ထိုင်းနိုင်ငံတွင် ကချင်ပြည်နယ်မှထွက်ရှိသည့် ပန်းအာလူးများ ဝယ်လိုအားမြင့်မား

  • Wed, 21 February 2024

ထိုင်းနိုင်ငံတွင် ကချင်ပြည်နယ်မှထွက်ရှိသည့် ပန်းအာလူးများ ဝယ်လိုအားမြင့်မား



ကချင်ပြည်နယ်မှ ထွက်ရှိသော ပန်းအာလူးများကို ထိုင်းနိုင်ငံမှ ကြိုတင်မှာယူမှု အများ အပြားရှိနေကြောင်း မိုးညှင်းမြို့နယ်ရှိ ပန်းအာလူးကုန်သည်များထံမှ သိရှိရပါသည်။

ပြည်ပဈေးကွက်အနေဖြင့် ယခုနှစ်တွင် ထိုင်းနိုင်ငံမှ ကြိုတင်မှာယူမှု အများအပြားရှိနေ ကြောင်း၊ မြဝတီ-ထိုင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ကြိုတင်မှာယူကြကြောင်း၊ ယခင်နှစ်ကပင် ကြိုတင်မှာယူမှုများ ရှိခဲ့သော်လည်း ယခုနှစ်ဝယ်ယူမှုမှာ ပိုမိုများပြားသည့်အတွက် ပန်းအာလူးသည် ပြည်ပဈေးကွက်တွင် ပိုမိုဈေးကွက်ဝင်ကြောင်း၊ ကချင်ပြည်နယ် မုံရွာမြို့နယ်ရှိ ပန်းအာလူး ကုန်သည် တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

မြန်မာအာလူးဟုခေါ်သော ပန်းအာလူး၏ အရောင်မှာ ပန်းရောင်ဖြစ်ပြီး ကျန်းမာရေး အတွက် ကောင်းမွန်သင့်လျှော်ကြောင်း၊ အဓိကအားဖြင့် ၎င်းကို ကချင်ပြည်နယ်တွင် စိုက်ပျိုး ကြောင်း၊ ပြည်တွင်းဈေးကွက်၌လည်း ပန်းအာလူး ပိုမိုရောင်းချလာရကြောင်း၊ ပန်းအာလူးကို (၂) ကြိမ်ခွဲ၍ တူးဖော်ရကြောင်း၊ ပထမအကြိမ်တူးဖော်ထားသော ပန်းအာလူးများမှာ လက်ကျန် မရှိ တော့ကြောင်း၊ တပေါင်းလနောက်ပိုင်းတွင် နောက်တစ်ကြိမ်ပြန်လည်၍ တူးဖော်နိုင်မည် ဖြစ်ကြောင်း တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

ပန်းအာလူးသည် တရုတ်အာလူးကဲ့သို့ အရွယ်အစားမကြီးဘဲ ၎င်းကို အသုပ်ပြုလုပ်၍ ဖြစ်စေ၊ ကြော်၍ဖြစ်စေ၊ ထောင်း၍ဖြစ်စေ စားသုံးနိုင်ပါသည်။ မိုးညှင်းမြို့နယ် ပန်းအာလူးဈေးကွက် အရ လက္ကားဈေးနှုန်း အသီးသီးမှာ အရွယ်အစား အကြီးအသေး ရောနှော တစ်ပိဿာလျှင် (၂၅၀၀-၂၇၀၀)ကျပ်၊ အရွယ်အစား အသေးတစ်ပိဿာလျှင် (၂၅၀၀)ကျပ်နှင့် အရွယ်အစား အကြီးတစ်ပိဿာ လျှင် (၃၀၀၀)ကျပ် ဝန်းကျင်ဖြစ်ကြောင်းကို (၁၅. ၂. ၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်သည့် Global New Light of Myanmar သတင်းအရ သိရှိရပါသည်။ 

Source https://www.gnlm.com.mm/kachin-red-potato-in-high-demand-in-thailand/


တင်ပြသူ ဒေါ်နှင်းရီဝင်း၊  စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁)ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ