ကာဇက်စတန်နှင့် တရုတ်နိုင်ငံတို့က လယ်ယာထွက်ကုန်များ တင်ပို့မှုကို တိုးချဲ့ရန် ရည်ရွယ်

  • Wed, 13 March 2024

ကာဇက်စတန်နှင့် တရုတ်နိုင်ငံတို့က လယ်ယာထွက်ကုန်များ တင်ပို့မှုကို တိုးချဲ့ရန် ရည်ရွယ်



ကာဇက်စတန်သမ္မတနိုင်ငံ စိုက်ပျိုးရေးဝန်ကြီး Aidarbek Saparov နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး Zhang Xiaoတို့ မကြာသေးမီက တွေ့ဆုံမှုတွင် နှစ်နိုင်ငံအကြား  ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အဓိကထား ဆွေးနွေးခဲ့ကြပါကြောင်း၊ အဆိုပါ ဆွေးနွေးပွဲ၏ အဓိကအချက်မှာ တရုတ်နိုင်ငံသို့ ကာဇက်စတန် လယ်ယာထွက်ကုန်များ တင်ပို့မှု ချဲ့ထွင်နိုင်သည့် အလားအလာများ ဖြစ်သည်ဟု ကာဇက်စတန် စိုက်ပျိုးရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ ပါသည်။

ကာဇက်စတန်သမ္မတနိုင်ငံ စိုက်ပျိုးရေးဝန်ကြီး Aidarbek Saparov သည် ကာဇက်-တရုတ် ဆက်ဆံရေးတွင် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို အဓိကထား ပြောကြား ခဲ့ပြီး နှစ်နိုင်ငံ လယ်ယာထွက်ကုန်များ ကုန်သွယ်မှု သိသိသာသာ တိုးမြင့်လာခြင်းကို ကိုးကား၍ ပြောကြားခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တစ်ခုတည်းတွင် ကုန်သွယ်မှုတန်ဘိုးသည် သိသိသာသာ တိုးတက် မှုနှုန်း (၁.၆)ဆ တိုးလာပြီး တန်ဘိုးအားဖြင့် ဒေါ်လာ (၁.၃) ဘီလီယံ ကျော်သွားခဲ့ပါသည်။ ထို့အပြင် တရုတ်စားသုံးသူများအတွက် အော်ဂဲနစ်နှင့် သဘာဝပတ်ဝန်းကျင် သဟဇာတဖြစ်သော ကာဇက် စိုက်ပျိုးရေး ထွက်ကုန်များသည် သိသိသာသာဝယ်လိုအား မြင့်တက်လာခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှု၏ နှစ်ဆနီးပါး တန်ဘိုးအားဖြင့် ဒေါ်လာ (၁.၀၁) ဘီလီယံအထိ ရှိခဲ့ပါသည်။

"တရုတ်ဈေးကွက်သည် ကာဇက်စတန်နိုင်ငံ၏ လယ်ယာသီးနှံများတင်ပို့မှုအတွက် ကြီးမား သော ကတိကဝတ်တစ်ခုဖြစ်ပြီး နှစ်စဉ်ရောင်းလိုအားပမာဏ တန်ချိန် ၂ သန်းအထိ တိုးမြှင့်နိုင်သည့် အလားအလာရှိသည်" ဟု ကာဇက်စတန်သမ္မတနိုင်ငံ စိုက်ပျိုးရေးဝန်ကြီး Aidarbek Saparov အလေးပေး ပြောကြားခဲ့ပါသည်။

ဤအရှိန်အဟုန်ကို ပိုမိုအသုံးချနိုင်ရန် ဝန်ကြီး Saparov မှ သံအမတ်ကြီး Zhang Xiao မှ နောက်ထပ်ကုန်ပစ္စည်းများ တင်ပို့ခြင်းနှင့် ပတ်သက်၍ နှစ်နိုင်ငံသဘောတူစာချုပ်များ လက်မှတ် ရေးထိုးနိုင်ရေး အလျင်အမြန် ညှိနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့ပါသည်။ ၎င်းတို့တွင် အအေး ခန်း သိုလှောင်စအသားများ၊ မွေးမြူရေးထုတ်ကုန်များ၊ ဝမ်းတွင်းသား၊ သကြားမုန်လာကြိတ်ဖတ် နှင့် အာလူးတို့ ပါဝင်ပါသည်။

ထို့အပြင် ဝန်ကြီး Saparov သည် တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက် မွေးမြူရေးထွက်ကုန်များထုတ်လုပ်ရောင်းချသည့် ကာဇက်လုပ်ငန်းသစ်များအတွက် အသိအမှတ်ပြုခြင်း လုပ်ငန်းစဉ်ကို အရှိန်မြှင့်ဆောင်ရွက်ရန် သံအမတ်၏အကူအညီကို တောင်းခံခဲ့ပါသည်။ Saparov သည် စိုက်ပျိုးရေး ထွက်ကုန်များ၏ အရည်အသွေးကို စစ်ဆေးရန်အတွက် ဓာတ်ခွဲခန်းသုံး စက်ကိရိယာများ လွှဲပြောင်း ပေးရန် တရုတ်နိုင်ငံ၏ သဘောတူညီချက်ကို ကျေးဇူးတင်ရှိကြောင်း အသိအမှတ်ပြုခဲ့ပြီး ဤ စက် ပစ္စည်းများကို လျင်မြန်စွာပေးပို့ခြင်းအတွက် လုပ်ငန်းစဉ်များအကြောင်း ကိုဆွေးနွေးရန် ကာဇက် စတန်နိုင်ငံ အနေဖြင့် အဆင်သင့်ရှိကြောင်းကို အလေးပေးပြောကြားခဲ့ပါသည်။

ထို့အပြင် ဝန်ကြီး Saparov မှ စိုက်ပျိုးရေးနှင့် စားသောက်ကုန် ထုတ်ကုန်များ ထုတ်လုပ်မှု နှင့် လေးနက်စွာ စီမံဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲစီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် တရုတ် စီးပွားရေး လုပ်ငန်းရှင်များအား ဖိတ်ခေါ်ခဲ့ပြီး ယင်းကဲ့သို့ ကြိုးပမ်းဆောင်ရွက်မှုများ အတွက် အထောက်အကူဖြစ်စေရန် ကာဇက်စတန်၏ ကတိကဝတ်များကို အလေးပေးပြောကြားခဲ့ပါသည်။

ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စိုက်ပျိုးရေးစက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဆပ်ကော်မတီတစ်ရပ်ဖွဲ့စည်းရန် အဆိုပြုခဲ့ ပါသည်။ ဤပလက်ဖောင်းသည် ပုံမှန်ပူးတွဲလည်ပတ်မှုများကို လွယ်ကူချောမွေ့စေရန်နှင့် နှစ်နိုင်ငံ လုံး၏ သက်ဆိုင်ရာဌာနများကြား တိုက်ရိုက်အဆက်အသွယ်များ ထူထောင်ရန် ရည်ရွယ်ပါသည်။ ဤဆပ်ကော်မတီအတွက် ပဋိညာဉ် စာတမ်းမူကြမ်းကို ရေးဆွဲထားပြီး၊ လာမည့် အစည်းအဝေးတွင် ကာဇက်စတန်ရှိ SCO အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံကြား လက်မှတ်ရေးထိုးရန် အဆိုပြုထား ပါကြောင်းကို (၅-၃-၂၀၂၄)နေ့ထုတ် https://daryo.uz/en/2024/03/05/kazakhstan-and-china သတင်းအရသိရှိရပါသည်။


Source https://daryo.uz/en/2024/03/05/kazakhstan-and-china-aim-to-expand-agricultural-exports

တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ မတ်လ (၁၃) ရက်

စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

- ၁၈ -



ဆက်စပ် သတင်းများ