ဗီယက်နမ်လယ်ယာထွက်ကုန်များပို့ကုန်မြှင့်တင်နိုင်ရေးကုန်အမှတ်တံဆိပ်တည်ဆောက်ရန် လိုအပ်

  • Thu, 25 April 2024

ဗီယက်နမ်လယ်ယာထွက်ကုန်များပို့ကုန်မြှင့်တင်နိုင်ရေးကုန်အမှတ်တံဆိပ်တည်ဆောက်ရန် လိုအပ်


ဗီယက်နမ်လယ်ယာထွက်ကုန်များပို့ကုန်မြှင့်တင်နိုင်ရေးကုန်အမှတ်တံဆိပ်တည်ဆောက်ရန် လိုအပ်

ဗီယက်နမ်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုသည် မကြာသေးမီကာလများအတွင်းအောင်မြင်မှုများစွာရရှိခဲ့ပြီးကုန်စည်ခုနစ်မျိုးမှ နှစ်စဉ်တင်ပို့မှုတန်ဖိုးမှာအမေရိကန်ဒေါ်လာ ၃ဘီလီယံကျော်  ရှိပြီး၎င်းတို့မှာသစ်နှင့်သစ်သားထွက်ကုန်များ၊ ပုစွန်၊ ကော်ဖီ၊ ဆန်စပါး၊ ရော်ဘာ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများနှင့် သီဟိုဠ်စေ့တို့ဖြစ်သည်။ ဤထုတ်ကုန်များသည် အမေရိကန်၊ ဥရောပသမဂ္ဂ (အီးယူ) နှင့် ဂျပန်နိုင်ငံတို့ကဲ့သို့ ကမ္ဘာ့အဓိကတင်သွင်းသည့် စျေးကွက်အများစုတွင် ရှိနေပါသည်။

သို့သော်လည်းစိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးမူဝါဒနှင့်မဟာဗျူဟာသိပ္ပံ ညွှန်ကြားရေးမှူး Tran Cong Thang ၏ ပြောကြားချက်အရဗီယက်နမ်နိုင်ငံ၏ လယ်ယာထွက်ကုန်များ၏ (၉၀%)အထိကိုကုန်ကြမ်းအဖြစ် တင်ပို့နေရဆဲဖြစ်ပြီး ၎င်းတို့၏  ပို့ကုန်ဈေးနှုန်းများသည်  အခြားနိုင်ငံအများအပြားမှအလားတူထုတ်ကုန်များထက် ဈေးနှုန်းနိမ့်ကျနေပါသည်။

ဗီယက်နမ်လယ်ယာထွက်ကုန်အများအပြားသည် ကမ္ဘာပေါ်တွင် တင်ပို့မှုအမြင့်မားဆုံးနိုင်ငံများထဲတွင် ပါဝင်သော်လည်းစားသုံးသူများကျယ်ပြန့်စွာလူသိများသည့် ခိုင်မာသောအမှတ်တံဆိပ်ကိုပိုင်ဆိုင်ထားခြင်းမရှိသေးကြောင်းသိရသည်။

လက်ရှိတွင် ပြည်ပသို့ တင်ပို့သည့် လယ်ယာထွက်ကုန်များ၏ (၈၀%)သည် တံဆိပ်မကပ် နိုင်သေးဘဲ ၎င်းတို့၏ ကိုယ်ပိုင်အမှတ်တံဆိပ်များနှင့် အညွှန်းတံဆိပ်များမပါရှိကာကမ္ဘာ့တန်ဖိုးကွင်းဆက်များတွင် အပြည့်အ၀ ပါဝင်ခြင်းမရှိကြောင်းသိရသည်။

ဗီယက်နမ်ရော်ဘာအသင်းပိုင်“ဗီယက်နမ်ရော်ဘာ”နှင့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (MARD) မှ “ဗီယက်နမ်ဆန်” တို့အပါအဝင်  အဓိကနိုင်ငံတော် လယ်ယာထွက်ကုန် (၁၃)မျိုးတွင် (၂)မျိုးသာမှတ်ပုံတင်ထားကြောင်းသိရသည်။ 

ကော်ဖီ၊ ပုစွန်နှင့် tra fish ကဲ့သို့သောထုတ်ကုန်များအတွက် အခြားလုပ်ထုံးလုပ်နည်းများကိုဆက်လက် ဆောင်ရွက်ဆဲဖြစ်သည်။ဗီယက်နမ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်းအထွေထွေအတွင်းရေးမှူး Dang Phuc Nguyen ၏ ပြောကြားချက်အရအမှတ်တံဆိပ်သည် အရည်အသွေးနှင့် ရှင်းလင်းပြတ်သားသောဇစ်မြစ် ခြေရာခံနိုင်မှုမှ ဖြစ်ပေါ်လာရမည်ဟုဆိုသည်။

သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်လုပ်ငန်းတွင် ထုတ်ကုန်အရည်အသွေးကိုအပင်မျိုးကွဲများ၊ ထိန်းသိမ်းမှုနည်းပညာနှင့် ထုပ်ပိုးမှုတို့ဖြင့် အဆုံးအဖြတ်ပေးသည်။

ငုယင်ကနိုင်ငံတော်မှ သီးနှံမျိုးကောင်းမျိုးစိတ်သစ်များဖွံ့ဖြိုးတိုးတက်လာစေရေးဥပဒေနှင့် အစီအမံများကိုပြဌာန်းထားပြီးမျိုးစေ့ပိုင်ရှင်များ၏ အခွင့်အရေးများကိုကာကွယ်ရန် မူဝါဒများနှင့် အစီအမံများထားရှိရန် အဆိုပြုခဲ့သည်။

လက်ရှိတွင် ဒူးရင်းသီးသည် ထင်ရှားသောထွက်ကုန်တစ်ခုဖြစ်ကြောင်းသူကပြောသည်။

ပြီးခဲ့သည့်နှစ်ကဗီယက်နမ်နိုင်ငံသည် ဒူးရင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ(၂.၃)ဘီလီယံနီးပါးရရှိခဲ့သည်။

ကိန်းဂဏန်းများအရ(၂၀၂၄)ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၃)ဘီလီယံကျော်မည်ဟုခန့်မှန်းထားသည်။

ဗီယက်နမ်  လယ်ယာထွက်ကုန်အမှတ်တံဆိပ်များဖွံ့ဖြိုးတိုးတက်ရေးအတွက်   ဦးတည်ထားသည့်   အဓိကနည်းလမ်းသုံးရပ်မှာကော်ပိုရိတ်အမှတ်တံဆိပ်များ၊   ဒေသဆိုင်ရာနှင့် ပြည်တွင်းဆိုင်ရာအမှတ်တံဆိပ်များနှင့် အမျိုးသားအဆင့် အမှတ်တံဆိပ်များတည်ဆောက်ရေးတို့ ဖြစ်ပါသည်။

Nam မှ MARD's Policy Institute နှင့် National Agro-Forestry-Fisheries Quality Assurance Department(NAFIQAD) တို့နှင့်အတူဗီယက်နမ်လယ်ယာထွက်ကုန် အမှတ်တံဆိပ်များစီမံခန့်ခွဲရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံအုပ်ချုပ်မှုဆိုင်ရာအမိန့်တစ်ရပ်ကိုအစိုးရထံဆွေးနွေးပြီးအဆိုပြုရန် ဥပဒေရေးရာဦးစီးဌာနနှင့် လက်တွဲဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။

အစိုးရ၏ခွင့်ပြုချက်ကိုစောင့်ဆိုင်းနေစဉ် NAFIQAD နှင့် အသင်းအဖွဲ့များသည် ရှေ့ပြေးအကောင်အထည်ဖော်ရန်အတွက်  အဓိကထုတ်ကုန်အများအပြားကိုရွေးချယ်ကာဗီယက်နမ် ဆန်စပါးလုပ်ငန်းအသင်းအား (၂၀၂၄)ခုနှစ်တွင်   ဗီယက်နမ်ဆန်အမှတ်တံဆိပ် တည်ဆောက်ရေးစီမံကိန်းကိုဆက်လက်အကောင်အထည်ဖော်ရန်  ခွင့်ပြုသင့်ကြောင်းကို(၂၀.၄.၂၀၂၄)ရက်နေ့ကဖတ်ရှုခဲ့ရသည့် vietnamnet.vn ကွန်ယက်၏ သတင်းဆောင်းပါးမှတစ်ဆင့် သိရှိခဲ့ရသည်။ 

Source https://vietnamnet.vn/en/brand-building-for-vietnamese-agricultural-products-needed-to-boost-exports-2270996.html

တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၄) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန




ဆက်စပ် သတင်းများ