ထိုင်းနိုင်ငံမှ ထုတ်ပြန်သည့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်စာချုပ်(FTA)သည် အာဆီယံ ထိပ်တန်း လယ်ယာပို့ကုန် တင်ပို့သူများအတွက် ရည်ရွယ်

  • Mon, 4 March 2024

ထိုင်းနိုင်ငံမှ ထုတ်ပြန်သည့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်စာချုပ်(FTA)သည် အာဆီယံ ထိပ်တန်း လယ်ယာပို့ကုန် တင်ပို့သူများအတွက် ရည်ရွယ်


လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ် (FTA)ကို အကောင်အထည်ဖော်ခြင်းဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် နိုင်ငံခြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင် နိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ လယ်ယာပို့ကုန်တင်ပို့မှု အာဆီယံမှာ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိရေး ဆောင်ရွက်မည့်အစီအစဉ်များကို ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော် ပြောကြားခဲ့ပါသည်။ 

လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်(FTAs) များ၏ အလားအလာကို တိုးမြှင့် ခြင်းသည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကိန်းဂဏန်းများကို သိသာထင်ရှားစွာ မြှင့်တင်ပေးနိုင်ပြီး ထိုင်းနိုင်ငံသည် ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိလာစေသည်။ ထိုင်းနိုင်ငံ၏ လက်ရှိ  လယ်ယာ ထွက်ကုန်တင်ပို့မှုသည် အာဆီယံတွင် နံပါတ်(၁)နေရာ၌ရှိပြီး ကမ္ဘာတစ်ဝှမ်းတွင် သတ္တမမြောက်၊ ပြုပြင်ပြီးသော လယ်ယာထွက်ကုန်များတင်ပို့မှုအနေဖြင့် အာဆီယံတွင် တတိယ နေရာတွင်ရှိပြီး နှင့် တစ်ကမ္ဘာလုံးတွင် နံပါတ်(၁၀)နေရာ၌ ရှိနေပါသည်။။

၂၀၂၄ခုနှစ်တွင် လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ် FTA မိတ်ဖက်နိုင်ငံများသို့ လယ်ယာထွက်ကုန်နှင့် ပြုပြင်ပြီးလယ်ယာထွက်ကုန်များ တင်ပို့မှုအခြေအနေသည် ထိုင်းနိုင်ငံအတွက် အဓိကကျသော စျေးကွက်များဖြစ်ပြီး သိသာထင်ရှားသည့်တိုးတက်မှုကို ပြသခဲ့ကြောင်း Chai မှ ပြောကြားခဲ့ပါသည်။ လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ် FTA မိတ်ဖက်နိုင်ငံများသို့ လယ်ယာထွက်ကုန်တင်ပို့မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၉,၅၆၃ သန်းရှိပြီး ၄ ရာခိုင်ခိုင်မြင့်တက်လာကာ စုစုပေါင်း လယ်ယာ ထွက်ကုန်၏ ၇၃ ရာခိုင်နှုန်းအထိရှိ လာခဲ့ပါကြောင်းကို (၁၉- ၂- ၂၀၂၃)ရက်နေ့ထုတ် thethaiger.com သတင်းအရသိရှိရပါသည်။

Source https://thethaiger.com/news/national/thailand-aims-for-top-asean-agricultural-exporter-with-new-ftas


တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်

စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ