ယခုနှစ်အတွင်း မြန်မာနိုင်ငံမှ Hass ထောပတ်သီးများ ထိုင်းနိုင်ငံသို့ အဓိကတင်ပို့မည်ဖြစ်

  • Wed, 15 November 2023

ယခုနှစ်အတွင်း မြန်မာနိုင်ငံမှ Hass ထောပတ်သီးများ ထိုင်းနိုင်ငံသို့ အဓိကတင်ပို့မည်ဖြစ်


Hass ထောပတ်သီးများကို အသီးမှည့်ချိန် နိုဝင်ဘာလတွင် ထိုင်းနိုင်ငံသို့တင်ပို့ရန် စီစဉ်ထားပြီး ထောပတ်သီး တစ်ကီလိုဂရမ်လျှင် ကြမ်းခင်းဈေး (၆၀၀၀-၁၀၀၀၀)ကျပ်အတွင်း ရရှိရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း အတွင်းရေးမှူး ကိုကျော်စိုးမင်းထံမှ သိရှိရပါသည်။

ရာသီအစတွင် ကြမ်းခင်းဈေးများသည် တစ်ခုနှင့်တစ်ခုမတူကြောင်း၊ ဥပမာအားဖြင့် Amara ထောပတ်သီး၏ စျေးနှုန်းမှာ တစ်ကီလိုလျှင် ငွေကျပ်(၅၀၀၀)ဖြစ်ပြီး Buccaneer မှာ ကျပ် (၄၀၀၀) ဖြစ်သည်။ Hass ထောပတ်သီးနှင့်ပတ်သက်၍ ကြမ်းခင်းဈေးသည် ယခင်လကတည်းက တစ်ကီလိုလျှင် ငွေကျပ် (၄,၀၀၀)ခန့်သာရှိပြီး ယခုရာသီအစတွင် ကြမ်းခင်းဈေးသည် ကျပ် (၆,၀၀၀ -၁၀,၀၀၀) ကြားရှိမည်ဟု မျှော်လင့်ထားကြောင်း ကိုကျော်စိုးမင်းက ပြောကြားခဲ့ပါသည်။

ယခုနှစ် ပြည်တွင်းထောပတ်သီးရာသီအစသည် မနှစ်ကထက် ပိုကောင်းလာနိုင်ကြောင်း၊  ယခင်နှစ်က ထောပတ်သီးဈေးသည် တစ်ကီလိုလျှင် (၂,၅၀၀-၄,၀၀၀)ကျပ်သာရှိပြီး ယခုနှစ်တွင် ကြမ်းခင်းဈေးသည် ကျပ်(၅,၀၀၀) နီးပါးရှိကြောင်း (၉.၁၁.၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော  Global New Light of Myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်။

Source https://www.gnlm.com.mm/myanmar-to-primarily-export-hass-avocados-to-thailand-this-year/#article-title


တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန





ဆက်စပ် သတင်းများ