ဒါလီယန် ချယ်ရီသီးဈေးနှုန်း လျင်မြန်စွာ ကျဆင်း

  • Thu, 4 April 2024

ဒါလီယန် ချယ်ရီသီးဈေးနှုန်း လျင်မြန်စွာ ကျဆင်း


တရုတ်နိုင်ငံ Dalian တွင် စိုက်ပျိုးထားသော ချယ်ရီသီးများကို တရုတ်နှစ်သစ်ကူးမတိုင်မီ ဖေဖော်ဝါရီလ ဈေးကွက်တွင် ပွဲဦးထွက်ပြသခဲ့ပြီး အမြင့်ဆုံးစျေးနှုန်းမှာ တစ်ကီလိုလျင် ယွမ် ၄၀၀ မှ ၆၀၀ ရှိပါသည်။ သို့သော်လည်း ဈေးကွက်စွမ်းဆောင်ရည် ကျဆင်းသွားပြီး ယခင်နှစ်များထက် စောပြီး မတ်လတွင် ဈေးနှုန်းများ ကျဆင်းလာခဲ့ကြောင်း Dalian Nongfutong သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ပညာရှင် အစုအဖွဲ့မှ မစ္စတာလီ၏ ပြောကြားချက်အရ သိရှိရပါသည်။ဆိုးရွားတဲ့ရာသီဥတုအခြေအနေကြောင့် Dalian ၏ ချယ်ရီသီးအထွက်နှုန်းသည် ယခုရာသီ တွင် ၃၀% ခန့် လျော့ကျသွားပြီး၊ အသီးအရည်အသွေးနှင့် အရသာမှာ ကောင်းမွန်သော်လည်း အသီးအရွယ်အစားသည်သေးငယ်ကြောင်း၊ မတ်လတွင် ချယ်ရီသီးများ၏ ကနဦးဈေးကွက် ပေါက် ဈေးမှာ တစ်ကီလိုလျင် ၄၀၀ - ၆၀၀ ယွမ် မှ ၂၀၀ ယွမ် အထိကျဆင်းသွားပါကြောင်း ဈေးနှုန်းများဆက်တိုက် ကျဆင်းလာပြီး မတ် ၂၃ ရက်မှ ၂၅ ရက်အတွင်း ၅၀ ရာခိုင်နှုန်း ကျဆင်းသွားကာ လက်ရှိမူရင်းစျေးနှုန်းမှာ တစ်ကီလိုလျင် ယွမ် ၈၀-၁၀၀ ဝန်းကျင်သာရှိနေပါသည်။ Dalian cherriesချယ်ရီစိုက်ပျိုးရာသီတွင် ချီလီယမ်ချယ်ရီသီးများ တိုးချဲ့စိုက်ရန်ရည်မှန်းထားသည့် စိုက်ပျိုး ထုတ်လုပ်မှုကျဆင်းသွားခြင်းသည်  ပြည်တွင်းချယ်ရီသီးများ၏ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန် စွာ သက်ရောက်မှုရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော်လည်း စားသုံးမှုနည်းပါးသည့် ပတ်ဝန်းကျင်သည်လည်းထုတ်လုပ်မှုကျဆင်းလာခြင်း၏ အကြောင်းရင်းဖြစ်သည်ဟု ၎င်းက အလေး အနက်ပြောကြားခဲ့ပါသည်။ချယ်ရီသီးဈေးနှုန်းများ ဆက်လက်ကျဆင်းနေဦးမည်ဟုခန့်မှန်းထားပြီး၊ တစ်ကီလိုဂရမ် လျှင် ၆၀ ယွမ်အထိ ကျဆင်းသွားဖွယ်ရှိကြောင်း၊ ထိုအချိန်တွင် ရောင်းချမှုမှာ သိသာထင်ရှားစွာ တိုးတက်လာမည်ကို မြင်တွေ့ရမည်ဖြစ်သည်။ Dalian ချယ်ရီသီးများသည် အရည်အသွေးမြင့်မား ပြီး စျေးကွက်တွင် လူကြိုက်များလာခဲ့သည်။ အစဉ်အလာအားဖြင့် ဧပြီလ Qingming ပွဲတော်အပြီး တွင် ဈေးနှုန်းများ ကျဆင်းသွားခဲ့ပါသည်။ သို့သော်လည်းယခုနှစ်တွင် ယခင်ထက်စော၍ ဈေးနှုန်း ကျဆင်းမှုများ ဖြစ်ပေါ်လာခဲ့ပါသည်။Dalian ဖန်လုံအိမ်စိုက်ခင်များတွင် စိုက်ပျိုးထားသော မက်မွန်သီးများသည်လည်း ဈေးကွက်အတွင်းရရှိနိုင်ပြီး ချယ်ရီသီးများနှင့် အလားတူအခြေအနေမျိုး ကြုံတွေ့နေရပါသည်။ Dalian မက်မွန်သီး ထုတ်လုပ်မှုသည် ယခုနှစ်တွင် ၃၀% ခန့် လျော့ကျသွားပါသည်။ လက်ရှိ ထုတ်လုပ်မှုရာသီ၏ အစောပိုင်းအဆင့်တွင် အကန့်အသတ်ရှိသောရောင်းလိုအားက ဈေးနှုန်း မြင့်တက်မှုကို နှောင့်နှေးစေပြီး ယခင်နှစ်များကထက် ရောင်းအားထက်ဝက်နီးပါးနှေးကွေးသွားခဲ့ပါ သည်။သို့သော် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဈေးနှုန်းများ မြင့်တက်လာပြီး ရောင်းအား တက်လာသဖြင့် မက်မွန်သီးဈေးကွက်အခြေအနေ အနည်းငယ်တိုးတက်လာခဲ့ပါသည်။ ၎င်းသည် တင်သွင်းလာသော မက်မွန်သီးများ၏ မမျှော်လင့်ထားသောအရသာညံ့ဖျင်းမှုကြောင့် ဖြစ်နိုင်ပါ သည်။Nongfutong သမဝါယမသည် Dalian ချယ်ရီသီး၊ မက်မွန်သီး၊ ဆီးသီးများစိုက်ပျိုးခြင်းနှင့် ဖြန့်ဖြူးခြင်းတို့ကို အဓိကထားဆောင်ရွက်ပါသည်။ ၎င်းတို့၏ ရောင်းဝယ်ဖောက်ကားမှုလမ်း ကြောင်းများသည် လက်ကားစျေးကွက်များ၊ စူပါမားကတ်များနှင့် Oline စီးပွားရေး ပလက်ဖောင်း ပုံစံများဖြစ်ပါကြောင်းကို (၃.၄.၂၀၂၄) ရက်နေ့ထုတ် freshplaza သတင်းအရသိရှိရပါသည်။

Source https://www.freshplaza.com/asia/article/9612521/the-price-of-dalian-cherries-has-dropped-rapidly/

တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၃) ရက်

စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန





ဆက်စပ် သတင်းများ