မြောက်ကိုရီးယားသို့ တရုတ်နိုင်ငံ၏ စိုက်ပျိုးရေးပို့ကုန်တင်ပို့မှုသည် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း (၂)ဆကျော် တိုးလာခဲ့

  • Wed, 29 March 2023

မြောက်ကိုရီးယားသို့ တရုတ်နိုင်ငံ၏ စိုက်ပျိုးရေးပို့ကုန်တင်ပို့မှုသည် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း (၂)ဆကျော် တိုးလာခဲ့


(၂၀၂၃) ခုနှစ်၏ ပထမနှစ်လတွင် သကြား၊ ပဲပုပ်ဆီနှင့်ဆန်များ အပါအဝင် အဓိကပို့ကုန် များကို မြောက်ကိုရီးယားသို့ တရုတ်၏ တင်ပို့မှုအားလုံးသည် အစောပိုင်းနှစ်ထက် (၂)ဆကျော် တိုးလာခဲ့ကြောင်း တနင်္လာနေ့တွင် ဖော်ပြထားသည့် တရုတ်အကောက်ခွန်ဆိုင်ရာ အချက် အလက်များအရ သိရှိရပါသည်။

တရုတ်နိုင်ငံမှ အထီးကျန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် (၁၆၁.၅%) တိုးလာကြောင်း ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း ဒေါ်လာ (၃၀၀.၅)သန်းအထိများလာခဲ့ပြီး တရုတ်အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးမှ ထုတ်ပြန်သော အချက်အလက်များအရ သိရှိရပါသည်။

ပို့ကုန်တန်ဖိုးအရ ထိပ်တန်းပစ္စည်းများမှာ သကြား၊ ဆံပင်တု ထုတ်လုပ်ရန်အတွက် သိုးမွှေးများ၊ ပဲပုပ်ဆီ၊ ဆန်နှင့် ရော်ဘာတာယာများဖြစ်ကြပါသည်။

မြောက်ကိုရီးယားနိုင်ငံသည် ဆယ်စုနှစ်(၂)ခုကျော်ကာလအတွင်း ပထမဆုံးအကြိမ် အဖြစ် ၎င်း၏ စစ်သားများအား ရိက္ခာဖြတ်တောက်လိုက်ခြင်းကြောင့် မြောက်ကိုရီးယား၏ စားနပ်ရိက္ခာ အကျပ်အတည်းသည် ပိုမိုဆိုးရွားလာနိုင်ကြောင်း တောင်ကိုရီးယား DongA Ilbo သတင်းစာက ဖေဖော်ဝါရီလလယ်တွင် ဖော်ပြခဲ့သည်။

မကြာသေးမီဆယ်စုနှစ်ကာလအတွင်း မြောက်ကိုရီးယားသည် (၁၉၉၀) ပြည့်လွန်နှစ် များအတွင်း အငတ်ဘေးအပါအဝင် စားနပ်ရိက္ခာပြတ်လပ်မှုများကို မကြာခဏ ကြုံတွေ့ခဲ့ရပြီး ရေလွှမ်းမိုးမှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များကြောင့် ကောက်ပဲသီးနှံများ ပျက်စီးခဲ့ပါ သည်။

ပြုံယမ်းမြို့တော်သည် စက်မှုထုတ်လုပ်မှုကို ပုံမှန်လည်ပတ်စေရန်အတွက် အစီအစဉ် မူကြမ်းများကို ဇန်နဝါရီလတွင်ဖော်ပြခဲ့ပြီး (၂၀၂၃) ခုနှစ်၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းတွင် ပြောင်းလဲမှုကြီးတစ်ခုဖြစ်စေရန် ရည်ရွယ်ထားကြောင်းသိရှိရပါသည်။

ပြီးခဲ့သည့်နှစ်တွင် COVID-19 ရောဂါဖြစ်ပွားမှုကို အောင်မြင်စွာ ကိုင်တွယ် ဖြေရှင်းနိုင်မှု ကြောင့် ဂုဏ်ယူခဲ့ရသော်လည်း၊ ပြုံယမ်းမြို့တော်သည် ပထမနှစ်လအတွင်း တရုတ်နိုင်ငံမှ နှာခေါင်းစည်း (၁၃.၅၇) သန်းကို ဝယ်ယူခဲ့ပြီး ဝယ်ယူမှုပမာဏမှာ တစ်နှစ်ထက်တစ်နှစ် (၂၁၄.၈) ရာခိုင်နှုန်း တိုးလာကြောင်း တရုတ်အကောက်ခွန်ဆိုင်ရာ အချက်အလက်များအရ သိရှိရပါသည်။

တရုတ်နိုင်ငံမှ သာမိုမီတာ (၉၄,၃၉၀) နှင့် ဆေးဘက်ဆိုင်ရာ ရော်ဘာလက်အိတ် အစုံပေါင်း (၆၀,၅၀၀)ကိုလည်း တင်သွင်းခဲ့ပါကြောင်း (၂၀.၃.၂၀၂၃)ရက်နေ့တွင် ထုတ်ဝေခဲ့သော Reuters ကွန်ရက်၏ ဆောင်းပါးအရသိရှိရပါသည်။

Source    https://www.gnlm.com.mm/rubber-price-hits-k1300-per-pound-in-domestic-market/

တင်ပြသူ    ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ခုနှစ်၊ မတ်လ (၂၉) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ