စိုက်ပျိုးရေးထွက်ကုန်များတင်ပို့နိုင်မှု (၉)% လျော့နည်းကျဆင်းသွားသဖြင့် ငှက်ပျောနှင့် သရက်အပါအဝင် ကုန်စည်အမျိုးအစား (၂၀)ခန့် အရှိန်အဟုန်မြှင့်ကာ တင်ပို့နိုင်ရေးအတွက် အစိုးရမှ စီစဉ်လျက်ရှိ

  • Thu, 2 May 2024

စိုက်ပျိုးရေးထွက်ကုန်များတင်ပို့နိုင်မှု (၉)% လျော့နည်းကျဆင်းသွားသဖြင့် ငှက်ပျောနှင့် သရက်အပါအဝင် ကုန်စည်အမျိုးအစား (၂၀)ခန့် အရှိန်အဟုန်မြှင့်ကာ တင်ပို့နိုင်ရေးအတွက် အစိုးရမှ စီစဉ်လျက်ရှိ



ပင်လယ်နီအကျပ်အတည်းများ၊ ရုရှား - ယူကရိန်းစစ်ပွဲ နှင့် ပြည်တွင်းကန့်သတ်ချက် များကြောင့် (၂၀၂၄) ဘဏ္ဍာနှစ်၊ ဧပြီလမှ ဖေဖော်ဝါရီလအတွင်း အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေး ထွက်ကုန်တင်ပို့နိုင်မှုသည် အမေရိကန်ဒေါ်လာ (၄၃.၇)သန်းသာရှိသဖြင့် (၉%) နီးပါးကျဆင်းခဲ့ သောကြောင့် အစိုးရ အနေဖြင့် ငှက်ပျော၊ သရက်၊ အာလူး နှင့် အစိမ်းကြော်ပြောင်း အပါအဝင် ကမ္ဘာ့ပို့ကုန်ဈေးကွက်တွင် သိသာထင်ရှားသော တိုးတက်မှုအလားအလာရှိသည့် ကုန်စည် အမျိုး အစား (၂၀)ခန့်အား ပို့ကုန်တင်ပို့မှု အရှိန်အဟုန်မြှင့်တင်ရန်အတွက် စီစဉ်လျက်ရှိကြောင်း သိရှိရ ပါသည်။

ယခုကာလတွင် ကမ္ဘာလုံးဆိုင်ရာပို့ကုန်ကဏ္ဍတွင် အိန္ဒိယနိုင်ငံ၏ အစုရှယ်ယာသည် နည်းပါးနေသဖြင့် ၎င်းတို့သည် ကုန်စည်အမျိုးအစား (၂၀)ခုအား သတ်မှတ်လျာထားပြီး ၎င်း ကုန်စည်များအတွက် အသေးစိတ် ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရန်အတွက် လုပ်ဆောင်နေ ကြကြောင်း၊ အိန္ဒိယနိုင်ငံ၏ အစုရှယ်ယာသည် ကမ္ဘာလုံးဆိုင်ရာပို့ကုန်ကဏ္ဍ၏ (၂.၅%)ခန့်သာ ရှိသဖြင့် နောင်လာမည့် နှစ်များတွင် (၄-၅)%အထိ တိုးမြှင့်လာစေရန် ရည်ရွယ်ထားကြောင်းကို ကူးသန်းရောင်းဝယ်ရေး နှင့် စက်မှုဝန်ကြီးဌာနမှ တွဲဘက်အတွင်းရေးမှူးဖြစ်သူ Rajesh Agarwal က အင်္ဂါနေ့တွင် ပြောကြားခဲ့ ပါသည်။

သတ်မှတ်လျာထားသော ကုန်စည်အမျိုးအစား၌ စပျစ်သီးအချို၊ မာလကာသီး၊ သလဲသီး၊ ဖရဲသီး၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ငရုတ်ပွ၊ ရုံးပတီသီး၊ ကြက်သွန်ဖြူ၊ မြေပဲ၊ အဖျော်ယမကာ၊ သီဟိုဠ်စေ့၊ အမဲသား၊ ထန်းလျက် နှင့် သဘာဝပျားရည်တို့ ပါဝင်ကြောင်း၊ (၂၀၂၂)ခုနှစ်တွင် အိန္ဒိယ၏ ပို့ကုန်တင်ပို့မှုတန်ဘိုး အမေရိကန်ဒေါ်လာ (၉.၀၃)ဘီလီယံ တင်ပို့ခဲ့ပြီး အဆိုပါနှစ်၌ အထက်ဖော်ပြပါ ကုန်ပစ္စည်းများ၏ ကမ္ဘာလုံးဆိုင်ရာ တင်သွင်းမှုသည် အမေရိကန် ဒေါ်လာ (၄၀၅.၂၄)ဘီလီယံရှိပြီး အမေရိကန်၊ မလေးရှား၊ ကနေဒါ၊ ရုရှား၊ ဂျာမနီ၊ ပြင်သစ်၊ ကိုရီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ အီတလီ၊ ဘယ်လ်ဂျီယံနှင့် ဗြိတိန်တို့သည် ထိပ်တန်း ဝယ်လက် များဖြစ်ကြောင်း၊ ချင်း၊ နာနတ်၊ သရက် နှင့် လိမ္မော်သီးများ ပင်လယ်ရေကြောင်းမှတဆင့် တင်ပို့မှု ကဏ္ဍမြှင့်တင်ရန်အတွက် စိုက်ပျိုးရေး နှင့် တန်ဘိုးမြှင့်ထုတ်ကုန်တင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေး 

အာဏာပိုင်အဖွဲ့ (APEDA)သည် ပင်လယ်ရေကြောင်းနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များ ဖွံ့ဖြိုး တိုးတက်စေရန် လုပ်ငန်းနယ်ပယ်အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ကာလတွင် အဓိကအားဖြင့် လေကြောင်းလမ်းမှတဆင့် တင်ပို့လျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။

ပင်လယ်ရေကြောင်းနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်လာစေခြင်းဖြင့် ဝေးလံသော ဈေးကွက်များသို့ ဥယျာဉ်ခြံသီးနှံ ထွက်ကုန်များတင်ပို့ရာတွင် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်ကို လျော့နည်းသက်သာစေပြီး ငှက်ပျော၊ သရက်၊ သလဲသီးကဲ့သို့သော သစ်သီးဝလံ များနှင့် အခြား သစ်သီးဝလံ ဟင်းသီးဟင်းရွက်မျိုးစုံတင်ပို့မှုပမာဏ များပြားလာမည်ဖြစ်ကြောင်း စိုက်ပျိုးရေး နှင့် တန်ဘိုးမြှင့်ထုတ်ကုန်တင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (APEDA)၏ ဥက္ကဋ္ဌဖြစ်သူ Abhishek Dev က ပြောကြားခဲ့ပါသည်။

ဆန်၊ ဂျုံ၊ သကြားနှင့် ကြက်သွန်နီ စသည့် ကုန်ပစ္စည်းများ တင်ပို့မှုကို တားမြစ်ကန့်သတ်မှု များကြောင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်၏ လယ်ယာပို့ကုန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ (၅-၆) ဘီလီယံခန့်သာ ရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။ သို့သော်လည်း ယခု ကာလတွင် အဓိကကုန်စည် (၂၄)မျိုးအနက် သစ်သီးဝလံများ၊ အမဲသား၊ တန်ဖိုးမြှင့်ပြုပြင်ထားသော ဟင်းသီးဟင်းရွက်များ၊ ဘာစမာတီဆန်နှင့် ငှက်ပျောသီးကဲ့သို့သော သီးနှံ (၁၇)မျိုးမှာ အပြု သဘောဆောင်ကြောင်း၊ ဘာစမာတီဆန်တင်ပို့မှုသည် (၂၀၂၂-၂၃)ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ ဖေဖော် ဝါရီလအတွင်း အမေရိကန်ဒေါ်လာ (၄.၂) ဘီလီယံတင်ပို့ခဲ့ရာမှ (၂၀၂၃-၂၄)ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ ဖေဖော်ဝါရီလအတွင်း အမေရိကန်ဒေါ်လာ (၅.၂) ဘီလီယံတင်ပို့နိုင်ခဲ့သဖြင့် (၂၂%) တိုးမြှင့် တင်ပို့ နိုင်သည်ဟု တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ကြောင်းကို( )ရက်နေ့တွင် ထုတ်ပြန်သည့် https://indianexpress.com သတင်းအရ သိရှိရပါသည်။

Source https://indianexpress.com/article/business/economy/govt-plans-to-boost-exports-of-20-items-including-bananas-and-mangoes-as-agri-exports-slip-9-9287218/


တင်ပြသူ ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ မေလ (၁) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ