ဖက်ဒရယ်လ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ(၂၃) သန်းဖြင့် ကနေဒါနိုင်ငံရှိ British Columbia မှ စိုက်ပျိုးရေးဆိုင်ရာတင်ပို့မှုကို (၂)ဆတိုးမြင့်နိုင်ရန်ရည်ရွယ်

  • Wed, 29 March 2023

ဖက်ဒရယ်လ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ(၂၃) သန်းဖြင့် ကနေဒါနိုင်ငံရှိ British Columbia မှ စိုက်ပျိုးရေးဆိုင်ရာတင်ပို့မှုကို (၂)ဆတိုးမြင့်နိုင်ရန်ရည်ရွယ်


ကနေဒါ၏ စိုက်ပျိုးထုတ်လုပ်မှုကွင်းဆက်ကို ပိုမိုကောင်းမွန်စေရန်နှင့် ဆိပ်ကမ်းတွင် စောင့်ဆိုင်းမှုများကို လျှော့ချနိုင်စေရန် ရည်ရွယ်ချက်ဖြင့် Surrey အခြေစိုက် စိုက်ပျိုးရေး ထွက်ကုန်များတင်သွင်း၊ တင်ပို့သည့် သင်္ဘောဆိပ်ကမ်းတစ်ခုအတွက် ဖက်ဒရယ်လ်အစိုးရက ရန်ပုံငွေသစ် ဒေါ်လာ (၂၃)သန်းအထိ ထောက်ပံ့မည်ဖြစ်ကြောင်း သောကြာနေ့တွင် ကြေညာ ခဲ့ပါသည်။

သယ်ယူပို့ဆောင်ရေးဝန်ကြီး Omar Alghabra က အမျိုးသားကုန်သွယ်မှုဆိုင်ရာ ရန်ပုံ ငွေအား ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေးထွက်ကုန်များအတွက် ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင် ရေး ရန်ပုံငွေသို့ လွှဲပြောင်းသုံးစွဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ ရန်ပုံငွေဖြင့် ကုမ္ပဏီအား သုံးလမ်းသွား ရထားလမ်းသစ်၊ ကွန်တိန်နာဝန်ချီစက် အသစ်များ၊ မီးရထားသံလမ်းအသုံးပြု၍ ကုန်သယ်သည့် စက်ကိရိယာအသစ်များ၊ သယ်ယူ ပို့ဆောင်ရေးသုံး ကြိုးပတ်စနစ်အသစ်များနှင့် ထုပ်ပိုးကိရိယာများစွာတို့ကို ထည့်သွင်းသုံးစွဲခွင့် ပြုမည်ဖြစ်ပါသည်။

“ဤတိုးတက်မှုများသည် Global Agriculture Trans–Loading ၏ လုပ်ငန်း ဆောင်ရွက် မှုများကို (၂)ဆတိုးတက်လာစေပြီး စိုက်ပျိုးရေးထုတ်ကုန်များနှင့် အစေ့အဆန်များကို သယ်ယူ ပို့ဆောင်ရေးစနစ်အမျိုးမျိုးဖြင့် ပိုမိုထိရောက်စွာ ရွှေ့ပြောင်းသယ်ယူနိုင်ရန် ကူညီပေးနိုင်လိမ့် မည်" ဟု Alghabra မှ ပြောကြားခဲ့ပါသည်။

အဆိုပါစနစ်သည် လုပ်ငန်းစဉ်  နှောင့်နှေးကြန့်ကြာမှုများနှင့် ပိတ်ဆို့မှုများကို လျှော့ချ ပေးမည်ဖြစ်ပြီး စိုက်ပျိုးရေးထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်များသို့ အချိန်နှင့်တပြေးညီ ပိုမို မြန်ဆန်စွာ ရောက်ရှိမည်မှာ အသေအချာပင်ဖြစ်ပါသည်။

အဆိုပါစနစ်ကို အဆင့်မြှင့်တင်ခြင်းဖြင့် ရထားသံလမ်းများပေါ်နှင့် ဆိပ်ကမ်းများတွင် စောင့်ဆိုင်းနေသည့် ကွန်တိန်နာများအတွက် ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်ကာ ပို့ကုန် တင်ပို့မည့် ကြာချိန်ကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း Alghabra က ပြောကြားခဲ့ပါသည်။

အဆိုပါစက်ရုံသည် Surrey မြောက်ဘက်ရှိ Fraser မြစ်တစ်လျှောက်ရှိ မြေ(၅)ဧက ပေါ်တွင်တည်ရှိပြီး ကနေဒါနိုင်ငံအနောက်ပိုင်းရှိ အကြီးဆုံးရထားဘူတာရုံဖြစ်သည့် CN Thornton ရထားလမ်းနှင့် ကပ်လျက်တည်ရှိပါသည်။

"ကျွန်တော်တို့၏ စက်ရုံသည် ကုန်ပစ္စည်းတန်ချိန် (၇၅၀,၀၀၀) မှ  (၁.၅)သန်းသို့ တင်ပို့ နိုင်သည်အထိ လယ်ယာထွက်ကုန်များ တင်ပို့နိုင်သည့် စွမ်းရည်(၂)ဆတိုးနိုင်လာလိမ့်မည်" ဟု Global Agriculture Trans-Loading မှ CEO Johnny Sangha က ပြောကြားခဲ့ပါသည်။

“ကနေဒါဈေးကွက်အတွက် ဒေါ်လာ (၁)ဘီလီယံကုန်သွယ်မှုကို လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုကဲ့သို့ ပြုလုပ်ပေးမှုသည် ကနေဒါလယ်သမားများ၊ ကုန်သည်များ၊ သယ်ယူပို့ဆောင်ရေးကုမ္ပဏီများ၊ ထုတ်ကုန်ရောင်းချသူများ၊ ပြည်ပဝယ်လက်များအတွက် သိသာ ထင်ရှားသော အပြုသဘောဆောင်သည့်ရလဒ်များကို ပေးနိုင်မည်ဖြစ်သောကြောင့် အလွန်ပင် စိတ်လှုပ်ရှားမိပါကြောင်း၊ ဖက်ဒရယ်လစ်ဘရယ် အစိုးရသည် ထိုက်တန်သည့် အရည်အသွေးကို အခြေခံပြုထားသည့် ကုန်သွယ်မှုဆိုင်ရာ ရန်ပုံငွေမှတစ်ဆင့် စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်များ တိုးတက်ကောင်းမွန်လာစေရန် (၂၀၂၈)ခုနှစ်အထိ အမေရိကန်ဒေါ်လာ(၄.၇)ဘီလီယံကို လျာထား ပါသည်။

အစိုးရများ၊ ဌာနေတိုင်းရင်းသားအုပ်စုများ၊ အကျိုးအမြတ်မယူသောအဖွဲ့အစည်းများ နှင့် အကျိုး အမြတ်ရရှိသော အဖွဲ့အစည်းများ၊  ဆိပ်ကမ်းများ၊  လေဆိပ်အာဏာပိုင်များ၊  Crown ကော်ပိုရေး ရှင်းများနှင့် အလယ်အလတ်အဖွဲ့အစည်းများသည် ရန်ပုံငွေအတွက် လျှောက်ထားရန် အရည် အချင်းပြည့်မီကြောင်းကို (၁၇.၃.၂၀၂၃)ရက်နေ့က ဖတ်ရှုခဲ့ရသည့် globalnews သတင်း ဆောင်းပါး မှတဆင့် သိရှိခဲ့ရပါသည်။

Source    https://globalnews.ca/news/9560617/surrey-agriculture-terminal-federal-funding/

တင်ပြသူ    ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ မတ်လ(၂၉) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ