ဗြိတိန်နိုင်ငံသို့ ခရီးစဉ်စေလွှတ်ရန်အတွက် တူရကီစိုက်ပျိုးရေးကောင်စီမှ စီစဉ်နေ

  • Mon, 4 March 2024

 ဗြိတိန်နိုင်ငံသို့ ခရီးစဉ်စေလွှတ်ရန်အတွက် တူရကီစိုက်ပျိုးရေးကောင်စီမှ စီစဉ်နေ



လတ်ဆတ်သည့် သစ်သီးဝလံကုန်စည်များ ထိပ်တန်း ဖြန့်ချီတင်ပို့သည့် ကိုယ်စားလှယ် အဖွဲ့အား မတ်လတွင်  ဗြိတိန်နိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း တူရကီ စိုက်ပျိုးရေးကောင်စီမှ ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

တူရကီနိုင်ငံသည် ဗြိတိန်နိုင်ငံသို့ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် အဓိကတင်ပို့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အဆိုပါခရီးစဉ်ကို အလားအလာရှိသည့် ဝယ်ယူသူများနှင့် တိုးမြှင့်ချိတ်ဆက် ဆောင်ရွက်နိုင်ရန်နှင့် ဗြိတိန်နိုင်ငံသို့ အရည်အသွေးကောင်း တူရကီကုန်စည်များတင်ပို့မှု ပိုမိုတိုးမြှင့် နိုင်ရန် ရည်ရွယ်၍ စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။

သမိုင်းမှတ်တမ်းများအရ တူရကီနိုင်ငံသည် ကမ္ဗလာသီး၊ လိမ္မော်သီး နှင့် သံပုယိုသီးကဲ့သို့ ရှောက် သံပုရာမျိုးရင်းဝင်သီးနှံများနှင့် ခရမ်းချဉ်သီးတင်ပို့သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ကျော်ကြားခဲ့ သည့်အပြင် မကြာသေးမီကပင် ၎င်းသည် ဒေသတွင်း သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက် အများဆုံး တင်ပို့သည့်နိုင်ငံ ဖြစ်လာခဲ့ပါသည်။ တူရကီနိုင်ငံ၏ နှစ်စဉ်ပို့ကုန်ဝင်ငွေအဖြစ် လတ်ဆတ်သော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များတင်ပို့မှုမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ(၆)ဘီလီယံကျော် ပြန်လည်ရရှိခဲ့ပါသည်။

ကိုယ်စားလှယ်အဖွဲ့ဝင် တောင်သူများသည်  တူရကီထုတ်ကုန်များကို စုံလင်စွာပြသမည် ဖြစ်သဖြင့် ၎င်းတို့၏ ခရီးစဉ်သည် ဗြိတိန်နိုင်ငံမှ ဝယ်ယူသူများအား ကုန်စည်ဖြန့်ချီတင်ပို့သူများနှင့် တိုက်ရိုက် ချိတ်ဆက်နိုင်စေမည့်အပြင် အလားအလာရှိသော သွင်းကုန်မိတ်ဖက်များ ရရှိနိုင်သည့် အခွင့်အလမ်း များလည်း ရရှိလာစေနိုင်ပါသည်။

ထို့အပြင် ကောင်စီသည် လန်ဒန်နှင့် ဘာမင်ဂမ်ရှိ ဟိုတယ်များတွင် အလားအလာရှိသော ဝယ်ယူသူ များအတွက် တွေ့ဆုံပွဲ (၂)ကြိမ် ဆောင်ရွက်မည်ဖြစ်ပါသည်။ လန်ဒန်တွင် ပြုလုပ်မည့် တွေ့ဆုံပွဲအား The Tower Hotel ၌ မတ်လ၊ (၅) ရက်၊ အင်္ဂါနေ့ နံနက် (၁၁)နာရီမှ ညနေ (၄)နာရီ အထိ ကျင်းပမည်ဖြစ်ပြီး ဘာမင်ဂမ်တွင် ပြုလုပ်မည့် တွေ့ဆုံပွဲအား Edgbaston Park Hotel ၌ မတ်လ၊ (၇) ရက်၊ ကြာသပတေးနေ့ နံနက် (၁၁) နာရီမှ ညနေ (၄) နာရီအထိ ကျင်းပဆောင်ရွက် သွားမည် ဖြစ်ပါသည်။

Ada Fresh Agriculture Company ၊ Be-ka Tarım၊ Erdoğan Ekinci Tarım နှင့် GlobusTarim စသည့် ကုမ္ပဏီများမှ တူရကီကုန်စည် ဖြန့်ချီတင်ပို့သူ (၁၃)ဦးပါဝင်ပြီး ၎င်းတို့သည် သခွားသီး၊ သလဲသီး၊ သဖန်းသီး၊ ပန်းဂေါ်ဖီ၊ ဖရဲသီး၊ ငရုတ်ကောင်း နှင့် ထောပတ်သီးကဲ့သို့ သီးနှံစိုက်ပျိုးသည့် တောင်သူများကို ကိုယ်စားပြုကြောင်း (၂၂. ၂. ၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်သည့် Fresh Produce Journal သတင်းအရ သိရှိရပါသည်။

Source https://www.fruitnet.com/fresh-produce-journal/turkish-agriculture-council-gears-up-for-uk-visit/258739.article


တင်ပြသူ ဒေါ်နှင်းရီဝင်း၊  စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ