တရုတ်နှစ်သစ်ကူးကာလအတွင်း နှမ်းဈေးနှုန်း ပြန်လည်မြင့်တက်

  • Wed, 7 February 2024

တရုတ်နှစ်သစ်ကူးကာလအတွင်း နှမ်းဈေးနှုန်း ပြန်လည်မြင့်တက်



မန္တလေးဈေးကွက်တွင် နှမ်းဈေးနှုန်းများသည် တရုတ်နှစ်သစ်ကူးပွဲတော်ကာလ၌ ပြန်လည် မြင့်တက် လာခဲ့ပါသည်။

ဇန်နဝါရီလ (၁)ရက်နေ့၏ နှမ်းဈေးနှုန်းအသီးသီးမှာ (၄၅)ပိဿာ စမုံမျိုးနှမ်းနက် တစ် အိတ်လျှင် (၃၆၀,၀၀၀)ကျပ်၊ နှမ်းဖြူ တစ်အိတ်လျှင် (၃၅၀,၀၀၀)ကျပ်၊ နှမ်းညို တစ်အိတ်လျှင် (၂၈၀,၀၀၀)ကျပ်၊ နှမ်းနီ တစ်အိတ်လျှင် (၂၉၅,၀၀၀)ကျပ်၊ နှမ်းဝါတစ်အိတ်လျှင် (၂၉၀,၀၀၀)ကျပ်နှင့် ဆောင်းနှမ်း တစ်အိတ်လျှင် (၂၉၅,၀၀၀)ကျပ်ဖြစ်ခဲ့ပြီး ဇန်နဝါရီလ (၂၉)ရက်နေ့၏ နှမ်းဈေးနှုန်း အသီးသီးမှာ (၄၅)ပိဿာ စမုံမျိုးနှမ်းနက် တစ်အိတ်လျှင် (၄၃၀,၀၀၀)ကျပ်၊ နှမ်းဖြူ တစ်အိတ်လျှင် (၃၉၅,၀၀၀ - ၄၂၀,၀၀၀)ကျပ်၊ နှမ်းညို တစ်အိတ်လျှင် (၃၂၀,၀၀၀)ကျပ်၊ နှမ်းနီ တစ်အိတ်လျှင် (၃၃၀,၀၀၀)ကျပ်၊ နှမ်းဝါ တစ်အိတ်လျှင် (၃၃၀,၀၀၀)ကျပ်၊ ပန်းနှမ်း တစ်အိတ်လျှင် (၂၃၅,၀၀၀) ကျပ်နှင့် ဆောင်းနှမ်း တစ်အိတ်လျှင် (၃၆၅,၀၀၀)ကျပ် ဖြစ်သဖြင့် နှမ်းတစ်အိတ်လျှင် (၃၅,၀၀၀-၇၀,၀၀၀) ကျပ်အထိ ဈေးနှုန်း သိသိသာသာ မြင့်တက်လာကြောင်း အထက်ပါ ကိန်းဂဏန်းများအရ သိရှိရ ပါသည်။

ဝယ်လိုအား ခိုင်ခိုင်မာမာရှိခြင်းကြောင့် လက်ရှိ ဈေးကွက်အတွင်း နှမ်းအရောင်းအဝယ်ကို အရှိန်အဟုန်ဖြင့် ရောင်းချလျက်ရှိပါသည်။ နှမ်းကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့လျက် ရှိသည့်အပြင် ဂျပန်၊ ထိုင်း၊ စင်ကာပူ နှင့် တရုတ်တိုင်ပေ စသည့် နိုင်ငံများမှလည်း သိသိသာသာ ဝယ်လိုအား မြင့်တက်လျက်ရှိပါသည်။ ထို့အပြင် ပြည်တွင်း ဆီကြိတ်စက်များနှင့် နှမ်းယို၊ နှမ်းလှော် ကဲ့သို့ နှမ်း အခြေခံ စားသောက်ကုန်လုပ်ငန်းတို့မှလည်း ဝယ်လိုအား အဆက်မပြတ်ရှိနေပါသည်။

မြန်မာနိုင်ငံသည် ဆီထွက်သီးနှံများအနက်မှ တစ်ခုဖြစ်သည့် နှမ်းကို ပြင်ပဈေးကွက်သို့ တင်ပို့ရာတွင် ပင်လယ်ရေကြောင်းလမ်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှတဆင့် တင်ပို့လျက် ရှိပါသည်။

ပြီးခဲ့သည့်နှစ် ဧပြီလတွင် မြန်မာနိုင်ငံ၏ ထိပ်တန်းဆီဖြန့်ချီသည့် ကမ္ဘာ့ထိပ်တန်း စားအုံးဆီ တင်ပို့လျက်ရှိသော အင်ဒိုနီးရှားနိုင်ငံသည် ၎င်းတို့၏ ပြည်တွင်းဆီပြတ်လပ်မှုကို လျှော့ချ ရန်အတွက် ပြည်ပသို့ စားသုံးဆီတင်ပို့ခြင်းကို တားမြစ်ကြောင်း ကြေငြာခဲ့ပါသည်။ ထို့ကြောင့် ဆီဖူလုံမှု ရှိစေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့်  ဆီထွက်သီးနှံများ(မြေပဲနှင့် နှမ်း) တင်ပို့မှုအား မေလ(၉)ရက်နေ့မှ စ၍ ယာယီ ရပ်ဆိုင်းစေခဲ့ပါသည်။

- ၂ -

ကမ္ဘာ့ထိပ်တန်း စားအုန်းဆီ တင်ပို့ရောင်းချမှုအခြေအနေမှာ ပုံမှန်အတိုင်း ပြန်လည် ရောက်ရှိနေပြီဖြစ်သဖြင့် မြန်မာနိုင်ငံ၏ စားသုံးဆီသီးနှံများ တင်ပို့မှုအား ပြန်လည်စတင်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာန၏ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့တွင် ထုတ်ပြန်ထားသည့် ကြေငြာချက် အရ သိရှိရကြောင်းကို (၃၁. ၁. ၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်သည့် Global New Light of Myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်။


Source https://www.gnlm.com.mm/sesame-price-rebounds-during-chinese-new-year/#article-title


တင်ပြသူ ဒေါ်နှင်းရီဝင်း၊  စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန







ဆက်စပ် သတင်းများ