ပြည်တွင်းဝယ်လိုအားကိုသာ မှီခိုနေရသည့်အတွက် ကြက်သွန်နီဈေးနှုန်းများ ကျဆင်းလာ

  • Tue, 28 November 2023

ပြည်တွင်းဝယ်လိုအားကိုသာ မှီခိုနေရသည့်အတွက် ကြက်သွန်နီဈေးနှုန်းများ ကျဆင်းလာ


ကြက်သွန်နီဈေးကွက်သည် နို၀င်ဘာလလယ်တွင် ပြည်ပဈေးကွက်မရှိခြင်းကြောင့် ပြည်တွင်း ဈေးကွက်အပေါ် မှီခိုနေရခြင်းဖြစ်ပါသည်။ ထို့အပြင် ဘုရင့်နောင်လက်ကားဈေးကွက်ရှိ ရေတမာလမ်း ကြက်သွန် ကုန်စည်ဒိုင်များ၏ အဆိုအရ မိုးကြက်သွန်နီအသစ်များ ရန်ကုန်ဈေးကွက်အတွင်းသို့ မကြာမီဝင်ရောက်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။

ရန်ကုန်ဈေးကွက်အတွင်းရောင်းချမည့် ကြက်သွန်နီကုန်လက်ကျန်များ စုပုံများပြားနေသဖြင့် ဘုရင့်နောင်ဈေးကွက်မှ မိုးကြက်သွန်နီအသစ်များ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချမှုကို အချိန်ဆွဲ ထားရန် အကြောင်းကြားထားကြောင်း ကုန်သည်များကပြောကြားထားပါသည်။

အချို့ဒေသများတွင် ကြက်သွန်နီ ကုန်လက်ကျန် အများအပြားရှိနေခြင်းကြောင့် ဈေးနှုန်း ကျဆင်းသွားနိုင်ပါကြောင်း မြစ်ဝကျွန်းပေါ်ဒေသမှ ကုန်သည်တစ်ဦးကပြောခဲ့ပါသည်။ ရန်ကုန် ဈေးကွက်သို့ နိုဝင်ဘာ ၁၄ ရက်က ကြက်သွန်နီ ပိဿာချိန်ပေါင်း ၉၀,၀၀၀ ခန့် ဝင်ရောက်လာသဖြင့် နွေကြက်သွန်နီ ဈေးနှုန်းမှာ အရွယ်အစားနှင့် ထွက်ရှိရာဒေသအပေါ်မူတည်၍ တစ်ပိဿာလျှင် ကျပ် ၂,၃၀၀ မှ ၃၇၀၀ သို့ ကျဆင်းခဲ့ပါသည်။ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ် ၂၀၀ မှ ၄၀၀ အထိ ကျဆင်းသွားပါကြောင်း သိရှိရပါသည်။

ယခင်နှစ် ကာလတူဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၃,၄၀၀ မှ ၄,၃၀၀ အထိ ဈေး မြင့်တက်ခဲ့ပါသည်။

နိုဝင်ဘာ ၆ ရက်မှ ၁၁ ရက်အတွင်း နေ့စဉ်ရောင်းလိုအားပမာဏမှ ကြက်သွန်နီ ပိဿာချိန်ပေါင်း ၁၅၀,၀၀၀ ရှိကြောင်း၊ နိုဝင်ဘာ ၁၃ ရက်က ကြက်သွန်နီ ပိဿာချိန်ပေါင်း ၁၈၀,၀၀၀ ခန့် ရန်ကုန်သို့ ဝင်ရောက်ခဲ့ပါကြောင်းကို (၁၅-၁၁-၂၀၂၃) ရက်နေ့ထုတ် Global New Light Of Myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်။

Source https://www.gnlm.com.mm/onion-prices-decrease-as-market-shifts-to-solely-rely-on-domestic-demand/


တင်ပြသူ ဒေါ်အေးအေးခိုင်၊စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်

စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ