တရုတ်နိုင်ငံသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) ဖြင့် Orah လိမ္မော်သီး ကီလိုဂရမ် (၁.၅)သန်းကို ဒူဘိုင်းသို့ တင်ပို့မည်ဖြစ်ကြောင်း

  • Thu, 20 January 2022

တရုတ်နိုင်ငံသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) ဖြင့် Orah လိမ္မော်သီး ကီလိုဂရမ် (၁.၅)သန်းကို ဒူဘိုင်းသို့ တင်ပို့မည်ဖြစ်ကြောင်း


ဒူဘိုင်းသို့ ပထမဆုံးအကြိမ် Orah လိမ္မော်သီးတင်ပို့မှုနှင့် မလေးရှားသို့ ပင်လယ်ရေကြောင်းလမ်းဖြင့် တင်ပို့မှုအခမ်းအနားကို ဇန်နဝါရီလ (၁၀) ရက်နေ့တွင် တရုတ်နိုင်ငံ Guangxi မြို့ရှိ Qifeng Juzhou Ecological Agriculture Co., Ltd., ၏ ဥယျာဉ်အခြေစိုက်စခန်း၌ ကျင်းပခဲ့ပါသည်။ ကူးစက်ရောဂါ ထိန်းချုပ်ကန့်သတ်ခြင်းကို ဖြတ်ကျော်ပြီးနောက် Orah လိမ္မော်သီး ကီလိုဂရမ် (၁.၅)သန်းကို တင်ပို့သွားမည် ဖြစ်ပါသည်။ Orah လိမ္မော်သီးသည် ပါးလွှာသောအခွံနှင့် နူးညံ့သောအသား၊ အရည်ရွှမ်းပြီး ချိုသောအရသာ၊ ရှည်လျားသော အသီးသီးမှုကာလ၊ သိုလှောင်မှုနှင့် သယ်ယူပို့ဆောင်ရေးဒဏ် ခံနိုင်ရည်ရှိခြင်း စသည့် ထင်ရှားသော အားသာချက်များ ရှိပါသည်။
ယခုအကြိမ်တွင် Orah လိမ္မော်သီးတင်ပို့မှုကို Brunei Guangxi အထွေထွေကုန်သွယ်ကြီးများအသင်း ဥက္ကဌ ZhengZuoliang မှ အသိအမှတ်ပြုခဲ့ပါသည်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) အသက်ဝင်လာပြီးနောက် အကောက်ခွန်လျှော့ချရေး၊ အကောက်ခွန်လုပ်ထုံးလုပ်နည်းများကို ရိုးရှင်းလွယ်ကူစေခြင်းနှင့် ကုန်သွယ်ဝန်ဆောင်မှု ဖွင့်ပေးခြင်း စသည့်အစီအမံများသည် ကုန်ပစ္စည်းများတင်သွင်းမှုနှင့် တင်ပို့မှုအချိန်များနှင့် ကုန်ကျစရိတ်များစွာကို လျှော့ချပေးခဲ့ပြီး တစ်ချိန်တည်းမှာပင် တန်ဖိုးကြီး ကုန်အမှတ်တံဆိပ်များကို ခိုင်မာအောင် ပြုလုပ်ရာတွင် အထောက်အကူဖြစ်စေသော နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်များ တစ်သားတည်း ဖြစ်စေရေးကို မြှင့်တင်ခဲ့ကြောင်း သိရှိရပါသည်။
Guangxi မြို့သည် အာဆီယံနိုင်ငံများနှင့် ကပ်လျက်တည်ရှိခြင်းသည် ပထဝီမြေအနေအထားအရ အားသာချက်ဖြစ်ပြီး အရည်အသွေးမြင့်စိုက်ပျိုးမှုနှင့် စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်များ တင်ပို့နိုင်မှုသည် လူသိများ ထင်ရှားသည့် အချက်ဖြစ်ပါသည်။ RCEP စာချုပ်အသက်ဝင်ပြီးနောက် Orah လိမ္မော်သီးကို ပြည်ပနှင့် ကမ္ဘာတစ်ဝှမ်းသို့ တင်ပို့မည်ဖြစ်ပြီး Orah လိမ္မော်သီးစိုက်ပျိုးမှု နည်းပညာများကို မြှင့်တင်ခြင်း၊ ဖလှယ်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ပါသည်။
Qifeng Juzhou Ecological Agriculture Co., Ltd. သည် ယခင်နှစ်တွင် Orah လိမ္မော်သီးကီလိုဂရမ် (၂.၅)သန်း တင်ပို့ခဲ့ပါသည်။ Orah လိမ္မော်သီးကီလိုဂရမ် (၅)သန်းကို မလေးရှား၊ ထိုင်း၊ မြန်မာ၊ ဒူဘိုင်းနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ တင်ပို့ရန်အတွက် မကြာသေးမီက သဘောတူလက်မှတ်ကို အောင်မြင်စွာ ရေးထိုးနိုင်ခဲ့ပါသည်။ RCEP စာချုပ်ရေးထိုးခြင်းအားဖြင့် Orahလိမ္မော်သီးတင်ပို့ရန် ကြီးမားသော အကျိုးကျေးဇူးရရှိပြီး တင်ပို့မှုပမာဏမှာ သိသိသာသာ တိုးတက်လိမ့်မည်ဟု မျှော်မှန်းထားကြောင်း (၁၂.၁.၂၀၂၂) ရက်တွင် ထုတ်ပြန်ခဲ့သော Fresh Plaza ကွန်ယက်၏ သတင်း ဆောင်းပါးအရ သိရှိရပါသည်။

Source : https://www.freshplaza.com/article/9389533/china-1-5-million-kilograms-of-orah-mandarins-will-be-exported-to-dubai-by-rcep/

ဆက်စပ် သတင်းများ