပြခဲ့ပါသည်။

(၂၀၂၃) ခုနှစ်တွင် အီးယူနိုင်ငံများသည် ဗီယက်နမ်၏ စိုက်ပျိုးရေးပို့ကုန်များအပေါ် အဓိက အားဖြင့် မှိုနှင့် ဓာတုဓာတ်ကြွင်းဆိုင်ရာ သတိပေးချက်အများအပြားကို ထုတ်ပြန်ခဲ့ပါသည်။ အလား တူပင် ဂျပန်နိုင်ငံ၏ အပင်ရောဂါပိုးမွှားကာကွယ်ရေး အေဂျင်စီမှ ဒူးရင်းနှင့် ငရုတ်အပါအဝင် ဓါတု ဓါတ်ကြွင်းများ ရှိနေသောကုန်ပစ္စည်းများကို စွန့်ပစ်ရန် ဦးတည်လျက်ရှိပါသည်။ တရုတ် နှင့် တောင် ကိုရီးယားတို့မှလည်း အပင်ပိုးမွှား ကင်းရှင်းရေးဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်မှုများ နှင့် ထုတ်ကုန်အမျိုးမျိုးရှိ ဓာတု ဓာတ်ကြွင်းများနှင့် စပ်လျဉ်း၍ သတိပေးချက်များ ပါဝင်ခဲ့ပါသည်။

ဗီယက်နမ်၏ လယ်ယာထွက်ကုန် တင်ပို့မှုသည် (၂၀၂၃)ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၅၃.၁)ဘီလီယံ အထိရှိပြီး ကမ္ဘာတစ်ဝှမ်းရှိ စျေးကွက်များသို့ ရောက်ရှိနေသော်လည်း သွင်းကုန် နိုင်ငံများ၏ တင်းကျပ်သော စံချိန်စံနှုန်းများကို လိုက်နာရခြင်းဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်လျက် ရှိပါသည်။ တရုတ်နိုင်ငံ၏ တင်းကျပ်သော နယ်စပ်ထိန်းချုပ်မှုအပါအဝင် IUUငါးဖမ်းခြင်း နှင့် သစ်တောပြုန်းတီးခြင်းတို့ကို တားမြစ်ထားသော အီးယူနိုင်ငံများ၏ စည်းမျဉ်းများသည် အဆိုပါ စိန်ခေါ်မှုများအတွက် တွန်းအားဖြစ်စေပါသည်။ ပို့ကုန်စျေးကွက်သစ်များ ရရှိရန်အတွက် အချိန်နှင့် ကြိုးစား အားထုတ်မှုများ လိုအပ်သော်လည်း စျေးကွက်ဝင်ရောက်ခွင့် နှင့် ဂုဏ်သိက္ခာထိခိုက်မှု များသည် ဗီယက်နမ်နိုင်ငံ၏ လယ်ယာထွက်ကုန် တင်ပို့မှုကဏ္ဍအပေါ် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်လာ စေနိုင်ပါသည်။

ဗီယက်နမ်အနေဖြင့် တင်သွင်းသည့်နိုင်ငံများ၏ စည်းမျဉ်းများကို လိုက်နာခြင်းသည် စျေးကွက်များကို ထိန်းသိမ်းရန်နှင့် စျေးကွက်ပိတ်ဆို့ခြင်းများကိုရှောင်ရှားရန် အဓိကအရေးကြီး 

- ၈ -

သည့်အချက် ဖြစ်ပါသည်။ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဒုတိယဝန်ကြီး Tran Thanh Nam မှ (၂၀၂၃) ခုနှစ် SBS Vietnam ၏ လုပ်ငန်းတာဝန်များကို ပြန်လည်သုံးသပ်စဉ် အတွင်း သွင်းကုန်စျေးကွက်များ၏ တိရစ္ဆာန်၊ အပင်ပိုးမွှားရောဂါ ကင်းရှင်းရေးနှင့် အစားအစာ ဘေးကင်းမှုဆိုင်ရာ ခိုင်မာသော စည်းမျဉ်းစည်းကမ်းများကို အလေးပေး ပြောကြားခဲ့ပါကြောင်း    (၂. ၂. ၂၀၂၄) ရက်နေ့တွင် ထုတ်ဝေခဲ့သော  Fresh Plaza ကွန်ရက်ဆောင်းပါးအရသိရှိရပါသည်။


Source https://www.freshplaza.com/north-america/article/9596017/vietnam-s-agricultural-exports-are-under-scrutiny-from-importing-countries/


တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန








ဆက်စပ် သတင်းများ