စိုက်ပျိုးရေးထွက်ကုန် တန်ချိန် (၈.၆) သန်း တင်ပို့နိုင်ခဲ့သဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာ ပြည်ပပို့ကုန်တင်ပို့မှုအခြေအနေ(၇.၈%)မြင့်တက်

  • Wed, 5 April 2023

စိုက်ပျိုးရေးထွက်ကုန် တန်ချိန် (၈.၆) သန်း တင်ပို့နိုင်ခဲ့သဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာ ပြည်ပပို့ကုန်တင်ပို့မှုအခြေအနေ(၇.၈%)မြင့်တက်


ကမ္ဘောဒီးယားသည် ယခင်နှစ်က အမေရိကန်ဒေါ်လာ (၅) ဘီလီယံနီးပါး တန်ဖိုးရှိ စိုက်ပျိုးရေးထွက်ကုန် တန်ချိန်ပေါင်း (၈.၆)သန်းကို စျေးကွက် (၇၄)ခုသို့ တရားဝင် တင်ပို့ခဲ့ပြီး ဖြစ်သဖြင့် (၂၀၂၁) ခုနှစ်အတွက် ကြိုတင်လျာထား သတ်မှတ်ထားသည့် တန်ချိန် (၇.၉)သန်း ထက် (၇.၈%)တိုးတက်လာသောကြောင့် စိုက်ပျိုးရေးကဏ္ဍသည် ကမ္ဘောဒီးယားနိုင်ငံအတွက် (၂၀၂၂)ခုနှစ်၊ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP)၏ (၂၂.၂%) ကို ပါဝင်အထောက်အကူ ဖြစ်စေကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဖြစ်သူ Dith Tina ၏ ပြောကြား ချက်အရ သိရှိရပါသည်။

တင်ပို့ကုန်စုစုပေါင်းတွင် ဆန်တန်ချိန် (၆၃၇,၀၀၀) ပါဝင်ပြီး (၂၀၂၁) ခုနှစ်တွင် တင်ပို့ ခဲ့သည့် တန်ချိန်(၆၁၇,၀၀၀)ထက် (၃.၂၃%)ပိုမိုတင်ပို့လာနိုင်ကြောင်း၊ ထို့အပြင် ဆန်အပြင် အခြား လယ်ယာထွက်ကုန်များ တင်ပို့မှုမှာ တန်ချိန်(၅.၇၈)သန်းရှိသဖြင့် (၂၀၂၁)ခုနှစ်တွင် တင်ပို့ခဲ့သည့်တန်ချိန် (၅.၀၁)သန်းထက် တိုးတက်လာကြောင်း Tina ၏ ဝန်ကြီးဌာန နှစ်ပတ်လည် အစည်းအဝေး၌ မှတ်တမ်းတင် ပြောကြားချက်များအား အစည်းအဝေး၏  ကြေညာထုတ်ပြန်ချက်များအရ သိရှိရပါသည်။

ကြိတ်ခွဲပြီးဆန်များ အားလုံးကို တင်ပို့ခြင်းမဟုတ်သဖြင့် တရားဝင်ဆန်တင်ပို့မှု အခြေအနေသည် ဤကိန်းဂဏန်းများအရ တန်ချိန်(၂.၁၂၇-၂.၁၆၃)သန်းဝန်းကျင်သာ ရှိသဖြင့် (၂၀၂၁) ခုနှစ်တွင် တင်ပို့ခဲ့သည့် တန်ချိန် (၂.၂၉၅-၂.၃၂၉)သန်းနှင့် နှိုင်းယှဉ်ပါက ကျဆင်း သွားကြောင်း စာရင်းအချက်အလက်များအရ သိရှိရပါသည်။ တရားဝင်တင်ပို့သည့် ဆန် တင်ပို့မှု အားလုံးနီးပါးကို အိမ်နီးချင်းဗီယက်နမ်နိုင်ငံသို့သာ တင်ပို့လေ့ရှိပါသည်။

နှိုင်းယှဉ်လေ့လာကြည့်ပါက နိုင်ငံတော်၏ အဓိက ဆန်လုပ်ငန်းအစုအဖွဲ့ဖြစ်သည့် ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF)သည် (၂၀၂၂)ခုနှစ် အစောပိုင်းတွင် စပါးတန်ချိန် စုစုပေါင်း (၃.၄)သန်း တင်ပို့ခဲ့ပြီးဖြစ်ပါသည်။

သီးနှံစိုက်ပျိုးထွက်ရှိမှုအခြေအနေသည် တန်ချိန် (၃၄.၇၁) သန်းရှိခဲ့ပြီး အမျိုးအစား တူရာအလိုက် ကဏ္ဍခွဲခြားလိုက်သောအခါ  ဥယျာဉ်ခြံသီးနှံ (တန်ချိန်-၄.၄၂ သန်း)၊ စက်မှုကုန်

ကြမ်းသီးနှံ (တန်ချိန်-၁၈.၆၇ သန်း) နှင့် ဆန် (တန်ချိန်-၁၁.၆၂ သန်း)ဖြစ်ပြီး ၎င်းတို့မှ ကျန်ရှိ သည့်တန်ချိန်(၆.၂၉)သန်းသည် ပိုလျှံတန်ချိန်အဖြစ် ကိုယ်စားပြုကြောင်း Tina က ဆက်လက် ပြောကြားခဲ့ပါသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ လေးပွင့်ဆိုင်ဟန်ချက်ညီ မဟာဗျူဟာအဆင့် (၄) နှင့် စိုက်ပျိုး ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အမျိုးသားမူဝါဒ (၂၀၂၂-၂၀၃၀)တွင် ဖော်ပြထားသည့် အတိုင်း ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ကျေပွန် စွာဖြင့် အရှိန်အဟုန်မြှင့်ကာ ဆောင်ရွက်လျက်ရှိကြောင်း အခိုင်အမာ ထုတ်ပြန်ကြေငြာထား ပါသည်။

(၂၀၂၃)ခုနှစ်တွင် သီးနှံစိုက်ပျိုးမှုစွမ်းရည်မြှင့်တင်ရန်၊ စားနပ်ရိက္ခာဖူလုံရန် နှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေရန်အတွက် ဝန်ကြီးဌာနသည် စွမ်းအင်နှင့် ကုန်ကျစရိတ်ထိရောက်မှု၊ ခေတ်မီနည်းပညာများနှင့်နည်းလမ်းများ၊ မျိုးကောင်းမျိုးသန့်များ အသုံးပြုမှု၊ ထုတ်လုပ်မှုဆိုင်ရာ အခြေခံအဆောက်အဦများ၊ အတိုးနှုန်း နည်းပါးသည့် ချေးငွေ များ၊ ကန်ထရိုက်စနစ်ဖြင့်စိုက်ပျိုးခြင်း၊ စိုက်ပျိုးသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား ချိတ်ဆက်ပေးခြင်း စသည်တို့၌ အပြန်အလှန် အကျိုးရှိစေသည့် ဗျူဟာများအား ချမှတ်ခဲ့ ပါသည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)သည် ကမ္ဘောဒီးယားနိုင်ငံ၏ (၂၀၂၂)ခုနှစ် စုစုပေါင်း‌ဈေးကွက်တန်ဘိုးကို အမေရိကန်ဒေါ်လာ (၂၈.၃၃၀) ဘီလီယံ ခန့်မှန်းခဲ့ပြီး စိုက်ပျိုး ရေးဆိုင်ရာ ပံ့ပိုးကူညီမှုများအတွက် အမေရိကန်ဒေါ်လာ (၆.၂၇၄-၆.၃၀၄)ဘီလီယံ ခွဲဝေ လျာထားပါသည်။

စိုက်ပျိုးရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် စာရင်းများအရ ကမ္ဘောဒီးယားနိုင်ငံ သည် (၂၀၂၁)ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၄.၉၂)ဘီလီယံနီးပါး တန်ဘိုးရှိသည့် လယ်ယာ ထွက်ကုန်များတင်ပို့ခဲ့ရာ ၎င်းတို့အနက်မှ အသိအမှတ်ပြုထောက်ခံချက်ဖြင့် ပေးပို့မှုတန်ဘိုးမှာ (၃.၉၅၈)ဘီလီယံဖြစ်ပြီး ထောက်ခံချက်မပါရှိဘဲ ပေးပို့မှုမှာ (၀.၉၅၉) ဘီလီယံ ဖြစ်ကြောင်း၊ ဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ (၂၀၂၁)ခုနှစ်၊ စိုက်ပျိုးရေး ဆိုင်ရာ ပြည်ပပို့ကုန်များ၏ ပျမ်းမျှတန်ဘိုးသည် တစ်ကီလိုဂရမ်လျှင် (၆၁.၈၃၆-၆၂.၀၃၆)စင့် ဖြစ်ကြောင်း (၂၉. ၃. ၂၀၂၃)နေ့တွင် ထုတ်ပြန် သည့် The Phnom Penh Post သတင်းအရ သိရှိရပါသည်။

Source    https://www.phnompenhpost.com/business/cambodian-agri-exports-rise-78-86m-tonnes

တင်ပြသူ    ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ ဧပြီလ(၅) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ