ယူနန်ဘလူးဘယ်ရီသီးများ၏ နောက်ဆုံးရာသီတွင် ဈေးကွက်အတွင်း၌ အရည်အသွေးမြင့် ပရီမီယံအသီးများ ရှားပါးလာ

  • Thu, 25 April 2024

ယူနန်ဘလူးဘယ်ရီသီးများ၏ နောက်ဆုံးရာသီတွင် ဈေးကွက်အတွင်း၌ အရည်အသွေးမြင့် ပရီမီယံအသီးများ ရှားပါးလာ


မကြာသေးမီက ယူနန်ဘလူးဘယ်ရီသီးများသည် ဈေးကွက်သို့ သိသိသာသာဝင်ရောက်လာခဲ့ပြီး တရုတ်နိုင်ငံတစ်ဝှမ်းမှ ဝယ်သူများကို ဆွဲဆောင်ခဲ့ပါသည်။ ထို့ကြောင့် ဘလူးဘယ်ရီသီးများ၏ စျေးကွက်ပမာဏသည် တဖြည်းဖြည်း မြင့်တက်လာပါသည်။ ယခုနှစ်အစောပိုင်းတွင် ယူနန်နှင့်စီချွမ်နှစ်ခုလုံးသည် အရည်အသွေးမြင့် ပြည်တွင်းဘလူးဘယ်ရီသီးများ ပိုလျှံသည်ကိုတွေ့မြင်ခဲ့ရပြီး အထူးသဖြင့် အရွယ်အစားကြီးသည့် ဘလူးဘယ်ရီသီးများအတွက် ဝယ်လိုအားများခြင်းကြောင့် ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ သို့သော်လည်း ဝင်ရောက်မှုများပြားလာသည်နှင့်အမျှ ဈေးနှုန်းများသည် မကြာသေးမီကမှ စတင်ကျဆင်းလာခဲ့ပါသည်။ဧပြီလသည် အရည်အသွေးကောင်းမွန်သောယူနန်ဘလူးဘယ်ရီသီး အထွက်နှုန်းများပြီး ၀ယ်လိုအား အမြင့်ဆုံး ကာလဖြစ်သည်။ ထို့ကြောင့် ယခုရက်ပိုင်းအတွင်း သစ်သီးဈေးကွက်အတွင်း ဈေးနှုန်းများ တဖြည်းဖြည်း ကျဆင်းလာသည်။ ယူနန်ဘလူးဘယ်ရီရာသီ တဖြည်းဖြည်း ကုန်ဆုံး တော့မည် ဖြစ်သောကြောင့် ရှန်ဒေါင်းဘလူးဘယ်ရီ ပမာဏအနည်းငယ် စျေးကွက်တွင် စတင် ဝင်ရောက်လာသည်။၎င်းတို့၏ ကုန်ကျစရိတ်သက်သာခြင်းကြောင့် ရှန်ဒေါင်းဘလူးဘယ်ရီသည် ဧပြီလ နှောင်းပိုင်းတွင် ဈေးကွက်ကို လွှမ်းမိုးနိုင်ဖွယ်ရှိသည်။ ခန့်မှန်းချက်များအရ မေလလွန်တွင် Anhui၊ Sichuan၊ Liaoning နှင့် အခြားဒေသများမှ ဘလူးဘယ်ရီသီးများသည် ဈေးကွက်သို့ ဆက်တိုက် ဝင်ရောက်လာမည်ဟု မျှော်မှန်းထားသည်။ အပူချိန်များပိုမိုမြင့်တက်လာသည်နှင့်အမျှ ဘလူးဘယ်ရီ ထွက်ရှိမှုကျဆင်းလာကာ အရွယ်အစားကြီးသောအသီးများအတွက် လက်ကားဈေးမှာတစ်ပုံးလျှင် ၁၀ ယွမ်အထိကျဆင်းသွားနိုင်ပါသည်။လက်ရှိတွင်စျေးကွက်၌ အဓိကအားဖြင့် အရည်အသွေးအတက်အကျရှိသော ယူနန်ဘလူး ဘယ်ရီသီး နောက်ဆုံးအသုတ်များပါဝင်ပါသည်။ ချိုပြီးအရသာရှိသော ပရီမီယံထုတ်ကုန်များ ရှားပါးလာသဖြင့် ဈေးကွက်အတွင်းသို့ ရောက်ရှိချိန်တွင် ၀ယ်လိုအားအဆမတန်ဖြစ်လာပါသည်။ ထို့ကြောင့် ပျမ်းမျှ အရည်အသွေးရှိသော ဘလူးဘယ်ရီသီးများ၏ စျေးနှုန်းများမှာ တည်ငြိမ်နေသည်။ Jiaxing Fruit Market ရှိ ဘလူးဘယ်ရီသီးများအတွက် လက်ရှိပျမ်းမျှစျေးနှုန်းများမှာ ၁၂(+) အရွယ်အစားရှိ ဘလူးဘယ်ရီသီး တစ်သေတ္တာလျှင် (၇၅-၈၅)ယွမ်၊ ၁၅(+) အရွယ်အစားရှိ ဘလူးဘယ်ရီသီး တစ်သေတ္တာလျှင် (၉၀-၉၅)ယွမ်၊၁၈(+) အရွယ်အစားရှိ ဘလူးဘယ်ရီသီး တစ်သေတ္တာလျှင် (၁၀၅-၁၁၅)ယွမ်၊၂၂(+)အရွယ်အစားရှိ ဘလူးဘယ်ရီသီး တစ်သေတ္တာလျှင် (၁၃၀-၁၄၀)ယွမ် ဖြစ်ပါသည်။ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင်တရုတ်နိုင်ငံတစ်ဝှမ်း၌ ဘလူးဘယ်ရီသီး စိုက်ပျိုးထုတ်လုပ်သည့် ပြည်နယ်အရေအတွက်သည် ၂၀၂၃ ခုနှစ်တွင် (၁၀)ခု မှ (၂၇)ခုအထိတိုးချဲ့စိုက်ပျိုးမှုကြောင့် စျေးနှုန်းများကျဆင်းလာခဲ့ပါသည်။တိုးချဲ့စိုက်ပျိုးမှုကြောင့် ဘလူးဘယ်ရီသီး ထုတ်လုပ်မှု သိသိသာသာ မြင့်တက်လာခဲ့ပြီးယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ပိုပိုလျှံလျှံရှိခဲ့ပါသည်။ယခုနှစ်တွင် တရုတ်ဘလူးဘယ်ရီဈေးကွက်၌ ပြည်တွင်းဘလူးဘယ်ရီသီးများ၏ အရည်အသွေးကောင်းမွန်မှုကြောင့် ပြည်ပမှဘလူးဘယ်ရီတင်သွင်းမှုများ သိသိသာသာကျဆင်းလာပြီး ဈေးနှုန်းအတော်အတန်မြင့်မားနေပါသည်။ တင်သွင်းလာသော ဘလူးဘယ်ရီသီးများသည် ပုံမှန်အားဖြင့် သယ်ယူပို့ဆောင်ရန် ရက်ပေါင်း(၂၀-၃၀)အထိ ကြာမြင့်သောကြောင့် ၎င်းတို့၏ လတ်ဆတ်မှုနှင့် အရသာကို ထိခိုက်စေပါသည်။ ဆန့်ကျင်ဘက်အနေဖြင့် ပြည်တွင်းဘလူးဘယ်ရီသီးများသည် ရိတ်သိမ်းပြီးသုံးရက်အတွင်း ဈေးကွက်သို့ရောက်ရှိသောကြောင့် လတ်ဆတ်ပြီးအရသာကောင်းမွန်ကာ ပြည်တွင်းဘလူးဘယ်ရီဈေးကွက်အတွက် အခွင့်အလမ်းသစ်များရရှိစေကြောင်း (၁၉.၄.၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့သောFreshplaza website ၏ သတင်းဆောင်းပါးအရသိရှိရပါသည်။

Source https://www.freshplaza.com/asia/article/9619046/yunnan-blueberries-are-currently-in-their-final-season-with-premium-products-becoming-increasingly-scarce-leading-to-a-sluggish-market/

တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၄) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန




ဆက်စပ် သတင်းများ