လယ်ယာပို့ကုန်များ၏ အလားအလာကိုဖော်ထုတ်ခြင်း

  • Fri, 22 March 2024

လယ်ယာပို့ကုန်များ၏ အလားအလာကိုဖော်ထုတ်ခြင်း


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးသည်တဆင့်ချင်း တက်လှမ်းကာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) မှ အလယ်အလတ်ဝင်ငွေရှိသော စီးပွားရေးကဏ္ဍသို့ ကူးပြောင်းရန် ရည်မှန်းထားသော ကြောင့် အခြေခံကျသော စိုက်ပျိုးရေးကဏ္ဍ၏ အခန်းကဏ္ဍကို ပိုမိုအလေးထားလာပါသည်။ စက်မှု ထွန်းကားမှုနှင့် မြို့ပြအသွင်ကူးပြောင်းမှု လျင်မြန်သော်လည်း စိုက်ပျိုးရေးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၏ စီးပွားရေး ကျောရိုးအဖြစ် ဆက်လက်တည်ရှိနေကာ နိုင်ငံ၏အကြီးဆုံးသော လုပ်အားဖန်တီးပေး သည့်ကဏ္ဍလည်းဖြစ်သည်။ အထက်ဖော်ပြပါ အချက်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လယ်ယာထွက်ကုန်များ တစ်နှစ်ထက်တစ်နှစ် တင်ပို့မှုတိုးလာသည်ကို အားတက်ဖွယ် လေ့လာတွေ့ရှိရပါကြောင်း၊လွန်ခဲ့ သည့် သုံးနှစ်အတွင်းCovid-19 ကူးစက်ရောဂါနှင့် ရုရှား-ယူကရိန်းစစ်ပွဲတို့ကြောင့် ရောင်းလိုအား ကွင်းဆက်တလျှောက်ကြုံတွေ့ခဲ့ရသည့် ကြီးမားသော တုန်လှုပ်ချောက်ချားမှုများသည်လည်း တဖြည်းဖြည်းကျဆင်းသွားခဲ့ပါသည်။သို့သော်လည်း ပြီးခဲ့သည့်နှစ်က ဘင်္ဂလားဒေ့ရှ် ပို့ကုန်ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၆၁၅ သန်းမှ ၆၃၇ သန်းအထိသာ တိုးလာသဖြင့် လယ်ယာထွက်ကုန် ပို့ကုန်များသည် နိုင်ငံတော် မျှော်မှန်းထားသည့် အလားအလာကောင်းများ အပြည့်အ၀ရရှိရန် အလှမ်းဝေးနေသေးကြောင်း ထင်ရှားပါသည်။အဆိုပါအဟန့်အတားများကို ကိုင်တွယ်ဖြေရှင်းရန် လယ်ယာထွက်ကုန်များ၏ အရည် အသွေးနှင့် ကွဲပြားမှုကို မြှင့်တင်ခြင်းဖြင့်ပထမခြေလှမ်းကိုစတင်နိုင်ပြီး သုတေသနနှင့် ဖွံ့ဖြိုးရေးကို ဦးစားပေးခြင်း၊ ခေတ်မီစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်များကိုကျင့်သုံးခြင်း၊ တန်ဘိုးမြင့်ထုတ် ကုန်များကိုအားပေးခြင်း စသည့်တို့ကို လုပ်ဆောင်ခြင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါ သည်။ထို့အပြင် စိုက်ပျိုးရေးကဏ္ဍ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ခံနိုင်ရည်ရှိရေးတို့ကို သေချာ စေရန် ဆောင်ရွက်ပေးခြင်းသည် မရှိမဖြစ်လိုအပ်ပါသည်။ရာသီဥတုဖောက်ပြန်ခြင်းသည် လယ်ယာ ကုန်ထုတ်စွမ်းအားအတွက် သိသာထင်ရှားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍတွင် ဆက်လက်ရင်ဆိုင်ရမည့် များပြားလှသော စိန်ခေါ်မှုများအကြား ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန်လိုလားပြီး အမြော်အမြင်ရှိရန် အရေးကြီးပါသည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပို့ကုန်တိုးတက်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန် အလားအလာကောင်းသည့် စိုက်ပျိုးရေးကဏ္ဍကို အာမခံချက်ပေးခြင်းဖြင့် လမ်းကြောင်းဖွင့်ပေးနိုင် မည်ဖြစ်ကြောင်းကို (၁၃.၃.၂၀၂၄) ရက်နေ့ထုတ်www.dhakatribune.comသတင်းအရသိရှိရပါသည်။                                                                                                                                                                                                                                                                                         

Source https://www.dhakatribune.com/opinion/editorial/341680/exploring-the-potential-of-our-agricultural

တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ မတ်လ (၂၀) ရက်

စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ