ပြည်ပဝယ်လိုအား မရှိသည့်အတွက် မြေပဲလုံးဆန်ဈေးနှုန်းများ ကျဆင်းလျက်ရှိ

  • Wed, 25 October 2023

ပြည်ပဝယ်လိုအား မရှိသည့်အတွက် မြေပဲလုံးဆန်ဈေးနှုန်းများ ကျဆင်းလျက်ရှိ



    ပြည်ပဝယ်လိုအား  မရှိသည့်အတွက် မြေပဲဈေးနှုန်းများ ဆက်လက်ကျဆင်းလျက်ရှိကြောင်း မန္တလေး လက်ကားဈေးကွက်မှတဆင့် သိရှိရပါသည်။ “မန္တလေး လက်ကားကုန်စည်ဒိုင်တွင် ယခု ရက်များအတွင်း မြေပဲလုံးဆန်ဈေးနှုန်းများ သိသိသာသာ ထိုးကျသွားလျက်ရှိသည်ကို တွေ့ရှိရ ပါသည်။ မြေပဲလုံးဆန် အဖြူကိုသာ ပြည်ပဈေးကွက်များသို့ တင်ပို့နိုင်ခဲ့ပါသည်။ ဤမြေပဲ ဈေးနှုန်းသည် ဆီကြိတ်ရာတွင် အသုံးပြုသည့် မြေပဲအသစ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်ပါက ဈေးနှုန်းတူညီနေ ပါကြောင်း” မန္တလေးမြို့ရှိ ဝင်းဝင်းကုန်စည်ဒိုင်မှ ကိုရဲမိုးက ပြောကြားခဲ့ပါသည်။

    လက်ရှိကာလတွင် မန္တလေးမြို့အနီးရှိ ဒေသများမှ ရောင်းချသော မြေပဲလုံးဆန်အသစ် များကို မန္တလေးလက်ကား ကုန်စည်ဒိုင်တွင် တွေ့ရှိရပါသည်။ တရုတ်ဝယ်လက်များဆီမှ ဝယ်လို အားများ နှေးကွေးလျက်ရှိပါသည်။ မန္တလေးလက်ကားကုန်စည်ဒိုင်၌ ဩဂုတ်လ (၁၈)ရက်နေ့တွင် ပြည်တွင်း ပြည်ပဝယ်လိုအား ကောင်းသည့်အတွက် မြေပဲလုံးဆန်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် (၇,၅၅၀)မှ ကျပ်(၁၁,၀၀၀)အထိ ဈေးမြင့်တက်ခဲ့ပါသည်။

    လက်ရှိမြေပဲဈေးနှုန်းများမှာ တစ်ပိဿာ (၁.၆ ကီလိုဂရမ်)လျှင် ကျပ်(၅,၇၀၀)မှ ကျပ် (၆,၅၀၀)အတွင်းရှိသည်ဟု မန္တလေးဈေးကွက်၏ ဈေးနှုန်းစာရင်းအင်းများအရ သိရှိရပါသည်။ လက်ရှိတွင် မြေပဲဈေးကွက်သည် ပြည်တွင်းဆီစက်များနှင့် ဝယ်လက်များအပေါ် မူတည်လျက် ရှိပါ သည်။ “ဈေးကွက်အလားအလာသည် အတော်အတန် အားရဖွယ်မရှိပေ။ ယခုကာလတွင် ပြည်တွင်း ဝယ်လိုအား တစ်ခုတည်းအပေါ်သာ မှီခိုလျက်ရှိသည်” ဟု ကိုရဲမိုးက ၎င်း၏ အမြင်ကို ပြောကြားခဲ့ ပါသည်။ မြေပဲလုံးဆန်ဈေးနှုန်းများ ကျဆင်းလျက်ရှိသော်လည်း မြေပဲဆီဈေးနှုန်းသည် တစ်ပိဿာ လျှင် (၁၅,၀၀၀)ကျပ်အထက်တွင် ရှိပါသည်။

    မြန်မာနိုင်ငံသည် ဆီထွက်သီးနှံ (နှမ်းနှင့် မြေပဲ)များကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိ ပါသည်။ ပြီးခဲ့သည့် (၂၀၂၂)ခုနှစ်၊ ဧပြီလတွင် ကမ္ဘာ့ထိပ်တန်း စားအုန်းဆီတင်ပို့သည့်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် မြန်မာနိုင်ငံသို့ အဓိက ဆီတင်ပို့ရောင်းချသည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး ပြည်တွင်း ဆီပြတ်လပ်မှုကို လျှော့ချရန် စားသုံးဆီတင်ပို့မှုအပေါ် ပိတ်ပင်တားမြစ်ခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ ထို့ကြောင့် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကုန်သွယ်မှုဦးစီးဌာနသည် ပြည်တွင်းဆီဖူလုံမှုရှိစေရန် (၂၀၂၂)ခုနှစ်၊ မေလမှစ၍ ဆီထွက်သီးနှံများ (မြေပဲနှင့် နှမ်း)တင်ပို့မှုကို ယာယီရပ်ဆိုင်း ထားခဲ့ပါသည်။ ကမ္ဘာ့ထိပ်တန်း စားအုန်းဆီ တင်ပို့သည့်နိုင်ငံများသည် ပုံမှန်အခြေအနေအတိုင်း ပြန်လည်ရောက်ရှိလာသည့် အခြေအနေရောက်မှသာ မြန်မာ့စားသုံးဆီသီးနှံတင်ပို့မှုများ ပြန်လည်စတင်ခဲ့ကြောင်း ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကုန်သွယ်ရေးဦးစီးဌာန၏ ကြေညာချက်အရ သိရှိရ ပါသည်။ လက်ရှိ (၂၀၂၃-၂၄)ဘဏ္ဍာရေးနှစ်၊ ဧပြီလ (၁)ရက်နေ့မှစ၍ နှစ်ဝက်အတွင်း ကုန်းလမ်းနှင့် ပင်လယ်ရေလမ်းကုန်သွယ်မှုမှတဆင့် ပြည်ပဈေးကွက်များသို့ အမေရိကန်ဒေါ်လာ (၁၅.၃၁၉)သန်း တန်ဖိုးရှိ မြေပဲလုံးဆန် (၉,၉၀၀)ကီလိုဂရမ်အထက် တင်ပို့ခဲ့ပါကြောင်း (၂၀-၁၀-၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.gnlm.com.mm ၏ သတင်းအချက်အလက်များအရ သိရှိရပါ သည်။

Source    https://www.gnlm.com.mm/lack-of-foreign-demand-drives-peanut-prices-down/#article-title

တင်ပြသူ    ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ        ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်    
စစ်ဆေးသူ        ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ