ဥဇဘက်ကစ္စတန်နိုင်ငံအစိုးရသည် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှု မြှင့်တင်ရန် စီစဉ်

  • Wed, 21 February 2024

ဥဇဘက်ကစ္စတန်နိုင်ငံအစိုးရသည် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှု မြှင့်တင်ရန် စီစဉ်



ဥဇဘက်ကစ္စတန်နိုင်ငံသည်လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိသာထင်ရှား သော တွန်းအားပေးမှုများပြုလုပ်ခဲ့ပြီးသမ္မတ Shavkat Mirziyoyev ၏ ဦးဆောင်မှုဖြင့် သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက် ထုတ်လုပ်မှုနှင့် ပို့ကုန်များကို တိုးချဲ့ရန်ရည်ရွယ်သည့် ပြည့်စုံသော မဟာဗျူဟာကို ထုတ်ဖော်ခဲ့ပါသည်။ ဖေဖော်ဝါရီ ၁၂ ရက်က အရေးပါသော အစည်းအဝေးတစ်ခု ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးတွင် ဒေသခံတောင်သူလယ်သမားများထံ ဧရိယာ ဟက်တာ ၆၀,၀၀၀ ထပ်မံခွဲဝေပေးရေးကိစ္စကို အဓိကထားဆွေးနွေးခဲ့ပြီး လယ်ယာ ထွက်ကုန် တန်ချိန် ၁ ဒသမ ၅ သန်းမှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ အပိုဆောင်းရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ယခုအစီအစဉ်သည် လူငယ်များအား လယ်ယာလုပ်ငန်း ကျွမ်းကျင်မှုရှိစေရန်နှင့် ဥဇဘက်ကစ္စတန် နိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာ မြေယာရှုခင်းအလှဆင်ခြင်းလုပ်ငန်းများတွင် အလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေရေးတို့အတွက် အရေးကြီးကြောင်း အလေးပေးဖော်ပြခဲ့ပါသည်။

မဟာဗျူဟာသည် အသစ်ချီးမြှင့်ထားသော စီးပွားဖြစ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် စိုက်ကွက်ငယ်များပေါ်တွင် စက်မှုလုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပေါင်းစပ်ခြင်းဖြင့် နိုင်ငံ ထုတ်ကုန်တန်ဘိုး အမေရိကန်ဒေါ်လာ ၁ ဘီလီယံ မြှင့်တင်ရန် အလားအလာကောင်းများကို စူးစမ်း လေ့လာခဲ့ပါသည်။ အဆိုပါ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးရန်အတွက် အစိုးရသည် ၁ တြီလီယံ ပမာဏရှိသည့် ချေးငွေအရင်းအမြစ်များကို ထောက်ပံ့ပေးပြီး ကုန်စည်ထုတ်လုပ်ရာတွင် ကူညီပံ့ပိုး ပေးခြင်း၊ စက်ပစ္စည်း များဝယ်ယူဖြည့်တင်းပေးခြင်းနှင့် လုပ်ငန်းမတည်ငွေရင်း ဘဏ္ဍာငွေများ ပံ့ပိုးပေးခြင်းတို့ကိုလုပ်ဆောင်သွားမည်ဖြစ်ပါကြောင်းကို (၁၄-၂-၂၀၂၄) ရက်နေ့ထုတ် Fresh Plaza သတင်းဆောင်းပါးအရသိရှိရပါသည်။

Source https://www.freshplaza.com/asia/article/9600159/government-of-uzbekistan-plans-to-boost-fruit-and-vegetable-exports/


တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်

စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ