ဆန်စပါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၅)ဘီလီယံ ရရှိရန် ရည်မှန်းထား

  • Mon, 4 March 2024

ဆန်စပါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၅)ဘီလီယံ ရရှိရန် ရည်မှန်းထား



ဗီယက်နမ်၏ဆန်တင်ပို့မှုမှာ ယခုနှစ်အတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၅) ဘီလီယံအထိ စံချိန်တင်ရရှိနိုင်ရန် မျှော်မှန်းထားပါသည်။

ယခုနှစ်သည် ကမ္ဘာ့ဆန်ဈေးကွက်တွင် မျှော်မှန်းထားသည့် မတည်ငြိမ်မှုကာလတစ်ခု ဖြစ်ပြီး ထုတ်လုပ်မှုနှင့် ဝယ်လိုအား အတက်အကျများအပြင် ပို့ကုန်ထိပ်တန်းနိုင်ငံများ၏ မူဝါဒများ နှင့် ဆက်စပ်နေပါသည်။ ထို့ကြောင့် ထုတ်လုပ်မှုနှင့် လိုက်လျောညီထွေရှိသော ပို့ကုန်စီမံခန့်ခွဲမှုတွင် ဆန်းသစ်တီထွင်မှုသည် ဗီယက်နမ် ဆန်လုပ်ငန်း တိုးတက်အောင်မြင်ရန် အရေးကြီးသော အခြေ အနေများ ဖြစ်ပါသည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ အဆိုအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စပါးစိုက်ပျိုးမှုဧရိယာ ကျဉ်းမြောင်းလာသော်လည်း (၂၀၂၄)ခုနှစ်အတွင်း လယ်ယာ ကဏ္ဍသည် တည်ငြိမ်သောစိုက်ဧရိယာ ဟက်တာ (၇.၁)သန်းကို ထိန်းသိမ်းထားရန် ရည်မှန်းထား ပါသည်။ စပါးအထွက်နှုန်းမှာ တန်ချိန် (၄၃)သန်းကျော်ရှိပြီး တင်ပို့ရန်အတွက် တန်ချိန် (၈)သန်းခန့် ရှိပါသည်။ 

ယခုနှစ်အတွက် ခန့်မှန်းချက်များအရ လယ်ယာသွင်းအားစုပစ္စည်းများ၏ ဈေးနှုန်းများသည် မြင့်မားနေမည်ဖြစ်ပြီး ကောက်ပဲသီးနှံများ ရောဂါဖြစ်ပွားနိုင်သည့်အပြင် အယ်လ်နီညိုကြောင့် ပြင်း ထန်သော မိုးခေါင်ရေရှားမှုနှင့် ရေရှားပါးမှုတို့လည်း ပါဝင်သည်။ ထို့ကြောင့် စိုက်ပျိုးရေးကဏ္ဍသည် ထုတ်လုပ်မှု အစီအစဉ်များနှင့် သင့်လျော်သော သီးနှံရာသီပုံစံများကို ချိန်ညှိပြီး ရောင်းလိုအား တည်ငြိမ်စေရန်၊ အထူးသဖြင့် အရည်အသွေးကောင်းသော အရင်းအမြစ်များကို တင်ပို့ရန် ညွှန်ကြား ထားပါသည်။ ဆန်းသစ်တီထွင်သော ထုတ်လုပ်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်း များစွာသည် လယ်သမားများအတွက် သိပ္ပံနည်းကျ ရေရှည်တည်တံ့သော စိုက်ပျိုးရေးဆိုင်ရာ ဖြေရှင်းချက်များကို ပံ့ပိုးပေးလျက်ရှိပါသည်။

ဖေဖော်ဝါရီလအစောပိုင်းတွင် ဗီယက်နမ်၏ ဆန်ကွဲပါဝင်မှု (၅ %) ဆန်ကို တစ်တန်လျှင် (၆၃၈)ဒေါ်လာဖြင့် ပြည်ပသို့ရောင်းချခဲ့ပြီး အဆင့်တူသည့်ထိုင်းဆန်တစ်တန် တန်ဘိုးထက် (၁၀) ဒေါ်လာ ကျော်လွန်ခဲ့ပါသည်။ ဗီယက်နမ်စားနပ်ရိက္ခာအသင်း၏အဆိုအရ နိုင်ငံအများအပြားသည် ဆန်တင်သွင်းမှုတိုးမြင့်လာပြီး အိန္ဒိယသည် ၎င်းဆန်အမျိုးအစားကို တင်ပို့ခွင့် ပိတ်ပင်ထားဆဲဖြစ် ခြင်းကြောင့် လာမည့်အချိန် အတွင်း ပို့ကုန်စျေးနှုန်းများ မြင့်တက်လာဖွယ်ရှိကြောင်း သိရပါသည်။

တစ်ချိန်တည်းတွင် အမျိုးသား စိုက်ပျိုးရေး-သစ်တော-ငါးလုပ်ငန်း အရည်အသွေး အာမခံ ဌာနမှ အချက်အလက်များအရ ယခုနှစ်တွင် ကမ္ဘာ့ဆန်ထွက်ရှိမှုသည် တန်ချိန် သန်း (၅၂၀)ဝန်းကျင် ရှိနိုင်ပြီး စားသုံးမှုတန်ချိန်သည် (၅၂၅)သန်းသို့ရောက်ရှိလာကာ ပြတ်လပ်မှုဖြစ်နိုင်ကြောင်း ညွှန်ပြ နေပါသည်။ ထို့ကြောင့် ဆန်ထုတ်လုပ်ခြင်းနှင့် တင်ပို့ရောင်းချသည့်လုပ်ငန်းများသည် စာချုပ်အသစ် များကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန်အတွက် စျေးကွက်ကို အနီးကပ် စောင့် ကြည့်ရန် လိုအပ်ပြီး ဈေးနှုန်းနှင့် အရည်အသွေးကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။

ORIENT Rice Co. Ltd ၏ အထွေထွေဒါရိုက်တာ Nguyen Viet Anh က စျေးကွက် အတက်အကျကြောင့် လုပ်ငန်းများ၏ လိုက်လျောညီထွေမှုရှိသော အညွှန်းကိန်းသည် အလွန် အရေးကြီးသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ ဆန်သည် ကမ္ဘာနှင့်အဝှမ်းတွင် မရှိမဖြစ် လိုအပ်သော ကုန်စည်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေသောကြောင့် အနာဂတ်တွင် ဤနယ်ပယ်၌ ထုတ်လုပ်မှု နှင့် စီးပွားရေးအတွက် သိသာထင်ရှားသော အခွင့်အလမ်းများ ရှိနေပါသည်။ တင်ပို့ခြင်း လုပ်ငန်းများအတွက် ၎င်းတို့၏ လိုက်လျောညီထွေရှိမှုနှင့် ပြောင်းလွယ်ပြင်လွယ်ရှိသော အခွင့် အလမ်းများအပေါ် အသုံးချနိုင်စေရန် မရှိမဖြစ်လိုအပ်ကြောင်း (၂၀.၂.၂၀၂၄) ရက်နေ့တွင် ထုတ်ပြန် ခဲ့သော Vietnam Plus website ၏ သတင်းဆောင်းပါးအရ သိရှိရပါသည်။



Source https://en.vietnamplus.vn/rice-sector-works-on-5-billion-usd-export-target/279708.vnp

တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန





ဆက်စပ် သတင်းများ