ယူကရိန်းသည် ယူအေအီးဈေးကွက်သို့ လတ်ဆတ်သည့် ပန်းသီးများ ဒုတိယအများဆုံးတင်သွင်းသည့်နိုင်ငံ ဖြစ်လာခဲ့

  • Thu, 4 April 2024

ယူကရိန်းသည် ယူအေအီးဈေးကွက်သို့ လတ်ဆတ်သည့် ပန်းသီးများ ဒုတိယအများဆုံးတင်သွင်းသည့်နိုင်ငံ ဖြစ်လာခဲ့



ပရီမီယံအရည်အသွေးရှိ ပန်းသီးများတင်ပို့ရာ၌ ယူကရိန်း၏ အောင်မြင်မှုကို အရှေ့ပိုင်းရှိ သစ်သီး ဝလံ လေ့လာဆန်းစစ်သူများက အာရုံစိုက်မိကြသည်။

အထူးသဖြင့် စျေးနှုန်းမြင့်မားပြီး ပြိုင်ဆိုင်မှုမြင့်မားသော အရှေ့အလယ်ပိုင်းရှိ အရေးကြီး အချက်အချာကျလှသည့် စျေးကွက်တစ်ခုဖြစ်သော ယူကရိန်းသည် ဒီဇင်ဘာလမှ ဇန်နဝါရီလ အတွင်း ရောင်းလိုအားပမာဏ သတ်မှတ်ချက်၌ ဒုတိယအဆင့်တွင် ရပ်တည်လျက်ရှိသည်။

ယူအေအီးနိုင်ငံသို့  ပန်းသီးတင်ပို့မှုပမာဏအရ  အီရန်နိုင်ငံသာလျှင်  စျေးနှုန်းနိမ့်ပန်းသီး ရောင်းချမှုတွင် ယူကရိန်းထက် ကျော်လွန်နေသည်။

တစ်ချိန်တည်းမှာပင် ယူကရိန်းသည် ပန်းသီးဈေးကွက်တွင် တရုတ်၊ အမေရိကန်၊ ပိုလန်၊ ပြင်သစ်၊ တူရကီ၊ အီတလီနှင့် ဆားဘီးယားတို့ကဲ့သို့ ကမ္ဘာ့အကြီးဆုံးပန်းသီး တင်ပို့ရောင်းချသူ နိုင်ငံများအဖြစ်  ရပ်တည်လျက်ရှိသည်။

တင်သွင်းသူများ၏အဆိုအရ ယူအေအီးဈေးကွက်ရှိ ယူကရိန်းပန်းသီးများ၏ အဓိက အားသာချက်မှာ အရသာကောင်းမွန်မှု၊ အနီရောင်မျိုးကွဲများ၏ အရောင်လှပမှု နှင့် ပရီမီယံစျေးနှုန်း အပိုင်းအတွက်  ယှဉ်ပြိုင်နိုင်သော ဈေးနှုန်းများရှိကြောင်း သိရှိရပါသည်။

ရုရှားနှင့်တင်းမာမှုများရှိနေသဖြင့် ယခုကဲ့သို့ ဝေးကွာသောဈေးကွက်များတွင် ယှဉ်ပြိုင် နိုင်စွမ်းကို ထိန်းသိမ်းရန် ယူကရိန်းအတွက် အလွန်ခက်ခဲကြောင်း သတိပြုမိခဲ့ကာ ယူကရိန်းနိုင်ငံရှိ ပင်လယ်နက်ဆိပ်ကမ်းများမှ ကွန်တိန်နာများ တိုက်ရိုက်တင်ပို့မှုကို မကြာသေးမီ ကာလအထိ ပိတ်ဆို့ထားသည်။

သို့သော်လည်း  မကြာမီကာလအတွင်း  ယခုကဲ့သို့ တင်ပို့ရောင်းချမှုများ  ပြန်လည်စတင် နိုင်မည် ဟုမျှော်လင့်ရပြီး ပို့ကုန်ဈေးကွက်တွင် ယူကရိန်းသစ်သီးဝလံများ၏  ယှဉ်ပြိုင်နိုင်စွမ်းကို သိသိသာသာ တိုးမြင့်လာစေမည်ဖြစ်သည်။

ယေဘုယျအားဖြင့် (၂၀၂၄)ခုနှစ်၊ ဇန်နဝါရီလတွင် ယူကရိန်းတင်ပို့သူများသည် နိုင်ငံပေါင်း (၂၂)နိုင်ငံသို့  ပန်းသီးအမြောက်အမြားတင်ပို့နိုင်ခဲ့ပြီး  တောင်သူများနှင့်  ကုန်သည်များအတွက် မယုံ 

နိုင်လောက်စရာ အခက်အခဲများကို ဖြေရှင်းပေးနိုင်ခဲ့သည့် ကြီးမားသော အောင်မြင်မှုတစ်ခုလည်း ဖြစ်သည်။

ပိုလန်နှင့် ရုရှားတို့၏ တင်းမာမှုတို့ကြောင့် နယ်စပ်ကုန်ချဂိတ်များ ပိတ်ဆို့ခြင်းအပြင် ယူကရိန်း စိုက်ပျိုးသူများအနေဖြင့် ပန်းသီးများခူးဆွတ်ချိန်နှင့် ပန်းသီးများအမျိုးအစား ခွဲထုတ်ခြင်း နှင့် ထုပ်ပိုးခြင်း စင်တာများတွင် အလုပ်လုပ်ရန် လုပ်သားရှားပါးမှုနှင့် ရင်ဆိုင်နေရသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင်  ယူအေအီး၌  ယူကရိန်းပန်းသီးဝယ်လိုအား  အနည်းငယ် ကျဆင်းမည်ဟု မျှော်လင့်ရသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့တောင်ဘက်ခြမ်းရှိ ပန်းသီးမျိုးသစ် များ   အထူးသဖြင့်  တောင်အာဖရိကမှ   ပန်းသီးများစတင်ရောက်ရှိလာတော့မည် ဖြစ်သောကြောင့် ဖြစ်သည်။

သို့သော်လည်း ယူကရိန်းမှ ပန်းသီးများ တင်ပို့မှု ပမာဏလျော့နည်းသွားသော်လည်း ရာသီကုန်အထိ ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်းကို (၂. ၄. ၂၀၂၄)ရက်နေ့က ဖတ်ရှုခဲ့ရသည့် www.freshplaza.com ကွန်ယက်၏ သတင်းဆောင်းပါးမှတဆင့် သိရှိခဲ့ရသည်။


Source https://www.freshplaza.com/north-america/article/9613826

/ukraine-became-the-second-largest-supplier-of-fresh-apples-to-the-uae-market/

တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဧပြီလ(၁၀) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ