ပြင်သစ်နိုင်ငံသည် စားနပ်ရိက္ခာရပိုင်ခွင့် အခွင့်အာဏာ ကာကွယ်ရန် စိုက်ပျိုးရေးဥပဒေအသစ်ကို ထုတ်ပြန်

  • Thu, 4 April 2024

ပြင်သစ်နိုင်ငံသည် စားနပ်ရိက္ခာရပိုင်ခွင့် အခွင့်အာဏာ ကာကွယ်ရန် စိုက်ပျိုးရေးဥပဒေအသစ်ကို ထုတ်ပြန်


ပြင်သစ်နိုင်ငံသည် နိုင်ငံတော်အဆင့် စားနပ်ရိက္ခာဖူလုံမှုသေချာစေရန် မျှော်မှန်းချက်ဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၏ အနာဂတ်ကို ကာကွယ်ရန် ဥပဒေမူကြမ်းတစ်ခုကို ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါစည်းမျဉ်းစည်းကမ်းအသစ်သည် အဓိကနယ်ပယ် (၃)ရပ်နှင့် သက်ဆိုင်ပါသည်။ ၎င်း နယ်ပယ် (၃)ရပ်မှာ ပတ်ဝန်းကျင်ဆိုင်ရာ အလေ့အကျင့်များနှင့် ချိုးဖောက်မှုများအတွက် ပြစ်ဒဏ် များကို အားပေးသည့်စနစ်ကို လွယ်ကူရှင်းလင်းအောင် ပြုလုပ်ခြင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် အသိ ပညာများကို မြှင့်တင်ပေးခြင်းနှင့် လူသားအရင်းအမြစ်များတွင် ရင်းနှီးမြှုပ်နှံမှုတို့ဖြစ်ပါသည်။

ပြင်သစ်နိုင်ငံ၏ စိုက်ပျိုးရေးနှင့် Food Sovereignty ဝန်ကြီးဌာန၏ အကြီးအကဲဖြစ်သူ Marc Fesneau က ဧပြီလ (၄)ရက်နေ့တွင် အဆိုပါ အကြောင်းအရာအား တင်ပြခဲ့ပြီး မေလ (၃) ရက်နေ့တွင် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးရန်စီစဉ်ထားပါသည်။ ကျွန်ုပ်တို့တောင်သူများ၏ ထုပ်လုပ်မှု စွမ်းအားနှင့် အာဟာရဓာတ်စွမ်းရည်များကို အများပြည်သူနှင့် သက်ဆိုင်သော မူဝါဒများ၏ အဓိကအချက်အဖြစ် ဆက်လက်ထားရှိရမည်ဟု Fesneau က ဝန်ကြီးများကောင်စီသို့ ပြောကြားခဲ့ပါသည်။

မျိုးဆက်သစ်များ ပေါ်ပေါက်လာမှသာ food sovereignty ၏ ရည်မှန်းချက်ကို အောင်မြင် အောင်အကောင်အထည်ဖော်ဆောင်ရွက်လာနိုင်မည်ဖြစ်ပါသည်။ကျွန်ုပ်တို့သည်ရာသီဥတုပြောင်းလဲ လာမှုနှင့် စိုက်ပျိုးရေးဆိုင်ရာ ပြောင်းလဲလာမှုများ၏ စိန်ခေါ်မှုများကို လေ့ကျင့်သင်ယူနိုင်သည့် မျိုးဆက်သစ်များ လိုအပ်လျက်ရှိပါသည်။

အဆိုပါမူဘောင်ကို လွယ်ကူရှင်းလင်းအောင် ပြလုပ်ခြင်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေးဆိုင်ရာ ယှဉ်ပြိုင်မှုများအပေါ် သက်ရောက်နေသော ကန့်သတ်ချက်များနှင့် ဆန့်ကျင်သော တရားဝင်အမိန့် များကို လွယ်ကူရှင်းလင်းအောင် ပြုလုပ်ခြင်း မရှိပါက စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးဆိုင်ရာ အချုပ် အခြာအာဏာ မရှိနိုင်ကြောင်း ကြေညာချက်တွင် ပါရှိပါသည်

ထို့ကြောင့် အဆိုပါဥပဒေမူကြမ်းသည် ပြင်သစ်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ များ၏ ချိုးဖောက်မှုများကို သင့်လျော်သော လုပ်ထုံးလုပ်နည်းများနှင့် ပြစ်ဒဏ်များဖြင့် တင်းကျပ်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၎င်းသည် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိမှုအပေါ် တောင်သူများ၏ မြန်ဆန်မြင်သာနိုင်စေရန်အတွက် စိုက်ပျိုးရေးဆိုင်ရာ စီမံကိန်းအသစ်များအတွက် တရားစွဲဆိုခြင်း လုပ်ငန်းစဉ် များကို အရှိန်မြှင့်တင်ရန်လည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်

စည်းရိုးကာပင်များ စိုက်ပျိုးခြင်းကို အားပေးခြင်းသည် မတူကွဲပြားသော စိုက်ပျိုးထုတ်လုပ်မှု များကို ချိန်ညှိနိုင်ရန် အစီအစဉ်တစ်ခုလည်း ဖြစ်နိုင်ပါသည်။ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ အစားအစာကဏ္ဍများတွင် ဝင်ရောက်ဆောင်ရွက်မည့် သူများအတွက် သက်ဆိုင်ရာဘွဲ့ဒီဂရီများနှင့် ဒီပရိုမာအောင်လက်မှတ်များ ရရှိနိုင်ရေးအတွက်သင်တန်းအစီအစဉ်များကို စတင်ဆောင်ရွက်သွား မည် ဖြစ်ပါသည်။

အဆိုပါရည်မှန်းချက်များကို ထောက်ပံ့ပေးသည့်အနေဖြင့် ဤဥပဒေသည် သုံးနှစ်တာ ကာလ အတွင်း စိုက်ပျိုးရေးဆိုင်ရာ ဂေဟစနစ်နှင့် ရာသီဥတုပြောင်းလဲမှုများကို စိတ်ပါဝင်စားသော ကျွမ်းကျင်ပညာရှင်များ (၅၀,၀၀၀)ကျော်အား လေ့ကျင့်သင်ကြားပေးရန် ကြိုးပမ်း ဆောင်ရွက်သွား မည်လည်း ဖြစ်ပါသည်။

အဆိုပါစည်းမျဉ်းစည်းကမ်း၏ တတိယအချက်မှာ လယ်ယာလုပ်ငန်း လုပ်ကိုင်မည့် (သို့) အသက်မွေးဝမ်းကျောင်းပြုမည့် မျိုးဆက်သစ်များကို  အထောက်အပံ့ပေးခြင်းဖြင့် လယ်ယာကဏ္ဍ ရေရှည်တည်တံ့နိုင်စေရန်အတွက် ဖြေရှင်းပေးရန် ဖြစ်ပါသည်။

အဆိုပါရည်ရွယ်ချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အသစ်များကို လုံခြုံစိတ်ချရသောနည်းလမ်းဖြင့် ထိန်းချုပ်ဆွဲဆောင်ရန် ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးရေး ဆိုင်ရာ လယ်ယာမြေရင်းနှီးမြှုပ်နှံမှုအဖွဲ့ကို ဖွဲ့စည်းသွားမည်ဟု ထုတ်ပြန်ထားပါသည်။

ကျွန်ုပ်တို့သည် တောင်သူများအား ပိုမိုကောင်းမွန်သော အသိပညာပေးမှု၊ တောင်သူများနှင့် အတူ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပံ့ပိုးကူညီပေးမှုများကြောင့် တောင်သူများအနေဖြင့် လက်ရှိ လယ်ယာများကို ပိုမိုလွယ်ကူစွာ လုပ်ကိုင်ဆောင်ရွက်အသုံးချလာ နိုင်ခြင်း၊ ရောင်းချနိုင်ခြင်း စသည် တို့ကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း Fesneau က ပြောကြား ခဲ့ပါသည်။

ကျွန်ုပ်တို့သည် နိုင်ငံတော်အတွက် စိုက်ပျိုးရေးဆိုင်ရာ မဟာဗျူဟာမြောက် အတိုင်းအတာ များကို ထပ်လောင်းအတည်ပြုမည်ဖြစ်ပြီး တရားဝင်အမိန့်များကို ဆန့်ကျင်ထားသော မလိုလား အပ်သော စည်းမျဉ်းစည်းကမ်းကန့်သတ်ချက်များနှင့် မသက်ဆိုင်ဘဲ စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရန်အတွက် အခြေအနေများ ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း (၇. ၂. ၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.gnlm.com.mm၏ သတင်းအချက်အလက်များ အရ သိရှိရပါသည်။


Source https://www.gnlm.com.mm/red-kidney-bean-price-jumps-to-k4-5-mln-per-tonne-on-foreign-demand/


တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဧပြီလ(၁၀) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ