အီကွေဒေါနိုင်ငံမှ ကုမ္ပဏီ (၂)ခုသည် အမေရိကန်နှင့် ဂျာမနီနိုင်ငံသို့ ပထမအကြိမ် နဂါးမောက် သီးအနီများ တင်ပို့

  • Thu, 2 May 2024

အီကွေဒေါနိုင်ငံမှ ကုမ္ပဏီ (၂)ခုသည် အမေရိကန်နှင့် ဂျာမနီနိုင်ငံသို့ ပထမအကြိမ် နဂါးမောက် သီးအနီများ တင်ပို့



အီကွေဒေါနိုင်ငံသည် ပြည်တွင်းစီးပွားရေးစိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရပြီးနောက်တွင် ပြည်ပဈေးကွက်အသစ်များသို့ နဂါမောက်သီးအနီများ ထိုးဖောက်ဝင်ရောက်မှု ကဲ့သို့သော ပို့ကုန် ကဏ္ဍတွင် သိသာထင်ရှားသော အောင်မြင်မှုများ ရရှိခဲ့ပါသည်။ အီကွေဒေါကုမ္ပဏီ (၂)ခုသည် အမေ ရိကန်နှင့် ဂျာမနီနိုင်ငံများသို့ နဂါးမောက်သီး အနီများကို ပထမအကြိမ် အောင်မြင် စွာ တင်ပို့နိုင်ခဲ့ပြီး ၎င်းသည် နိုင်ငံ၏ သစ်သီးဝလံလုပ်ငန်းအတွက် အရေးကြီးသော သမိုင်းမှတ်တိုင် တစ်ခုအဖြစ် မှတ်တမ်းတင်ခဲ့ပါသည်။

Zamuagro ကုမ္ပဏီသည် Fruit Logistica Berlin ကုန်စည်ပြပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီး နောက်တွင် ဂျာမနီနိုင်ငံသို့ အဆိုပါထုတ်ကုန်ကို တင်ပို့ခဲ့ပါသည်။ Beautifruit Export ကုမ္ပဏီ သည် အမေရိကန်နိုင်ငံသို့ အွန်လိုင်းအစည်းအဝေးအစီအစဉ်မှတဆင့် အမေရိကန်နိုင်ငံသို့ နဂါးမောက်သီး အနီများ တင်ပို့ခဲ့ပါသည်။ ဤအောင်မြင်မှုဖြစ်စဉ်များသည် ကမ္ဘာ့အဆင့်တွင် အီကွေဒေါ သစ်သီး ဝလံ၏ အရည်အသွေးနှင့် အလားအလာကို ထင်ဟပ်စေပါသည်။

အီကွေဒေါနိုင်ငံသည် လက်ရှိတွင် ထူးခြားဆန်းပြားသော အရသာနှင့် အာဟာရဓာတ် ပါဝင်မှုကြောင့် လူသိများသော ထွက်ကုန်တစ်မျိုးဖြစ်သည့် နဂါးမောက်သီးများကို နိုင်ငံပေါင်း (၅၆) နိုင်ငံသို့ တင်ပို့လျက်ရှိပါသည်။ အီကွေဒေါနိုင်ငံ၌ စိုက်ဧရိယာ (၆၀၀၀)ခန့်အား နဂါးမောက်သီး စိုက်ပျိုးရန် ရင်းနှီးမြှုပ်နှံထားပြီး အဆိုပါလုပ်ငန်း၌ အလုပ်သမားပေါင်း (၄၁၂၈)ဦးခန့် ရှိပါသည်။ အီကွေဒေါနိုင်ငံ၌ နဂါးမောက်သီး အဝါမျိုးနှင့် အနီမျိုး (၂)မျိုးကို အဓိက စိုက်ပျိုးပြီး စုစုပေါင်း စိုက်ပျိုးထုတ်လုပ်မှု၏ (၉၀%)မှာ နဂါးမောက်သီးအနီမျိုးများဖြစ်ပြီး ကျန်(၁၀%)မှာ နဂါးမောက်သီး အဝါမျိုးများ ဖြစ်ကြပါသည်။

အီကွေဒေါနိုင်ငံ၌ နဂါးမောက်သီးများကို Morona Santiago ၊ Imbabura ၊ Bolívar ၊ Loja၊ Santo Domingo ၊ Manabí ၊ Los Ríos ၊ Santa Elena ၊ Guayas နှင့် El Oro တို့တွင် စိုက်ပျိုးကြပြီး ၎င်းသည် နိုင်ငံတစ်ဝှမ်းလုံးတွင် စိုက်ပျိုးထုတ်လုပ်သည်ကို ထင်ဟပ်စေကြောင်း (၂၄-၄-၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.freshplaza.com ၏ သတင်းအချက် အလက်များအရ သိရှိရပါသည်။


Source https://www.freshplaza.com/north-america/article/9620296/two-ecuadorian-companies-export-red-pitahaya-to-the-us-and-germany-for-the-first-time/ 


တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ မေလ (၁) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ