မြန်မာနိုင်ငံ၏ ဒေသထွက်ကော်ဖီများ ပြည်တွင်းနှင့် ပြည်ပဈေးကွက်(၂)ခုလုံးတွင် ဝယ်လိုအားမြင့်တက်နေ

  • Mon, 4 March 2024

မြန်မာနိုင်ငံ၏ ဒေသထွက်ကော်ဖီများ ပြည်တွင်းနှင့် ပြည်ပဈေးကွက်(၂)ခုလုံးတွင် ဝယ်လိုအားမြင့်တက်နေ



မြန်မာနိုင်ငံပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသော ကော်ဖီဝယ်လိုအားမှာ ပြည်တွင်းနှင့်ပြည်ပ ဈေးကွက် (၂)ခုလုံးတွင် မြင့်တက်နေကြောင်း ကော်ဖီစိုက်ပျိုးသူများထံမှ သိရှိရပါသည်။

ပြည်တွင်းနှင့်ပြည်ပ ဈေးကွက်နှစ်ခုလုံးတွင် ကော်ဖီရောင်းလိုအားနှင့် ဝယ်လိုအားပါ တိုးတက်လာသောကြောင့် သီးနှံဈေးကွက် ကောင်းမွန်လျက်ရှိပါသည်။ ယခုအခါ သန့်စင်ထားသော ကော်ဖီထက် အခွံခွာထားသော ကော်ဖီသီးမှည့်များသည် ကုန်ကြမ်းဈေးကွက်တွင် ဈေးနှုန်းကောင်းမွန် လျက်ရှိပါသည်။ အခြောက်လှန်းပြီး အခွံခွာထားသည့် ကော်ဖီသီးများကို နောက်နှစ်အတွက် သိုလှောင် ထားပါသည်။ ယခုအချိန်သည် ဈေးနှုန်းကောင်းပြီး ရောင်းအားလည်း ကောင်းပါတယ်” ဟု KK မေမြို့ သဘာဝနှပ်ဖျော်ကော်ဖီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် အာရေဗီကားကော်ဖီကို အဓိက စိုက်ပျိုးပြီး မြန်မာ့ကော်ဖီသည် (၂၀၁၉) ခုနှစ်မှစတင်၍ ပြည်တွင်းနှင့်ပြည်ပဈေးကွက်နှစ်ခုလုံးတွင် ရေပန်းစားလာခဲ့ကြောင်း ကော်ဖီစိုက်ပျိုး သူများနှင့် ထုတ်လုပ်သူများထံမှ သိရှိရပါသည်။

တင်ပို့သည့်ဈေးကွက်တွင် ဗီယက်နမ်နိုင်ငံ၏ ဝယ်လိုအားသည် ကောင်းမွန်လျက်ရှိပါသည်။ (၂၀၁၉)ခုနှစ်မှ ပြုလုပ်ခဲ့သောသုတေသနများအရ ပြည်ပနိုင်ငံများမှ ဝယ်လိုအားသည် သိသိသာသာ မြင့်တက်လာပါသည်။ ထို့ပြင် ကော်ဖီစိုက်ပျိုးခြင်းအတွက် နိုင်ငံတော်အဆင့်မှ ပံ့ပိုးကူညီလျက် ရှိပါသည်။ မြန်မာ့ကော်ဖီသည် နိုင်ငံတကာဈေးကွက်တွင် လူကြိုက်များ ရေပန်းစားလာပါသည်။ ကော်ဖီ အရည်အသွေးလည်း မြင့်မားလာသဖြင့် လူကြိုက်များလာသည်နှင့်အမျှ ကော်ဖီကဏ္ဍ သည်လည်း တိုးတက်လာပါသည်။

မြန်မာနိုင်ငံတွင် ရွာငံနှင့်မြိတ်ဒေသတို့မှ ထွက်ရှိသော ကော်ဖီမျိုးကွဲများစွာရှိပြီး အာရေ ဗီကား ကော်ဖီကို အဓိကထား စိုက်ပျိုးကြပါသည်။ အာရေဗီကားကော်ဖီ၏ ဈေးနှုန်းမှာ တစ်ကီလိုလျှင် (၂၈,၀၀၀)ကျပ်ဖြစ်ပြီး  နိုင်ငံတကာ ဈေးကွက်တွင် အာရေဗီကားကော်ဖီသည် အလွန် ရေပန်းစားနေ ကြောင်းကို (၂၁. ၂. ၂၀၂၄) ရက်နေ့က ဖတ်ရှုခဲ့ရသည့် Global New Light of Myanmar ၏ သတင်းဆောင်းပါးမှတဆင့် သိရှိခဲ့ရသည်။

Source https://www.gnlm.com.mm/myanmars-locally-grown-coffee-demand-rises-in-both-local-and-foreign-markets/


တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၈) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ