အဇာဘိုင်ဂျန်သည် ဘရာဇီးသို့ စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုမြှင့်တင်

  • Wed, 13 March 2024

အဇာဘိုင်ဂျန်သည် ဘရာဇီးသို့ စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုမြှင့်တင်



အဇာဘိုင်ဂျန်မှ ဘရာဇီးသို့ လယ်ယာထွက်ကုန် တိုးချဲ့တင်ပို့မှုကို အဇာဘိုင်ဂျန်တွင် နှစ်စဉ်ကျင်းပမြဲ ဖြစ်သော "Caspian Agro" ပြပွဲတွင် ဆွေးနွေးခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနကို ကိုးကား၍  Azernews က ဖော်ပြသည်။

ဘရာဇီးနိုင်ငံ  စိုက်ပျိုးရေး နှင့်  မွေးမြူရေးဝန်ကြီးဌာနမှ  ကုန်သွယ်ရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး အတွင်းရေးမှူး Roberto Perosa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် တွေ့ဆုံ ဆွေးနွေးမှုပြုခဲ့ပါသည်။

ဧည့်သည်တော်များကို ကြိုဆိုပြီး ဝန်ကြီး Majnun Mammadov က နိုင်ငံတော်သမ္မတ Ilham Aliyev သည် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးကဏ္ဍအဖြစ် သတ်မှတ် ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဤမူဝါဒသည် တိုင်းပြည်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ခြေလှမ်းသစ်ကို ဦးတည် ဖြစ်ပေါ်စေခဲ့သည်။

ဝန်ကြီး Mammadov သည် ရေနံမှလွဲ၍ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်   အစိုးရ၏   ပံ့ပိုးကူညီမှု၊  ပြုပြင်ပြောင်းလဲမှုများ   အကောင်အထည်ဖော်မှု၊ အီလက်ထရွန်းနစ် စိုက်ပျိုးရေး သတင်းအချက်အလက်စနစ် အသုံးချမှု၊ စိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် အသုံးချခြင်း စသည့် အဇာဘိုင်ဂျန်တွင် သင့်လျော်သည့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်တစ်ခုကို ဝန်ကြီး Mammadov က တက်ရောက်လာသူများအား အသေးစိတ် ပြောကြားခဲ့ ပါသည်။ 

အဇာဘိုင်ဂျန် နှင့်  ဘရာဇီးနှစ်နိုင်ငံအကြား တွေ့ဆုံစဉ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု တရားဝင်မူဘောင်ဖန်တီးနိုင်ရေး အလေးထား ဆွေးနွေးခဲ့ကြပြီး လယ်ယာထွက်ကုန်  ကုန်သွယ်မှုတိုးမြှင့်ရေး၊  စိုက်ပျိုးရေးကဏ္ဍတွင်  ခေတ်မီနည်းပညာများ လွှဲပြောင်းပေးခြင်း၊ မွေးမြူရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေး၊ စိုက်ပျိုးရေးကဏ္ဍတွင်  သိပ္ပံ နည်းကျ သုတေသနပြုခြင်းဆိုင်ရာ  အတွေ့အကြုံအစီအစဉ်များကို အကောင်အထည်ဖော်ခြင်း နှင့် ဘရာဇီးနိုင်ငံသို့ အဇာဘိုင်ဂျန်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များ တိုးချဲ့တင်ပို့ခြင်းတို့ ပါဝင်ပါသည်။

၀န်ကြီး Mammadov သည် အဇာဘိုင်ဂျန်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော "Caspian Agro"ပြပွဲ၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး ၎င်း၏ယုံကြည်စိတ်ချရမှုနှင့် ကောင်းမွန်သော  စီးပွားရေး ပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားကာပြပွဲတွင် ဘရာဇီးစီးပွားရေးလုပ်ငန်းရှင်များအား တက်ကြွစွာ ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စိုက်ပျိုးရေးနယ်ပယ်၌ အပြန်အလှန်ဆက်ဆံရေး  တိုးမြှင့် ဆောင်ရွက်နိုင်ရေး အလားအလာများကို မီးမောင်းထိုးပြခဲ့ပြီး နှစ်နိုင်ငံအကြား စိုက်ပျိုးရေး ကဏ္ဍတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် နှစ်ဖက်စလုံးက စိတ်ဝင် စားကြောင်း ဖော်ပြခဲ့ကြသည်ကို  (၄. ၃. ၂၀၂၄)ရက်နေ့က ဖတ်ရှုခဲ့ရသည့် www.azernews.az အရ သိရှိခဲ့ရသည်။

Source https://www.azernews.az/business/222767.html

တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ မတ်လ(၁၃)ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

စစ်ဆေးသူ ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန




ဆက်စပ် သတင်းများ