ဂျင်းသည် အီတလီနိုင်ငံတွင် ကြိုက်နှစ်သက်စိတ်ဝင်စားမှုကိုဆွဲဆောင်ထားဆဲဖြစ်

  • Fri, 22 March 2024

ဂျင်းသည် အီတလီနိုင်ငံတွင် ကြိုက်နှစ်သက်စိတ်ဝင်စားမှုကိုဆွဲဆောင်ထားဆဲဖြစ်


လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က ကိန်းဂဏန်းပမာဏများမြင့်တက်ကြီးထွားလာပြီးနောက်ပိုင်းတွင် ဂျင်းသည် နှစ်စဉ်ဝယ်လိုအားအနည်းငယ်သာရှိသော်လည်းပုံမှန်တိုးတက်မြဲဖြစ်သဖြင့် ၎င်း၏အခန်းကဏ္ဍသည် တည်ငြိမ်နေပုံရကြောင်း၊ သို့သော်လည်းယခုအခါတွင် ဈေးကွက် နှင့် အကြီးစားဖြန့်ဖြူးရေးကဏ္ဍဆိုင်ရာနည်းလမ်းများရှာဖွေတွေ့ရှိပြီဖြစ်သဖြင့် ၎င်းသည် နိုင်ငံအတွက် ထူးခြားဆန်းပြားသည့် ထုတ်ကုန်တစ်ခုအဖြစ် သတ်မှတ်ခြင်းခံရပြီဖြစ်ကြောင်းအီတလီကုမ္ပဏီတစ်ခုဖြစ်သည့် Almaverde Bio ကုမ္ပဏီမှ ဒါရိုက်တာဖြစ်သူ Paolo Pari မှ ပြောကြားခဲ့ပါသည်။၎င်းသည် အော်ဂဲနစ်သုံးစွဲသည့် ယဉ်ကျေးမှုရေပန်းစားလာသဖြင့် ကျန်းမာရေးနှင့် ညီညွတ်သောထုတ်ကုန်တစ်ခုအဖြစ် သတ်မှတ်နိုင်ကြောင်း၊ သို့ဖြစ်၍ ၎င်းကိုAlmaverde Bio ကုမ္ပဏီမှ ကိုယ်ပိုင်ထုတ်ကုန်အနေဖြင့်လည်းကောင်း၊ သီးသန့်အမှတ်တံဆိပ်တစ်ခုအဖြစ်လည်းကောင်းကမ်းလှမ်းလိုက်ခြင်းသည် တိုက်ဆိုင်မှုသက်သက်မျှသာလုံးဝမဟုတ်ကြောင်း၊ Almaverde Bio မှ ထုတ်လုပ်သည့် ဂျင်းထည့်ဗန်းများသည် (၁၅၀)ဂရမ် ဝင်ဆန့်မည်ဖြစ်ကြောင်း၊ အဆိုပါ ပမာဏသည် စားသုံးသူအများစုအတွက် ရက်ပေါင်းများစွာလုံလောက်သည့် ပမာဏဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့ပါသည်။အီတလီနိုင်ငံတွင် ဂျင်းကိုအခြောက်လှန်း၍ ဖြစ်စေ၊ အမှုန့်ကြိတ်၍ဖြစ်စေပြုလုပ်ပြီးဟင်းခတ် အမွှေးအကြိုင်အဖြစ် အဓိကအသုံးပြုကြပြီးဂျပန်နိုင်ငံအပါအဝင် အရှေ့ဖျားဒေသများအပြင် တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများ၌ ဟင်းလျာများစွာတွင် ဂျင်းကိုလတ်လတ်ဆတ်ဆတ်အသုံးပြုလေ့ရှိကြကြောင်း၊ အော်ဂဲနစ်ဂျင်းစျေးနှုန်းသည် တစ်ကီလိုဂရမ်လျှင် ယူရို (၁၀)ဝန်းကျင် ဖြစ်ကြောင်း၊ စိုက်ပျိုး ထုတ်လုပ်သည့် နယ်ပယ်တွင် ထိခိုက်ဆုံးရှုံးမှု တစ်စုံတစ်ရာမရှိပါက ဈေးနှုန်း အတက်အကျ ပမာဏ ကွာဟမှုနှုန်းသည် ကျဉ်းမြောင်းကြောင်း၊ ဈေးနှုန်း အခြေအနေသည် ယေဘုယျအားဖြင့် သင့်တင့်မျှတပြီး တည်ငြိမ်လေ့ရှိကြောင်း၊ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍသည်သာ ၎င်းတို့အပေါ် ကျရောက်နိုင်သည့် ကြီးမားသော အကျိုးသက်ရောက်မှုတစ်ရပ် ဖြစ်စေနိုင်ကြောင်း Pari က ဆက်လက်ပြောကြားခဲ့ပါသည်။အီတလီနိုင်ငံနှင့် မူရင်းဒေသနှစ်ခုလုံးမှ နိုင်ငံတကာစည်းမျဉ်းများနှင့်အညီအော်ဂဲနစ် အသိအမှတ်ပြုလက်မှတ်ရရှိပြီးသည့် ဂျင်းများကိုရာသီဥတုအပေါ်မူတည်၍ တရုတ်နိုင်ငံမှသာမကတောင်အမေရိကနိုင်ငံမှပါ ဝယ်ယူခြင်းဖြစ်ကြောင်း Paolo Pariက ဆက်လက်ပြောကြားခဲ့ပါသည်။စိတ်ဝင်စားမှုမြင့်တက်လာခြင်းကြောင့် Almaverde Bio သည် ၎င်း၏ အညွှန်းစာရင်းတွင် ဂျင်း၏အခန်းကဏ္ဍကို စုစည်းဖော်ပြခဲ့သည်မှာ (၁၀)နှစ်ခန့် ရှိပြီဖြစ်ကြောင်း၊ ဘလော့ဂ်များ၊ မဂ္ဂဇင်းဆောင်းပါးများနှင့် အာဟာရပညာရှင်များအနေဖြင့် ဂျင်း၏ အာဟာရတန်ဖိုးကို ထုတ်ဖော် ပြောကြားကြသည့်အပြင် စားသုံးသူများအနေဖြင့်လည်း ၎င်းကို ဆေးဖက်ဝင်ပစ္စည်းအဖြစ် လက်ဖက်ရည် နှင့် ဖျော်ရည်များတွင် ထည့်သွင်းသုံးစွဲကြကြောင်း၊ ထို့အပြင် ဟင်းလျာများတွင် အနံ့အရသာ ပိုမိုပေါ်လွင်စေရန်အတွက် ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးစွဲသူများလည်း ရှိကြကြောင်းကို (၁၄. ၃. ၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်သည့် Fresh Plaza သတင်းအရ သိရှိရပါသည်။

Source https://www.freshplaza.com/europe/article/9608237/ginger-continues-to-attract-interest-in-italy/

တင်ပြသူ ဒေါ်နှင်းရီဝင်း၊  စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ မတ်လ (၂၀)ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ