ကိုရီးယား ရင်းနှီးမြှုပ်နှံမှု စိုက်ပျိုးရေးပို့ကုန်များကို ပစ်မှတ်ထား

  • Wed, 7 February 2024

ကိုရီးယား ရင်းနှီးမြှုပ်နှံမှု စိုက်ပျိုးရေးပို့ကုန်များကို ပစ်မှတ်ထား



ကမ္ဘောဒီးယားနိုင်ငံရှိ ကိုရီးယားသက်ကြီးရွယ်အိုများအသင်း (KSCAC) နှင့် ၎င်း၏ တောင် ကိုရီးယားမိတ်ဖက်များသည် ကိုရီးယားနှင့်တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက် ကမ္ဘောဒီးယား လယ်ယာ ထွက်ကုန်(၇)မျိုးတွင် ရင်းနှီးမြှုပ်နှံရန် စိတ်အားထက်သန်လျက်ရှိပါသည်။

တင်ပို့ရန်အတွက် ရည်ရွယ်ထားသော သီးနှံများမှာ ငရုတ်ခြောက် နှင့် သရက်၊ ငှက်ပျော၊ နှမ်းဆီ၊ ငါးပုစွန်စသည့် ရေထွက်ကုန်များ၊ လဲပင်နှင့် ရော်ဘာပင်ထွက် ပြုပြင်မွမ်းမံထားသော ထုတ်ကုန်များ ပါဝင်ပါသည်။

စိုက်ပျိုးရေး၊ သစ်တော နှင့် ငါးမွေးမြူရေးလုပ်ငန်းဝန်ကြီးဌာနသည် အဆိုပါသီးနှံများ၏ စီးပွားရေးအရ ဖြစ်နိုင်စွမ်းအားကို စေ့စပ်သေခြာစွာ ခွဲခြမ်းစိတ်ဖြာရန် အကြံပြုထားပါကြောင်းကို ဇန်နဝါရီ ၂၈ ရက် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ပြည်နယ်အဆင့် ဝန်ကြီးဌာနဆိုင်ရာ အတွင်းဝန် Prak David နှင့် KSCAC ဒုတိယဥက္ကဋ္ဌ Kim Moon-baik တို့ တွေ့ဆုံစဉ်တွင် အသင်းများအနေဖြင့် နှမ်းသီးနှံများကို အဓိကထား၍ ရင်းနှီး မြှုပ်နှံရန် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါသည်။

ကိုရီးယားတွင် အရည်အသွေးနှင့်အရသာပိုင်ဆိုင်ရာ ရေပန်းစားလျှက်ရှိသည့် ကမ္ဘောဒီးယား လယ်ယာထွက်ကုန်များကို ဂျပန် နှင့် တရုတ်ဈေးကွက်များသို့ တင်ပို့ရောင်းချရန် ရည်ရွယ်ထား သည်ကို သတိပြုမိကြောင်း Kim က ပြောကြားခဲ့ပါသည်။ 

ကမ္ဘောဒီးယားနိုင်ငံ လယ်ယာထွက်ကုန်များ၏ အလားအလာများကို စူးစမ်းလေ့လာရန် ကုမ္ပဏီ၏ စိတ်ဝင်စားမှုကို ကျေနပ်မိကြောင်း ဒေးဗစ်က ပြောကြားခဲ့ပါသည်။

ရာသီဥတုဖောက်ပြန်မှုသည် စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက်နိုင်ပြီး လယ်ယာထွက်ကုန် များ၏ ဈေးကွက်တန်ဖိုး နှင့် အနာဂတ် ရင်းနှီးမြှုပ်နှံမှုအတွက် အလားအလာများ ရှိလာကြောင်းကို ၎င်းက ဇန်နဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့ပါသည်။ သို့သော်လည်း ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးရေးကုန်ကြမ်းစရိတ်များ မြင့်တက် လာကြောင်း ၎င်းက မှတ်ချက်ပြုခဲ့ပါသည်။

 “ကိုရီးယားကုမ္ပဏီများမှ ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားမှုကိုပြသခြင်းမှာ အားရစရာ ဖြစ်ကြောင်း၊   သို့သော်လည်း ရင်းနှီးမြုပ်နှံသူများအနေဖြင့် ခေတ်မီနည်းပညာများကို ဂရုတစိုက် ထည့်သွင်းစဉ်းစားဖို့လည်း တိုက်တွန်းထားပြီး၊ ရင်းနှီးမြှုပ်နှံမှုအတွက် စီစဉ်ထားသည့် ထုတ်ကုန် များအတွက် သီးနှံများကိုဆိုးရွားစွာထိခိုက်စေနိုင်သော ဒေသမျိုးစိတ်များတွင် ရောဂါကျရောက်မှု အန္တရာယ်ကို လျှော့ချနိုင်ရန် အထူးအရေးကြီးပါသည်” ဟု ၎င်းက ဆိုပါသည်။

၂၀၂၃ ခုနှစ်တွင် ဝန်ကြီးဌာန၏ အဆိုအရသီးနှံစိုက်ခင်း ၁၉,၀၈၈ ဟက်တာ စိုက်ပျိုးခဲ့ပြီး၊ အဆိုပါဧရိယာသည်စီမံကိန်းဧရိယာ ၃၅,၇၄၄ ဟက်တာ၏ ၅၃ ဒသမ ၄ ရာခိုင်နှုန်း ရှိပြီး ယခင်နှစ် စိုက်ဧရိယာ ၃၅၇၀ ဟက်တာအထက် ကျော်လွန်ခဲ့ပါသည်။ စက်မှုသီးနှံစိုက်ဧရိယာ ၆၂,၄၇၄ ဟက်တာ လွှမ်းခြုံထားပြီး စီမံကိန်း ၁၁၀,၅၅၇ ဟက်တာ၏ ၅၆.၅၁ ရာခိုင်နှုန်းနှင့် ညီမျှကာ ယခင်နှစ်ဧရိယာ ၄,၂၂၅ ဟက်တာထက် ကျော်လွန်ခဲ့ပါသည်။

၂၀၂၃ ခုနှစ် အစီရင်ခံစာအရ လယ်ယာထွက်ကုန်တင်ပို့မှု ခန့်မှန်းတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၄ ဒသမ ၃၀၆ ဘီလီယံရှိပြီး ဆန်မဟုတ်သော လယ်ယာထွက်ကုန် တင်ပို့မှုတန်ဘိုးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၉၉ ဘီလီယံရှိကြောင်းကို (၂. ၂. ၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်သည့် phnompenhpost.com အရသိရှိရပါသည်။


Source https://www.phnompenhpost.com/national/korean-investment-targets-agricultural-exports


တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်

စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ