EU သို့ ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှု သိသာထင်ရှားစွာ တိုးတက်လာ

  • Wed, 21 February 2024

EU သို့ ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှု သိသာထင်ရှားစွာ တိုးတက်လာ


EU သို့ ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှု သိသာထင်ရှားစွာ တိုးတက်လာ

ဥရောပသမဂ္ဂသို့ ဗီယက်နမ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ တင်သွင်းမှု သိသိ သာသာ မြင့်တက်လာသည်ကို တွေ့မြင်ရပြီး ပို့ကုန်တန်ဖိုးအနေဖြင့် (၂၀၂၂)ခုနှစ်တွင် အမေရိကန် ဒေါ်လာ သန်း(၂၀၀) ရှိခဲ့ရာမှ (၂၀၂၃)ခုနှစ်တွင် တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ (၃၉၉) သန်းအထိ မြင့်တက်လာခဲ့ပါသည်။

 ထို့ကြောင့်EUသည် ဗီယက်နမ်ထွက်ကုန်များ၏ တတိယမြောက်အများဆုံး ဝယ်ယူသူ ဖြစ်လာသည့်အပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း လာမည့်နှစ်များတွင် (၂၀%) သို့ မဟုတ် ၎င်းနှင့်အထက် ပိုမိုတိုးတက်လာနိုင်သော စီမံကိန်းတစ်ခုဖြစ်သည့် ဥရောပသမဂ္ဂ-ဗီယက်နမ် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (EVFTA)၏ ကုန်သွယ်မှုအကျိုးအမြတ်ကို မြှင့်တင်ရန် စိတ်အား ထက်သန်နေကြကြောင်းကို ဗီယက်နမ်သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်အသင်း (Vinafruit) ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ Dang Phuc Nguyen ၏ ပြောကြားချက်အရ သိရှိရပါသည်။

မည်သည့်စီးပွားရေးလုပ်ငန်းဖြစ်စေ အဆိုပါဈေးကွက်သို့တင်ပို့နိုင်ပါက ယင်းဈေးကွက်၏ များစွာသော နည်းပညာဆိုင်ရာရင်းနှီးမြှုပ်နှံမှု၊ ကုန်စည်ထိန်းသိမ်းမှုနည်းပညာများအပြင် ထုတ် ကုန်၏ အရည်အသွေးပိုင်းဆိုင်ရာများကြောင့် အခြားဈေးကွက်များသို့ ပိုမိုလွယ်ကူစွာ ဈေးကွက် ထိုးဖောက်နိုင်သဖြင့် EU ဈေးကွက်သည် ဗီယက်နမ်နိုင်ငံအတွက် အလွန်အရေးပါသော ဈေးကွက် တစ်ခု ဖြစ်ကြောင်း Vinafruit ၏ ခေါင်းဆောင်ဖြစ်သူမှ ပြောကြားခဲ့ပါသည်။

မည်သို့ပင်အလားအလာများစွာ ရှိနေစေကာမူ ဥရောပသမဂ္ဂသည် မကြာသေးမီကပင် ဗီယက်နမ်၏ စိုက်ပျိုးရေးဆိုင်ရာစားသောက်ကုန်(၅)မျိုးအား အရည်အသွေးဆိုင်ရာ စစ်ဆေးမှုများ စေ့စပ်သေချာစွာ စီစစ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါစစ်ဆေးခံရသည့် ကုန်စည်များတွင် ဒူးရင်းသီး လည်း အပါအဝင်ဖြစ်ပြီး ၎င်းကို EUနယ်စပ်ဂိတ်တွင် ကြိမ်နှုန်း(၁၀%)၌ ဖြတ်သန်းစေကာ ကင်းထောက် စစ်ဆေးစေခဲ့ပါသည်။ ထို့အပြင် ဥရောပသမဂ္ဂသည် (၂၀၂၄)ခုနှစ်၊ မေလတွင် စတင် ခဲ့သည့် အမျိုးမျိုးသော စိုက်ပျိုးရေးဆိုင်ရာထွက်ကုန်များတွင် Oxamyl ဓာတ်ကြွင်း အများဆုံး ကြွင်းကျန်သည့်အဆင့် (MRL) နှင့်ပတ်သက်၍ ပိုမိုတင်းကျပ်သော မူဝါဒများနှင့်အညီ စတင်ကျင့်သုံး နေပြီ ဖြစ်ပါသည်။ ပြည်ပပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အဆိုပါမူဝါဒများအား အချိန်ဆိုင်းငံ့ခြင်း မပြုဘဲ ဆောလျင်စွာ လက်ခံကျင့်သုံးကြရန် အကြံပြုထားပါသည်။

၎င်းသည် ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းသည့် စားသောက်ကုန်ဖြစ်စေရန်၊ ဘေး အန္တရာယ် ကင်းရှင်းစေရန်နှင့် စံချိန်မီထုတ်ကုန်ဖြစ်စေရန် စသည်တို့ကိုအဓိကထားသည့် အရည် အသွေးဆိုင်ရာ ကမ္ဘာ့ဝယ်လိုအား အများဆုံးဈေးကွက်ဖြစ်သည့်အပြင် အဆိုပါဈေးကွက်တွင် ဈေးကွက်ဝင်လိုသည့် ကုန်စည်များအနေဖြင့်လည်း ဥရောပစံချိန်စံညွှန်းများနှင့် ကိုက်ညီရမည့်အပြင် GlobalGAP standards ကဲ့သို့သော နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်များလည်း ရှိရမည် ဖြစ်ကြောင်း Phuc Nguyenက ပြောကြားခဲ့သည်ကို (၁၄.၂.၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် www.hortidaily.com ၏ သတင်းဆောင်းပါးမှတဆင့် သိရှိခဲ့ရသည်။


Source https://www.hortidaily.com/article/9599718/vietnamese-fruit-and-vegetable-exports-to-the-eu-experience-significant-growth/

တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန





ဆက်စပ် သတင်းများ