ပခုက္ကူ ပဲတီစိမ်း (အသစ်) ဈေးနှုန်း ကျဆင်းလျက်ရှိ

  • Tue, 14 November 2023

ပခုက္ကူ ပဲတီစိမ်း (အသစ်) ဈေးနှုန်း ကျဆင်းလျက်ရှိ



    ရန်ကုန် ပဲမျိုးစုံဈေးကွက်တွင် အောက်တိုဘာလ၊ ဒုတိယပတ်၌ ပဲတီစိမ်း (အသစ်) ဈေးနှုန်း သည် တစ်ပိဿာလျှင် (၃,၀၈၀-၃,၂၅၀)ကျပ် ရှိခဲ့သော်လည်း အောက်တိုဘာလ (၂၇)ရက်နေ့တွင် တစ်ပိဿာလျှင် (၂,၈၃၀-၂,၉၂၀)ကျပ်သို့ ကျဆင်းသွားခဲ့ပါသည်။ ပဲတီစိမ်းဈေးနှုန်းသည် တစ်ပိဿာ လျှင် (၂၅၀)ကျပ် ကျဆင်းသွားခဲ့ပြီး လက်ရှိတွင် ပဲတီစိမ်းတစ်တန်လျှင် ကျပ်(၁,၇၀၀,၀၀၀)ခန့် ပေါက်ဈေး ရှိပါသည်။ ယခင်ပေါက်ဈေးနှင့်နှိုင်းယှဉ်ပါက တစ်တန်လျှင် ကျပ် (၁၄၀,၀၀၀)ခန့် ကျဆင်းခဲ့ပါသည်။
    ဈေးကွက်တွင် မတ်ပဲ (RC) ဈေးနှုန်းသည် တစ်တန်လျှင် ကျပ် (၂,၉၁၈,၀၀၀)၊ ပဲစဉ်းငုံ (အနီ) တစ်တန်လျှင် ကျပ်(၄,၀၇၅,၀၀၀)နှင့် ကုလားပဲ တစ်ပိဿာလျှင် (၅,၈၀၀)ကျပ်မှ (၆,၁၀၀) ကျပ်ထိ ပေါက်ဈေးရှိခဲ့ပါသည်။ ၎င်းတို့အထဲတွင် ပဲတီစိမ်းဈေးနှုန်းမှာ အနည်းဆုံး ဖြစ်ပါသည်။ ပခုက္ကူ ပဲတီစိမ်း ဈေးနှုန်းများ ကျဆင်းနေချိန်တွင် ကယန်းရွှေဝါ ပဲတီစိမ်း ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃,၆၃၀)ကျပ်၌ မပြောင်းလဲဘဲ ရှိပါသည်။
    (၂၀၂၃-၂၀၂၄)ဘဏ္ဍာရေးနှစ်၏ ပထမ (၅) လပတ်အတွင်း အမေရိကန်ဒေါ်လာ (၅၈၆) သန်း တန်ဖိုးရှိ ပဲမျိုးစုံတန်ချိန် (၇၂၀,၉၀၀) တင်ပို့ခဲ့ပါသည်။ အဆိုပါ ပို့ကုန်များထဲတွင် အမေရိကန် ဒေါ်လာ (၂၁၄)သန်း တန်ဖိုးရှိ မတ်ပဲ တန်ချိန် (၂၇၉,၃၀၀) နှင့် အမေရိကန်ဒေါ်လာ (၁၄၉)သန်း တန်ဖိုးရှိ ပဲတီစိမ်း တန်ချိန် (၂၂၂,၆၀၀)တို့ ပါဝင်ပါသည်။
    ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့တွင် ပြည်ပသို့ တင်ပို့ခဲ့သည် ပဲမျိုးစုံများ၏ ဈေးနှုန်းများမှာ မတ်ပဲ (RC)တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၁,၀၄၅)မှ (၁,၀၆၅)ထိ၊ ပဲစဉ်းငုံ (အနီ)တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၁,၃၅၀-၁,၃၇၀) နှင့် ဒေသမျိုးပဲတီစိမ်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၇၅၀-၇၇၀)ရှိသည်ဟု သိရှိရပါကြောင်း (၃၁-၁၀-၂၀၂၃) ရက်နေ့တွင် ထုတ်ပြန် ခဲ့သော https://www.gnlm.com.mm ၏ သတင်းအချက်အလက်များအရ သိရှိရ ပါသည်။

Source    https://www.gnlm.com.mm/price-of-new-pakokku-green-gram-plunges/

တင်ပြသူ    ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်    
စစ်ဆေးသူ    ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ