ဗြိတိန်နိုင်ငံသည် ဧပြီလ ၁၁ ရက်နေ့မှစတင်၍ အယ်(လ်)မွန်စေ့အကြမ်းများအားလုံးကို စည်းကြပ်ခွန် ကောက်ခံမှုဆိုင်းငံ့ထား

  • Thu, 4 April 2024

ဗြိတိန်နိုင်ငံသည် ဧပြီလ ၁၁ ရက်နေ့မှစတင်၍ အယ်(လ်)မွန်စေ့အကြမ်းများအားလုံးကို စည်းကြပ်ခွန် ကောက်ခံမှုဆိုင်းငံ့ထား


ဗြိတိန်အစိုးရသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၁)ရက်နေ့မှစတင်၍ အမေရိကန် အပါအဝင် အယ်(လ်)မွန်စေ့အကြမ်းနှင့် အခွံပါအယ်(လ်)မွန်စေ့များအပေါ်တွင် အနည်းဆုံး(၂)နှစ် စည်းကြပ်ခွန် ကောက်ခံမှုဆိုင်းငံ့ထားမည်ဟု ကြေညာခဲ့သည်။ကယ်လီဖိုးနီးယားရှိ အယ်(လ်)မွန်ဘုတ်အဖွဲ့သည် ဗြိတိန်အစေ့အဆန် နှင့် အသီးခြောက် ကုန်သွယ်မှုအသင်း(NDFTA)နှင့် နှစ်ပေါင်းများစွာ အလုပ်လုပ်ကိုင်ခဲ့ပြီး ဗြိတိန်ပြုပြင်ထုတ်လုပ်သူ များကို ကိုယ်စားပြုသောအဖွဲ့သည် ကယ်လီဖိုးနီးယားမှ အယ်(လ်)မွန်စေ့များကို ဝယ်ယူပေးမည် ဖြစ်သည်။ဗြိတိန်အစေ့အဆန်နှင့် အသီးခြောက်ကုန်သွယ်မှုအသင်းနှင့် ကျွန်ုပ်တို့၏ ရေရှည်ပူးပေါင်း ဆောင်ရွက်မှုအတွက် အထူးပင်ကျေးဇူးတင်ရှိပြီး အယ်(လ်)မွန်စေ့များအပေါ် အခွန်ဆိုင်းငံ့ရန် လျှောက်ထားမှုကို ယူကေအစိုးရမှ ခွင့်ပြုပေးမှုကိုလည်း ကျေးဇူးတင်ပါသည်" ဟု ABC ၏ ကမ္ဘာလုံး ဆိုင်ရာ နည်းပညာနှင့် စည်းမျဉ်းရေးရာဒုတိယဥက္ကဋ္ဌ" Julie Adams မှ ပြောကြားခဲ့သည်။၎င်းသည် ကျန်းမာရေးနှင့် ညီညွတ်သည့် အယ်(လ်)မွန်စေ့ထုတ်ကုန်များ တိုးတက်လာ သည့်အတွက် ဗြိတိန်စားသုံး သူများအတွက် သေချာပေါက် အကျိုးရှိနိုင်ပါလိမ့်မည်။(၂၀၂၁) ခုနှစ် ယူကေနိုင်ငံသည် ဥရောပသမဂ္ဂမှ နုတ်ထွက်ပြီးချိန်မှစ၍ အခွံပါ အယ်(လ်)မွန်စေ့ များအပေါ်(၄%)နှင့် အယ်(လ်)မွန်စေ့အကြမ်းများအပေါ်(၂%) စည်းကြပ်ခွန်များ ကောက်ခံမှု ချမှတ် ခဲ့သည်။ဗြိတိန်ကုန်သွယ်ရေးအရာရှိများသည် မတ်လ၊ (၁၈)ရက်နေ့တွင် အယ်(လ်)မွန်စေ့များ အပါအဝင် စည်းကြပ်ခွန်ဆိုင်းငံ့ထားမည့် ကုန်ပစ္စည်းများစာရင်းကို ၂၀၂၆ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့ အထိ ဖြစ်ကြောင်း ဖော်ပြထားသည်။ဆိုင်းငံ့ခြင်းကို သက်တမ်းတိုးရန် သို့မဟုတ် အမြဲတမ်းအပြောင်းအလဲပြုလုပ်ရန် ဖြစ်နိုင်ခြေ ရှိသည့် ရက်မတိုင်မီ ပြန်လည်အကဲဖြတ်ရန် ဖြစ်နိုင်ခြေရှိကြောင်း ဗြိတိန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။ခန့်မှန်းချက်များအရ မကြာမီ ရပ်ဆိုင်းတော့မည့် စည်းကြပ်ခွန်များ၏ ကုန်ကျစရိတ်သည်တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၄)သန်းခန့် ဗြိတိန်တင်သွင်းသူများထံ ပေးဆောင်ရကြောင်း သိရှိ ရပါသည်။ဗြိတိန်မှ တင်သွင်းသူများကို ဆိုင်းငံ့ထားခြင်းကြောင့် ကယ်လီဖိုးနီးယား အယ်(လ်)မွန်စေ့ အကြမ်းကို ဗြိတိန်မှ ပြုပြင်ထုတ်လုပ်သူများက စျေးနှုန်းပိုပေးနိုင်ပြီး နောက်ပိုင်းတွင် စားသုံးသူ များ၏ လက်ဝယ်အထိ လုံးဝရောက်စေနိုင်မည်ဖြစ်သည်။ယူကေနိုင်ငံ၌ အယ်(လ်)မွန်စေ့လှော်တွင် (၈-၁၀%)၊ မာဇီပန်နှင့် အယ်(လ်)မွန်စေ့မှုန့်တွင် (၈%) နှင့် အယ်(လ်)မွန်စေ့ အနှစ်ပေါ်တွင် (၂၀%) အခွန်ကောက်ခံမှုသည် ကျန်ရှိနေဆဲဖြစ်သည်။ယူကေနိုင်ငံတွင် နောက်ထပ် အကောက်ခွန်ဆိုင်းငံ့ထားခြင်းဆိုင်ရာများကို အကဲဖြတ် ဆောင်ရွက်ရာတွင် NDFTA နှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားကြောင်း၊ တင်သွင်းသူများနှင့် ဈေးကွက်ဝင်စေရန် ပြုပြင်ထုတ်လုပ်သူများအတွက် ကုန်ကျစရိတ်သက်သာစွာဖြင့် ပြည်ပမိတ်ဖက် အခွင့်အလမ်းများစွာ ဖော်ဆောင်နိုင်စေရေး ထပ်ဆောင်း အကောက်ခွန်ဆိုင်းငံ့မှုကို တောင်းဆိုကာ ကယ်လီဖိုးနီးယား အယ်(လ်)မွန်စေ့အတွက် ဝယ်လိုအားကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ABC၏ ကုန်သွယ်မှုမူဝါဒဆိုင်ရာ အကြီးတန်းအကြံပေး Keith Schneller က ပြောကြားခဲ့ကြောင်းကို (၂၈. ၃. ၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်သည့် www.freshplaza.com သတင်းအရ သိရှိရပါသည်။Source https://www.freshplaza.com/north-america/article/9612994/uk-suspends-tariffs-on-all-raw-almonds-beginning-april-11/

တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဧပြီလ(၃) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန





ဆက်စပ် သတင်းများ