မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝါဂွမ်းအရည်အသွေးလျော့ကျ

  • Wed, 25 October 2023

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝါဂွမ်းအရည်အသွေးလျော့ကျ



    ယခုနှစ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဝါဂွမ်းများအစိုဓာတ်ပါဝင်မှုမြင့်မားပြီး ဈေးနှုန်းများ ကျဆင်းခဲ့ပါသည်။ လက်ရှိဖြစ်ပေါ်နေသော ဝါဈေးနှုန်းသည် တစ်ပိဿာ လျှင် ကျပ် (၂,၈၀၀-၃,၀၀၀)အတွင်း ရှိနေပါသည်။ အစိုဓာတ်ပါဝင်မှု မြင့်မားခြင်းသည် ဈေးနှုန်းများကို ကျဆင်း စေပါသည်။

    မုတ်သုံရာသီမတိုင်မီတွင် ဝါဈေးနှုန်းမှာတစ်ပိဿာလျှင် ငွေကျပ် (၃,၅၀၀)နှုန်း ပေါက်ဈေး ရှိခဲ့ပါသည်။ ဝါဂွမ်း ပြင်ပဈေးကွက်သို့ တင်ပို့ရောင်းချနိုင်သောကြောင့် ပြည် တွင်းဈေးကွက်တွင် အများအားဖြင့် ဈေးနှုန်းအမြင့်ဖြင့်ဝယ်ယူနေရပါသည်။

    ဝါများကို မေလနှင့် ဇွန်လတွင် နှမ်းသီးနှံဖြင့် ရောနှောစိုက်ပျိုးလေ့ရှိပါသည်။ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှတဆင့် ကုန်စည်ပို့ဆောင်ရာတွင် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်အရ အချို့သော ကုန်စည်များသည် မူရင်းသက်သေခံလက်မှတ် (Form E) ဖြင့် အကောက်အခွန်သက်သာခွင့်များ ရရှိနိုင်ပါသည်။ နိုင်ငံတကာသို့ ချည်တင်ပို့ရာတွင် အများအားဖြင့် (Form E)ဖြင့် တင်ပို့ခွင့်ပြုပါသည်။ မြန်မာနိုင်ငံ ဝါနှင့်ဝါထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းသည် ပြည်တွင်းသုံးစွဲရန်ဖူလုံပြီး ရည်မှန်းတင်ပို့မှုပမာဏ ရောက်ရှိရန်အတွက် စိုက်ပျိုးမြေ ဧကများ တိုးချဲ့ခြင်းထက် အရည်အသွေးကောင်းမွန်သော ဝါဂွမ်းအထွက်နှုန်းများရရှိစေရန် ဦးစား ပေး ဆောင်ရွက်လျက်ရှိပါသည်။ စပ်မျိုးဝါများ တင်သွင်းမှုအတွက် အစိုးရမှ တာဝန်ရှိသူများကို ကုမ္ပဏီများနှင့် ချိတ်ဆက်ပေးရန် အဆိုပါအသင်းမှ တောင်းဆိုခဲ့ပါသည်။

    လက်ရှိကာလတွင် ပြည်တွင်းအသုံးပြုမှုဖူလုံရန် ဝါဂွမ်းလိုအပ်ချက်မှာ ပိဿာချိန်ပေါင်း (၃၆၃)သန်းဖြစ်သော်လည်း ထုတ်လုပ်မှုနှုန်းမှာ ပိဿာချိန်ပေါင်း (၁၉၈.၇)သန်းသာ ရှိပါသည်။ ထို့ကြောင့် ဝါအထွက်နှုန်းသည် ဝယ်လိုအား၏ ထက်ဝက်သာရှိကြောင်း (၁၉.၁၀.၂၀၂၃) ရက်နေ့တွင် ထုတ်ဝေခဲ့သော  The Global New Light of Myanmar ကွန်ရက်ဆောင်းပါးအရ သိရှိရပါသည်။

Source    https://www.gnlm.com.mm/heavy-rains-lessen-cotton-quality/

တင်ပြသူ    ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ       ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ