အီးယူသည် ကုန်သွယ်ရေးတင်းမာမှုများရှိနေသော်လည်း တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်တင်ပို့မှု တိုးမြှင့်ရန် ရည်ရွယ်

  • Thu, 2 May 2024

အီးယူသည် ကုန်သွယ်ရေးတင်းမာမှုများရှိနေသော်လည်း တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်တင်ပို့မှု တိုးမြှင့်ရန် ရည်ရွယ်



ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော EU စိုက်ပျိုးရေး အထူးတာဝန်ပေးအပ်ခြင်းခံရသည့်ကော်မရှင်အဖွဲ့ဝင် Janusz Wojciechowski က ၎င်း၏ ခရီးစဉ် ရည်မှန်းချက်သည် တရုတ်-အီးယူ ကုန်သွယ်ရေးတင်းမာမှုများ မြင့်တက်လာခြင်း၏ မပြေလည်မူ့ များကြားမှ စားနပ်ရိက္ခာများ ထိန်းချုပ်ရေးနှင့် ကမ္ဘာ့စီးပွားရေးဒုတိယ အင်အားအကြီးဆုံး တရုတ် နိုင်ငံသို့လယ်ယာထွက်ကုန်များတိုးမြှင့်တင်ပို့ရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။"အစားအသောက် ကုန်သွယ်မှုမှာ တရုတ်သွင်းကုန်များအတွက် အတားအဆီးတွေမရှိပါဘူး" ဟု Wojciechowski က တနင်္လာနေ့က ရှန်ဟိုင်းတွင်ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ပါ သည်။

အဓိကရည်ရွယ်ချက်ကတော့ တစ်ခါတစ်ရံဖြစ်လေ့ရှိသော လယ်ယာကဏ္ဍနှင့်ပါတ်သက်ပြီး အခြားကဏ္ဍများဖြစ်ပေါ်လာသော ပြဿနာများကို တတ်နိုင်သမျှရှောင်ရှားရန်ဖြစ်ကြောင်း ၎င်းက ထပ်ဆောင်းပြောကြားပါသည်။

သောကြာနေ့အထိ လည်ပတ်မည့် အထူးတာဝန်ပေးအပ်ခြင်းခံရသည့် ကော်မရှင်အဖွဲ့ဝင် ခရီးစဉ်သည် တရုတ်နှင့် ဥရောပတွင် "ကုန်သွယ်ရေးနှေးကွေးမှု"နှင့် ရင်ဆိုင်ရချိန်တွင် ကာကွယ်ရေး မူဝါဒ မြင့်တက်လာခြင်းကြောင့် ကုန်သွယ်ရေးစစ်ပွဲဖြစ်လာရန် ခြိမ်းခြောက်နေသည့်အတွက် တရုတ် နိုင်ငံရှိ ဥရောပကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ Jens Eskelund က ပြီးခဲ့သော သီတင်းပတ်တွင် သတိပေးခဲ့ပါသည်။

ဆိုလာပြားများ သို့မဟုတ် စွမ်းအင်အသစ်များ (NEVs) ကဲ့သို့သော ကဏ္ဍများနှင့် မတူဘဲ ဥရောပသမဂ္ဂ၏ လယ်ယာစားနပ်ရိက္ခာကဏ္ဍသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတွင် ပို့ကုန်ပိုငွေ ပြနေခဲ့ပါသည်။

  အခြားကဏ္ဍများနှင့်မတူဘဲ၊ နေရာတိုင်းတွင် စားနပ်ရိက္ခာဖူလုံမှုသေချာစေရန် အစားအစာ ကုန်သွယ်မှုသည် အလွန်အရေးကြီးသော လက်နက်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေသောကြောင့် ရုရှားနိုင်ငံမှ ယူကရိန်းသို့ ကျူးကျော်ဝင်ရောက်ပြီးနောက် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု များသည် လယ်ယာစားနပ်ရိက္ခာထုတ်ကုန်များအပေါ် တင်းကြပ်မှုမပြုကြောင်း Wojciechowski က ပြောကြားခဲ့ပါသည်။

ယခင်နှစ်က တရုတ်နိုင်ငံသို့ အီးယူ၏ ပို့ကုန်တန်ဖိုးမှာ ယူရို  ၁၄.၆   ဘီလီယံ ( အမေရိကန်ဒေါ်လာ ၁၅.၅၇ ဘီလီယံ) ရှိခဲ့ရာမှ  ၂၀၂၂ ခုနှစ်တွင်   ၈  ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တရုတ်မှ အီးယူသို့တင်သွင်းမှု ယူရို ၈ ဒသမ ၃ ဘီလီယံ (၁၅ ရာခိုင်နှုန်း)သို့ ကျဆင်းခဲ့ပါသည်။

တရုတ်နိုင်ငံသို့ ထိုးဖောက်ဝင်ရောက်မှုနှင့် ပတ်သက်၍ အသင့်အတင့်အောင်မြင်လျက်ရှိပြီး မွေးမြူရေးမှသည် ဝက်သားထုတ်လုပ်ခြင်း၊ အမဲသားနှင့် နို့ထွက်ပစ္စည်းများကို အီးယူမှ တရုတ်နိုင်ငံ အထိ လယ်ယာစားနပ်ရိက္ခာ ကဏ္ဍမျိုးစုံတစ်လျှောက် ပို့ကုန်အတွက်နေရာရှိနေသည်ဟု Wojcie chowski မှ ပြောကြားခဲ့ပါသည်။        

"ကောင်းမွန်သည့်အရည်အသွေးမြင့် အစားအစာများကို ရှာဖွေနေသော လူလတ်တန်းစား အစာ အတွက် ကျွန်တော်တို့၏ ပို့ကုန်ကိုတိုးမြှင့်ဖို့ အခွင့်အရေးပါပဲ" ဟု ၎င်းက ဆိုခဲ့ကြောင်းကို (၂၆-၄-၂၀၂၄) ရက်နေ့ထုတ် www.business-standard.com အရသိရှိရပါသည်။


Source https://www.business-standard.com/world-news/eu-aims-to-increase-agri-food-exports-to-china-despite-trade-tensions-124042200293_1.html


တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ မေလ (၂) ရက်

စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန




ဆက်စပ် သတင်းများ