မြန်မာ့သစ်သီးဝလံတင်ပို့မှု ၉ လအတွင်း အမေရိကန်ဒေါ်လာ ၉၆ သန်းကျော်ရရှိ

  • Fri, 16 February 2024

မြန်မာ့သစ်သီးဝလံတင်ပို့မှု ၉ လအတွင်း အမေရိကန်ဒေါ်လာ ၉၆ သန်းကျော်ရရှိ



(၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်၏ ပြီးခဲ့သည့်(၉)လတာကာလအတွင်း မြန်မာ့သစ်သီးဝလံတင်ပို့မှု တန်ဘိုးစုစုပေါင်း အမေရိကန်ဒေါ်လာ (၉၆.၀၆၉)သန်းရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရှိရပါသည်။

ဧပြီလမှ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံမှ ဖရဲ၊ သခွားမွှေး၊ ထောပတ်၊ သရက် နှင့် အခြား သစ်သီးဝလံများကို ပြည်ပကုန်သွယ်မှု မိတ်ဖက်များထံသို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုနှင့် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများမှတဆင့် ပေးပို့ခဲ့ပါသည်။

မြန်မာ့သစ်သီးဝလံများကို အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့သည်။ ပြည်ပသို့တင်ပို့ရန် သတ်မှတ်ထားသော သစ်သီးဝလံ (၂၅)မျိုးရှိသည်။ မြန်မာနိုင်ငံသည် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီနှင့် ကျိုင်းတုံနယ်စပ်များမှတစ်ဆင့် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးကို လုပ်ဆောင်နေသည်။ လက်ရှိတွင် အဆိုပါနယ်စပ်ဖြတ်ကျော်မှုများကို ရပ်ဆိုင်းထားခြင်းကြောင့် မြန်မာနိုင်ငံမှကုန်သည်များသည် မိုင်းလားနယ်စပ်မှတဆင့် ကုန်သွယ်မှုများ ပြုလုပ်လျက်ရှိပါကြောင်းကို (၈. ၂. ၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Global New Light Of Myanmar) သတင်းဆောင်းပါးအရ သိရှိရပါသည်၊၊


Source https://www.gnlm.com.mm/myanmars-fruit-exports-cross-us96m-in-9-months/#article-title

တင်ပြသူ ဒေါ်ဥမ္မာထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်

စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု- ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ