ပဲစင်းငုံဈေးနှုန်း တစ်တန်လျှင် ကျပ်(၁၀၀,၀၀၀)ကျော် ကျဆင်း

  • Tue, 28 November 2023

ပဲစင်းငုံဈေးနှုန်း တစ်တန်လျှင် ကျပ်(၁၀၀,၀၀၀)ကျော် ကျဆင်း


နိုဝင်ဘာလ (၁၄)ရက်နေ့တွင် ရန်ကုန်ပဲဈေးကွက်၌ RC မတ်ပဲတစ်တန်လျှင် ငွေကျပ် (၂.၉) သန်း နှင့် SQ/RC မတ်ပဲတစ်တန်လျှင် ငွေကျပ် (၃,၁၄၅,၀၀၀)ရှိပြီး ဈေးနှုန်း မြင့်တက်ခဲ့သော်လည်း ပဲစင်းငုံ တစ်တန်လျှင် ငွေကျပ် (၃,၇၅၀,၀၀၀)သို့ရောက်ရှိပြီး ဈေးနှုန်း ကျဆင်းသွားခဲ့ပါသည်။

နိုဝင်ဘာလ(၆)ရက်နေ့မှ (၁၃)ရက်နေ့အထိ RC မတ်ပဲ တစ်တန်လျှင် ငွေကျပ် (၂.၉)သန်း အောက် ရောက်ရှိခဲ့ပြီး နိုဝင်ဘာလ(၁၄)ရက်နေ့တွင် ကျပ်(၂.၉)သန်းအထိ မြင့်တက်ခဲ့ပါသည်။ စက်တင်ဘာလ (၂၉)ရက်နေ့မှ နိုဝင်ဘာလ (၃)ရက်နေ့အထိ ပဲစင်းငုံဈေးမှာ တစ်တန်လျှင် ငွေကျပ် (၄,၀၇၅,၀၀၀) ပေါက်ဈေးရှိခဲ့သော်လည်း နိုဝင်ဘာလ(၆)ရက်နေ့မှ (၁၃)ရက်နေ့အထိ ပဲစင်းငုံဈေးမှာ ကျပ်(၃,၉၀၀,၀၀၀)သို့ ကျဆင်းခဲ့ပါသည်။

ပဲစင်းငုံဈေးသည် နိုဝင်ဘာလ(၁၄)ရက်နေ့က ကျပ်(၃,၇၅၀,၀၀၀)သို့ ကျဆင်းခဲ့ပြီး တစ် ရက်အတွင်း တစ်တန်လျှင် ကျပ်(၁၅၀,၀၀၀) ကျဆင်းခဲ့ပါသည်။ အိန္ဒိယမှ အဓိက ဝယ်လိုအား ဖြစ်သည့် မြန်မာ့ပဲနှင့် ပဲမျိုးစုံဝယ်လိုအားကြောင့် အဆိုပါ ပဲ(၂)မျိုးသည် ယခုလတွင် ဈေးမြင့်နေဆဲ ဖြစ်ပါသည်။ အဆိုပါ ပဲအမျိုးအစား(၂)မျိုး၏ စျေးနှုန်းပြောင်းလဲမှုများသည် (2022)နှင့်(2023)ခုနှစ် ကြားတွင် ထူးခြားသည်ဟု ပဲဈေးနှုန်းလေ့လာသူတစ်ဦးက ပြောသည်။

ဇန်နဝါရီ (၂)ရက်နေ့က RCမတ်ပဲတစ်တန်လျှင် ကျပ်(၁,၆၉၀,၀၀၀)ပေါက်ဈေး ရှိခဲ့ပါသည်။ အောက်တိုဘာလ (၃၁)ရက်နေ့က မတ်ပဲတစ်တန်ဈေးနှုန်းသည် ကျပ် (၂,၉၃၇,၅၀၀)ထိရှိခဲ့ပြီး ယခု ဈေးနှုန်းသည် (၂၀၂၃)ခုနှစ်အတွင်း အမြင့်ဆုံးပေါက်ဈေးအဖြစ် ဆက်လက်ရှိနေသေးကြောင်း သိရှိ ရပါသည်။

ပဲစင်းငုံဈေးသည် ဇန်နဝါရီလ (၂)ရက်နေ့တွင် ကျပ်(၁,၇၅၅,၀၀၀)နှင့် စက်တင်ဘာလ (၈) ရက်နေ့တွင် ကျပ်(၄၁၅၀,၀၀၀)အထိ အမြင့်ဆုံးဈေးသို့ ရောက်ရှိခဲ့သော်လည်း နိုဝင်ဘာလ (၁၄) ရက်နေ့တွင် ကျပ်(၃,၇၅၀,၀၀၀)သို့ ကျဆင်းခဲ့ပါသည်။ ယခုနှစ်တွင် ပဲစင်းငုံဈေး တစ်တန်လျှင် (၂,၉၇၅,၀၀၀)ကျပ်ဖြစ်ပြီး ယခင်(၂၀၂၂)ခုနှစ်၏ ကာလတူဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းမြင့်တက် ခဲ့ကြောင်း (၁၅.၁၁.၂၀၂၃) ရက်နေ့တွင် ထုတ်ဝေခဲ့သော  The Global New Light of Myanmar ကွန်ရက်ဆောင်းပါးအရ သိရှိရပါသည်။

Source https://www.gnlm.com.mm/price-of-pigeon-peas-falls-by-over-k100000/


တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ