စိုက်ပျိုးရေးဆိုင်ရာအခြေခံအဆောက်အဦများ၌ တရုတ်ရင်းနှီးမြှုပ်နှံမှုများ ထပ်မံရရှိရန် ဘရာဇီးလ်ကြိုးပမ်း

  • Wed, 5 April 2023

စိုက်ပျိုးရေးဆိုင်ရာအခြေခံအဆောက်အဦများ၌ တရုတ်ရင်းနှီးမြှုပ်နှံမှုများ ထပ်မံရရှိရန် ဘရာဇီးလ်ကြိုးပမ်း


လယ်ယာပို့ကုန်များ ပေါများကြွယ်ဝလျက်ရှိသည့် တောင်အမေရိကနိုင်ငံများအတွက် အရေးပါလှသည့် တရုတ်နိုင်ငံ၏ ထိပ်တန်းအစေ့အဆံ များ ကုန်သွယ်သည့် COFCO ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံရရှိစေရန် ဘရာဇီးလ် နိုင်ငံအနေဖြင့် ကြိုးပမ်းလျက်ရှိသည်ဟု ဘရာဇီးလ်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဖြစ်သူ Carlos Favaro က တနင်္လာနေ့တွင် ပြောကြားခဲ့ကြောင်း Reuter သတင်းဌာန၏ သတင်းထုတ်ပြန် ချက်များအရ သိရှိရပါသည်။

လွန်ခဲ့သောသီတင်းပတ်က ဘေဂျင်းမြို့တွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲ၌ ဝန်ကြီးဖြစ်သူ Favaro သည် ဘရာဇီးလ်နိုင်ငံ၌ ရထားလမ်း နှင့် ရေကြောင်းသွားလာရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံပေးပါရန် နှင့် လယ်ယာမြေလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက်လည်း ဘဏ္ဍာငွေများထောက်ပံ့ပေးပါရန် COFCO ကုမ္ပဏီ ဘုတ်အဖွဲ့သို့ အဆိုပြုခဲ့ကြောင်း သိရှိရပါ သည်။

COFCO ကုမ္ပဏီသည် ဘရာဇီးနိုင်ငံ၏ ပဲပုပ် အဓိကတင်ပို့သည့် Santos ဆိပ်ကမ်း တွင် ရင်းနှီးမြှုပ်နှံထားပြီးဖြစ်သည့်အပြင် အလွန်အမင်းမြင့်တက်လျက်ရှိသည့် တရုတ်နိုင်ငံ၏ ပဲပုပ်ဝယ်လိုအားကို ပြည့်မီအောင် ဖြည့်ဆည်းတင်ပို့နိုင်ရန်အတွက် ၎င်း၏အများဆုံးတင်ပို့နိုင် သော ပမာဏကို တန်ချိန် (၁၄)သန်းအထိ တိုးချဲ့တင်ပို့လျက်ရှိပါသည်။

ထို့အပြင် ဘရာဇီးသည် တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့သူအသစ်လည်းဖြစ်ပါသည်။ ပြီးခဲ့သည့်နှစ် နှောင်းပိုင်းကာလတွင် ဘရာဇီးလ်မှ ရောင်းချသူများအတွက် ဈေးကွက်ဖွင့်လှစ် ရာ၌ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သည့် ပြောင်းတန်ချိန် (၁.၅)သန်းအား တစ်ဦးတည်း ဝယ်ယူပြီး သည့်နောက်တွင် COFCO ကုမ္ပဏီသည် အဓိကကျသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်စေခဲ့ကြောင်း Favaro မှ ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့် သီတင်းပတ်က ဘေဂျင်းသို့ သွားရောက်ခဲ့သည့် စိုက်ပျိုးရေးဝန်ကြီး Favaro ၏ ခရီးစဉ်အတွင်း တရုတ်နိုင်ငံ အကောက်ခွန် အာဏာပိုင်များသည် ဘရာဇီးလ် အသားစက်ရုံသစ် (၄)ခုမှ အသားများအား တရုတ်နိုင်ငံသို့ တင်ပို့ရန် အတည်ပြုခဲ့ပါသည်။    ဘေကျင်းမြို့သို့ ဘရာဇီးသမ္မတ Lula သွားရောက်သောအခါတွင် အသားတင်ပို့ ရောင်းချသည့်စက်ရုံများ၏ အီလက်ထရွန်းနစ် အသိအမှတ်ပြု လက်မှတ်ကိုခွင့်ပြုရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း Favaro မှပြောကြားခဲ့ပါသည်။

ဝန်ကြီးသည် အင်္ဂါနေ့တွင် နိုင်ငံပိုင် ChemChina's Syngenta ဓာတ်ခွဲခန်းများသို့ သွားရောက်လည်ပတ်ရန် နှင့် မျိုးဗီဇပြုပြင်ခြင်းဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ရန် စီစဉ်ထား ရှိကြောင်းကို (၂၈. ၃. ၂၀၂၃) နေ့တွင် ထုတ်ပြန်သည့်  The Pig Site သတင်းဆောင်းပါးအရ သိရှိရပါသည်။

Source    https://www.thepigsite.com/news/2023/03/brazil-courts-chinese-investment-in-agricultural-infrastructure

တင်ပြသူ    ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ ဧပြီလ(၅) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ